အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်္ကာပူမှာ တွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေး အပြီး တနှစ်တိတိ ကြာလာပြီးတဲ့နောက် နျူကလီးယားအရေး သဘောတူညီချက်တခုရဖို့ အရင်ကထက် ပိုဝေးလာပုံရပါတယ်။ William Gallo ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
နိုင်ငံရေးပြိုင်ဘက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်ပ နိုင်ငံတခုဆီကနေ ရတယ်ဆိုရင်တောင်မှ ယူမှာပဲလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ABC ရုပ်သံနဲ့ ဗုဒ္ဓဟူးနေ့ အင်တာဗျူးတခုမှာ ပြောလိုက်တဲ့အပေါ် ဒီမိုကရက်တွေက အပြင်းအထန် ဝေဖန်နေပြီး ရီပတ်ဘလီကန်တွေလည်း အံ့အားသင့်ကုန်ကြပါတယ်။
ဟောင်ကောင်ကျွန်းနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ လက်ရှိအခြေအနေပေါ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်မယ် လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ Trump ဘယ်ဘက်ကမှ ရပ်ပြီးမပြောပေမယ့် လွှတ်တော်အမတ်တွေကြား စိုးရိမ်ချက်တွေ ရှိနေပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Joe Biden တို့ဟာ အင်္ဂါနေ့က အိုင်အိုဝါပြည်နယ်မှာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးကြပါတယ်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်မယ်လို့ Biden ကြေညာလိုက်ချိန်ကတည်းက သူတို့နှစ်ယောက်ကြား အပြန်အလှန် ဝေဖန်နေကြတာပါ။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
ကမ္ဘာတဝန်းမှာ နေ့စဉ် လူပေါင်း တသန်းကျော်ဟာ ကုသလို့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ရောဂါတွေ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသား အမျိုးသမီးတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတယ်ဆိုတာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်လိုက်ပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ ဗြိတိန်ခရီးစဉ် ပထမဆုံးနေ့မှာ အဲလိဇဘက် ဘုရင်မကြီးက Buckingham နန်းတော်မှာ ညစာနဲ့ တည်ခင်းဧည့်ခံတာအပါအဝင် ခမ်းနားထည်ဝါမှုအပြည့် ရှိခဲ့ပါတယ်။ ဗွီအိုအေရဲ့ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara လန်ဒန်ကနေ ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အမေရိကန်နိုင်ငံသားတွေက ရုရှားကလေးတွေကို မွေးစားတာ ပိတ်ပင်တားမြစ်တဲ့ Dima Yakovlev ဥပဒေ ရုရှား နိုင်ငံမှာ ပြဌာန်းခဲ့တာ ခြောက်နှစ်ကျော်သွားပါပြီ။ ဒီဥပဒေက ရုရှားနိုင်ငံသားတွေရဲ့ဘဝနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို ပြောင်းလဲစေခဲ့ပါသလဲ။ Igor Tsikhanenka ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကမ္ဘာမှာ ကြံ့ကောင်ရေ အများဆုံးရှိတဲ့ တောင်အာဖရိကနိုင်ငံဟာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်မှုဒဏ် အဆိုးဆုံးခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း တရားမဝင် တောရိုင်း ဖမ်းဆီး သတ်ဖြတ်မှု အဆ ၉၀၀၀% ထိ တိုးသွားခဲ့ပါတယ်။
ဂျနီဗာမှာအင်္ဂါနေ့ကကျင်းပတဲ့လက်နက်ဖျက်သိမ်းရေးဆိုင်ရာကွန်ဖရင့်မှာ အလှည့်ကျဥက္ကဌအဖြစ် ဗင်နီဇွဲလားနိုင်ငံ ဖြစ်လာတာကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ဆက်မတက်ဘဲ သပိတ်မှောက် ထွက်ခွာသွားပါတယ်။ နိုင်ငံခြားရေးဌာနဆိုင်ရာVOAသတင်းထောက် Cindy Saineသတင်းလွှာကို ကိုကျော်ကျော်သိန်းပြောပြပါမယ်။
ဥရောပသမဂ္ဂ EU လွှတ်တော်အမတ် ၇၅၁ ယောက်ကို ရွေးကောက်တင်မြှောက်ဖို့ မဲဆန္ဒရှင်တွေနဲ့အတူ ဥရောပ ခေါင်းဆောင်တွေ မဲပေးကြပါတယ်။ မဲပေးခွင့်ရှိသူ သန်း ၄၀၀ နီးပါးရှိပြိး မဲပေးသူအရေအတွက်ဟာလည်း နှစ်ပေါင်း ၂၀ အတွင်း အများဆုံးဖြစ်ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပါမယ်။
Silicon Valley ဟာ အမေရိကန် ဆန်းသစ်တီထွင်မှုရဲ့ အဓိကဗဟိုချက်တခုအဖြစ် နှစ်ပေါင်းများစွာ ရှိလာတာပါ။ အခုဆိုရင် အဆင့်မြင့်နည်းပညာလုပ်ငန်းဟာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုမှာ အာရုံစိုက်ခံလာနေရတာ ကြောင့် အဲဒီမှာအခြေစိုက်တဲ့ ကုမ္ပဏီတွေအနေနဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာ ဘယ်လိုလုပ်ရမယ်ဆိုတာ နားလည်ဖ
Trump နဲ့ ကွန်ဂရက်လွှတ်တော်ကဒီမိုကရက်ခေါင်းဆောင်တွေကြား အခြေခံအဆောက်အအုံဆိုင်ရာဗုဒ္ဓဟူးနေ့ အစည်းအဝေးမအောင်မြင်ခဲ့ပါဘူး။လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားဆီးဖို့ သမ္မတက ဖုံးကွယ်နေတယ်လို့ စွပ်စွဲတဲ့အပေါ် Trump က အပြင်းအထန်တုံ့ပြန်ပါတယ်။ Patsy Widakuswara ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Pat Shanahan ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရွေးချယ်လိုက်ပါတယ်။ ပန်တဂွန်စစ်ဌာနချုပ် ဆိုင်ရာ ဗွီအိုအေသတင်းထောက် Carla Babb ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အမေရိကန်နဲ့ အီရန်အကြား ပိုတင်းမာလာနေချိန်မှာပဲ နောက်ထပ် တင်းမာမှုတွေကို ရှောင်ရှားကြဖို့ နှစ်ဘက် စလုံးကို ဥရောပက တိုက်တွန်းနေပါတယ်။ အီရန်ဘက်က တုန့်ပြန်ချက်ဟာ ဒေသတွင်းအတွက် အန္တရာယ်ကြီးတဲ့ အကျိုးဆက်တွေ ဖြစ်လာမလား ဆိုတာဥရောပက စိုးရိမ်နေပါတယ်။ Henry Ridgwell ရဲ့သတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အခွန်တွေကို အမေရိကန်ကုန်တင်သွင်းသူတွေက ပေးရမယ်လို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow ကပြောပါတယ်။ ဒါဟာ ဒီအခွန်တွေကို တရုတ်က ပေးရမှာလို့ သမ္မတ Trump ပြောတာနဲ့ ကွဲလွဲနေတဲ့အကြောင်း Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါ မယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း ဒေါ်လာ ၁.၂ ဘီလီယံ အခွန်ဌာန ကို အရှုံးပြခဲ့တယ်လို့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ Donald Trump ဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်းဒေါ်လာ ၁.၂ ဘီလီယံ အခွန်ဌာန ကို အရှုံးပြခဲ့တယ်လို့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် အဲဒီနှစ်ကာလ အများစုမှာ သူဟာ ဝင်ငွေခွန် မပေးခဲ့ရပါဘူး။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဟာ မြေပြိုတာနဲ့ ရေကြီးတဲ့ဒဏ်တွေကို ခံနိုင်ရည်မရှိဘူးလို့ ကုလအကူအညီပေးလုပ်သားတွေကပြောပါတယ်။ လက်ရှိဆိုင်ကလုန်းမုန်တိုင်းရာသီရောက်နေသလို နောက်လကစပြီးမုတ်သုန်ရာသီထဲဝင်တော့မှာပါ။ Cox’s Bazar ကနေ Dave Gaunebaum ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
အစ္စရေးလ်တပ်ဖွဲ့တွေနဲ့ ဂါဇာက ဟားမာ့စ်လက်နက်ကိုင်တွေကြား ပြီးခဲ့တဲ့ရက်တွေအတွင်း အပြန်အလှန် ပစ်ခတ် တိုက်ခိုက်တာကြောင့် လူသေဆုံးတာတွေရှိခဲ့ပြီးတဲ့နောက် အီဂျစ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြပါပြီ။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်