စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံအတွက် အခြေခံဥပဒေသစ် မူူကြမ်းရေးဆွဲရေး ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရပြီး အဆုံးသတ်သွားတယ်လို့ ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ သီတင်းငါးပတ်ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ပါလီမန်ကို ဗုဒ္ဓဟူးနေ့က ဖျက်သိမ်း လိုက်ပါတယ်။ နှစ်ကုန်ပိုင်း အားလပ်ရက်ကာလမတိုင်ခင် ကျင်းပမယ့် ဗြိတိန် အထွေထွေရွေးကောက်ပွဲတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးထွားလာနေတာက အဓိကကိစ္စရပ်တခုဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
(Zawgyi/ Unicode) အီရတ်မှာ ဆန္ဒပြသူတွေက အီရန်နိုင်ငံဥသျှောင်ရဲ့ ပုံတူအရုပ်တွေကို မီးတင်ရှို့ကြသလို Karbala မြို့က အီရန် ကောင်စစ်ဝန်ရုံးကိုလည်း မီးတင်ရှို့ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် အိမ်နီးချင်း အီရတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နှစ် ၄၀ ကြာ အီရန်ရဲ့မူဝါဒဟာလည်း ထိခိုက်လာနေပုံရပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲဆိုဖို့ စုံစမ်းစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က အောက်လွှတ်တော်မှာ မဲခွဲပြီးတော့ ဆုံးဖြတ်ချက်တရပ် ချလိုက်ပါတယ်။
( Zawgyi/ Unicode )
မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ဒုက္ခသည်တွေအရေးကို တောင်အာရှဒေသပေါ် သက်ရောက်နေတဲ့ ကိစ္စရပ်တွေထဲကတခုအဖြစ် အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တဦးက သတ်မှတ်ပြောဆိုပါတယ်။
ဒီသီတင်းပတ် ဟောင်ကောင်ဆန္ဒပြပွဲတွေကိုကြည့်ရင် နှစ်ဘက်လုံးက ရှေ့ဆက်တိုးနေကြတယ်ဆိုတာ တွေ့ခဲ့ရပြီး တဲ့နောက် သီတင်းပတ်ကုန်ဆန္ဒပြပွဲ အကြိမ် ၂၀ မြောက်တော့မှာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူကတော့ အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed ပါ။ ကင်ညာနိုင်ငံမှာ နေထိုင်နေကြတဲ့ အီသီယိုးပီယားနိုင်ငံဖွားတွေက သူတို့ခေါင်းဆောင်ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာနေကြ ပေမယ့် တိုင်းပြည် တည်ငြိမ်ပြီး ညီညွတ်အောင် သူ့ကိုလုပ်စေချင်ကြပါတယ်။
သမ္မတ Donald Trump ကို တရားစွဲဆိုရေး ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးနေကြပါ တယ်။ သမ္မတဟာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် အာဏာလွဲသုံးစားလုပ်တယ်လို့ အစိုးရ အတွင်းသတင်းပေးတယောက်က စွပ်စွဲပြီးတဲ့နောက် အခုလို စုံစမ်းစစ်ဆေးနေတာပါ။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက ကာ့ဒ်ပစ်မှတ်တွေကို တူရကီစစ်ဘက်က ဗုဒ္ဓဟူးနေ့မှာ စတင် တိုက်ခိုက်လိုက်တာ နဲ့အမျှ အဲဒီဒေသမှာ စစ်ဘေးကြီး ကျရောက်နေပါပြီ။ ဒီဖြစ်ရပ်အပေါ် အမေရိကန်က ကိုယ့်ရဲ့ အခိုင်အမာ မဟာမိတ် ကာ့ဒ်တွေ အပေါ် သစ္စာဖောက်လိုက်တာ အဖြစ် အာရပ်ဘ်နိုင်ငံတွေက လေ့လာသူတွေက မြင်ပါတယ်။
အောက်တိုဘာ ၆၊ ၂၀၁၉ - ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက အမှန်တကယ် ရခိုင်ပြည်နယ်မှာ နေထိုင်သွားခဲ့တယ်ဆိုတာ စိစစ်တွေ့ရှိရသူအားလုံးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့အတွက် အမြဲကြိုဆိုနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ထပ်ပြီးအာမခံပြောဆိုပါတယ်။ မြန်မာနိုင်ငံကလည်း ကြိုဆိုနေတယ်၊ ဘင်္ဂလားဒေ
ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ ပြန်ပို့ရေးမှာ ကြုံနေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက တကယ်တမ်းသိပါရဲ့လား၊ ဖြစ်နေတဲ့အခြေအနေနဲ့ လုပ်ကိုင်နေတာတွေက မြန်မာအစိုးရရဲ့ အားနည်းတဲ့ချေပမှုတွေကြောင့် သံတမန်ရေးရှုံးနိမ့်နေပါသလား။ ဝန်ကြီးဦးကျော်တင်ကို နယူးယောက်မြို့မှာ ကိုကျော်ကျော်သိန်း မေးမြန်းထားပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲဖို့ စုံစမ်းစစ်ဆေးနေတာ တဖြည်းဖြည်း အရှိန်ရလာနေပြီး ဒီအပေါ် ထောက်ခံမှု တိုးလာနေတဲ့ကြားမှာပဲ သမ္မတကို ထောက်ခံသူတွေကတော့ သူ့ဘက်မှာ အခိုင်အမာ ဆက်ပြီး ရပ်တည်နေကြဆဲ ပါ။
မတူညီတဲ့အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ရတာ ဘာကွာခြားသလဲ ဒီမေးခွန်းအပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။
Washington Post ဆောင်းပါးရှင် ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံရတာ တနှစ်ပြည့်သွားပါပြီ။ သမ္မတ Trump ကတော့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ အိမ်ရှေ့မင်းသား Mohammed bin Salman တို့ရဲ့ မဟာမိတ်အဖြစ် အခိုင်အမာဆက်ရှိနေဆဲပါ။ ဒီအကြောင်း Cindy Saine ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အစိုးရက ဘာ့ကြောင့် လက်မခံတာလဲ ဒီမေးခွန်းအပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့် အထွေထွေညီလာခံ မတက်တာလဲ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဆောင်ရွက်နေတာမှာ ရခိုင်အရေးဟာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ဝန်ကြီးဦးကျော်တင်ကို နယူးယောက်မြို့မှာ ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဆောင်ရွက်နေတာမှာ ရခိုင်အရေးဟာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက် ညနေပိုင်း မိန့်ခွန်းပြောကြားရာမှာ ရခိုင်အရေးကိစ္စကို အတော်လေး အချိန်ယူ ပြောကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်