၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မနေ့ သောကြာနေ့မှာ ယေဘုယျသဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့မှာလည်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံကိုယ်စား အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ကုလသမဂ္ဂ Global Compact အဖွဲ့က ရွေးချယ်ချီးမြှင့်တဲ့ ဒီနှစ်အတွက် Sustainable Development Goals Pioneer ဆုကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေထဲက ပထမဆုံး ရွေးချယ်ချီးမြှင့်ခံရတဲ့ ကိုဇော်ရဲနောင်ဟာ ရွှေတောင်ညိုကြီး ကုမ္ပဏီလီမိတက်ကို ပူးတွဲ တည်ထောင်သူတဦးပါ။
အခုအချိန်အထိ မိန့်ခွန်းပြောသွားကြတဲ့ ခေါင်းဆောင်တွေထဲမှာ မြန်မာပြည်က ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေ ဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အခြေအနေတွေ စသည်အားဖြင့် အဲဒီအခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သတိထားမိသလောက် တော်တော်လေးပြောသွားတဲ့အထဲမှာ မလေးရှားဝန်ကြီးချုပ် ပြောသွားတာ ရှိပါတယ်။
လာမယ့်သီတင်းပတ်အတွင်း ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်နဲ့အီရန်ကြား တင်းမာမှု မြင့်မားနေတဲ့ကိစ္စက လွှမ်းမိုးထားဖွယ်ရှိပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေထဲမှာ မက်ဆက်ချူးဆက် ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren ဟာ ထိပ်မှာရှိနေတဲ့ ဒုသမ္မတဟောင်း Joe Biden နောက် ဒုတိယနေရာကို ရောက်လာတယ်ဆိုတာ လူထုစစ်တမ်းအသစ်တခုမှာ တွေ့ရပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံလုပ်ငန်းနေရာနှစ်ခုကို စနေနေ့ကတိုက်ခိုက်မှုဟာ အီရန် လက်ချက် အဖြစ်နိုင်ဆုံးပဲဆိုတဲ့ သတင်းတွေရပြီးတဲ့နောက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ သမ္မတ ထရမ့်ပ်က ညွှန်ကြားလိုက်ပါတယ်။ ဒီအကြောင်း Zlatica Hoke ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ လူမျိုးရေးခွဲခြားမှုပါတဲ့ ပြောစကားတွေနဲ့အတူ လူမျိုး အသီးသီးအလိုက် နိုင်ငံရေးမှာပါ မတူကွဲပြားတာကနေ အမေရိကန်နိုင်ငံသား ဖြစ်တယ်ဆိုတာက ဘာအဓိပ္ပါယ်လဲဆိုတဲ့အပေါ် ငြင်းခုန် ဆွေးနွေးတာတွေ ပြန်ဖြစ်လာပါတယ်။
တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ အမျိုးသမီးငယ်တွေဟာ လူမှောင်ခိုကူးခံရမှာ၊ အတင်းအဓမ္မ အိမ်ထောင်ပြုခိုင်းခံရတဲ့အခြေအနေတွေနဲ့ကြုံရဖို့ ပိုပြီး အကာအကွယ်မဲ့ဖြစ်ရပါတယ်။ Steve Sandford ကချင်ပြည်နယ်ကနေ သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ မြေယာဆုံးရှုံးရတာ၊ အိုးအိမ်စွန့်ထွက်ပြေးရတာနဲ့ မိသားစုတွေ တကွဲတပြား ဖြစ်ရတာတွေကနေ နေထိုင်စားသောက်ရေး အခက် တွေ့ကြရပါတယ်။
စက်တင်ဘာ ၁၅၊ ၂၀၁၉ - ဗုဒ္ဓအဆုံးအမ အစဉ်အလာတွေအရ သံဃာတော်တွေ နိုင်ငံရေးမှာပါဝင်တာဟာ သင့်တော်တယ်လို့ မြင်ကြောင်း ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလက မိန့်ကြားပါတယ်။
ဒီမိုကရက်ပါတီကိုယ်စားပြု သမ္မတဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ တတိယအကြိမ် စကားစစ်ထိုးပွဲကို ကြာသပတေးနေ့ က တက္ကဆက်စ်ပြည်နယ်၊ Houston မြို့မှာ ကျင်းပပါတယ်။
ABC ရုပ်သံသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်တဲ့ ဒီစကားစစ်ထိုးပွဲဟာ ထိပ်တန်း ဒီမိုကရက် သမ္မတကိုယ်စားလှယ် လောင်းတွေ အားလုံးပါတဲ့ ပထမဆုံးပွဲဖြစ်ပြီး တဦးနဲ့တဦး အပြန်အလှန် ဝေဖန် ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံဟာ တခြားသူတွေရဲ့ ဘာသာတရားနဲ့ ယုံကြည်မှုအပေါ် ပြည်သူအများက အစဉ်အလာအားဖြင့် လေးစားတန်ဖိုးထားတဲ့ နိုင်ငံဖြစ်ကြောင်း မကြာသေးခင်က ဝါရှင်တန်မြို့တော်ကိုကြွလာတဲ့ ဒယ်အိုးဆရာတော လို့လူသိများတဲ့ ဆရာတော် ဥုးသုမင်္ဂလက မိန့်ပါတယ်။ ဆရာတော်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း လျှောက်ထားပါတယ်။
တိုင်ဝမ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးဟာ ဘယ်တုန်းကနဲ့မှမတူအောင် သိပ်ကောင်းနေပေမဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ရိုက်ခတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေတော့ ရှိနေပါတယ်။ Bill Gallo ပေးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကိုဆွေဝင်းဟာ လွတ်လပ်ပြီးကျင့်ဝတ်သိက္ခာနဲ့ကိုက်ညီတဲ့ လူမှုဘဝတွေအကြောင်း ထဲထဲဝင်ဝင် ဖော်ထုတ်ရေးသားတဲ့ စာနယ်ဇင်းပညာကိုလက်ကိုင်ပြုပြီး တရားမျှတမှုနဲ့ ၏အမှန်တရားကို ရှာဖွေရာမှာ မဆုတ်မနစ် ကြိုးပမ်းခဲ့သူဖြစ်တာကြောင့် ဒီဆုကိုချီးမြှင့်တာလို့ Ramon Magsaysayဆု ဖောင်ဒေးရှင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
အမေရိကန်နဲ့အီရန်ကြား ဆက်ပြီး တင်းမာနေတဲ့ကြားမှာပဲ သမ္မတ ထရမ့်ပ်ကတော့ အီရန်နဲ့ စေ့စပ် ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေရှိတုန်းပဲလို့ ယူဆကြောင်း ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန်က အီရန်ကို ဗုဒ္ဓဟူးနေ့ကပဲ ဒဏ်ခတ် အရေးယူမှု ထပ်ချခဲ့ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန်မှာ TPS လို့ခေါ်တဲ့ ယာယီအကာအကွယ်ပေးအဆင့်နဲ့ လက်ရှိနေထိုင်နေသူ ၃ သိန်းကျော်ရှိပါတယ်။ သူတို့မိခင်နိုင်ငံတွေမှာ အန္တရာယ်မကင်းဘူးလို့ ယူဆရတဲ့ နိုင်ငံသားမဟုတ်သူတွေကို အမေရိကန်မှာ နေထိုင်လုပ်ကိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုပိုတိုးလာအောင် မလုပ်ချင်ဘူးလို့ နှစ်နိုင်ငံစလုံးက ပြောပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်း သင့်လျော်တဲ့အခြေအနေအောက်မှာ အီရန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ G-7 ထိပ်သီးဆွေးနွေးပွဲအတွင်း သမ္မတ Trump က ပြောပါတယ်။ Cindy Saine ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဥရောပနဲ့ရုရှားကြား ဆက်ဆံရေး မပြေလည်ဘူးဆိုရင် ဥရောပတိုက်ဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ Macron ကပြောပါတယ်။ G-7 အစည်းအဝေးအဆုံး ပြည်ပသံတမန်တွေနဲ့ တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောသွားပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဘရာဇီးနိုင်ငံ၊ အမေဇုံ သစ်တောကြီးထဲမှာ တောမီးလောင်နေတာ ရက်အတော်ကြာပါပြီ။ စီးပွားရေးအကျိုးအမြတ်သက်သက်ကြည့်ပြီး လုပ်တဲ့သူတွေကြောင့် အခုလို တောမီးကြီး လောင်နေရတာလို့ သဘာဝပတ်ဝန်းကျင်ရေးရာ အဖွဲ့အစည်းတွေနဲ့ သုတေသီတွေက အပြစ်တင်ကြပါတယ်။ Arash Arabasadi ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်