နာဂစ် ၁၀ နှစ်ပြည့်နှင့် ပြန်လည်ထူထောင်ရေး အလားအလာ

၂၀၀၃ ခုနှစ်အတွင်း နာဂစ်ဒဏ် ခံခဲ့ရသည့်ဒေသက မြင်ကွင်းတခု။

မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သဘာ၀ ဘေးအန္တရာယ်ဖြစ်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့တာ မေလ ၂ ရက်နေ့က ၁၀ နှစ် ပြည့်သွားခဲ့ပါပြီ။ ဒီ မုန်တိုင်းကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့အပြင် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူတွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း အဲဒီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူတွေထဲက တချို့ဟာ ၁၀ နှစ်ကြာသွားတဲ့အထိ လုံလောက်တဲ့ အကူအညီ အထောက်အပံ့ မရသေးတဲ့သူတွေ အများအပြား ရှိနေဆဲဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာလည်း မျှော်လင့်ထားသလောက် အောင်မြင်မှု မရှိဘူးဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေဆဲပါ။ နာဂစ်ပြန်လည် ထူထောင်ရေး အခြေအနေတွေ အကြောင်း မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရက လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးကို ဆက်သွယ် မေးမြန်းထားတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

Your browser doesn’t support HTML5

နာဂစ် ၁၀ နှစ်ပြည့်နှင့် ပြန်လည်ထူထောင်ရေး အလားအလာ