တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေ အများအပြား အသတ်ခံခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတာ ဒီနေ့ဆိုရင် ၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ဟားခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ CNA ၊ CDF အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားရာ ချွန်ကျုံးရွာက ဒေသခံ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။
မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါအလွန် ကာလမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင် ပြန်လည် ဆင်နွှဲနေကြပါတယ်။ ထိုင်းလူမျိုးတွေက Songkran လို့ခေါ်တဲ့ သင်္ကြန်ရေကစားပွဲအကြောင်း ကိုဇော်ဝင်းလှိုင် သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်အဖွဲ့တွေကို အပြီးသတ်ချေမှုန်းရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေချိန်မှာ နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ချပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA−PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကျေးရွာတွေ မီးရှို့ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာဘက်ကို ဦးတည်သွားတဲ့ အင်အားတစ်ရာလောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဒေသခံအများအပြား ရှောင်တိမ်းခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်အဖွဲ့တွေကတော့ ထွက်ပြေးရသူ ဒေသခံ တစ်သောင်းလောက် ရှိနိုင်တယ်လို့ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ပေးပို့နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်တဲ့အတွက် ဒီရက်ပိုင်းထဲမှာ လျှပ်စစ်ဓာတ်အား လျှော့နည်းနိုင်ကြောင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ဒီနေ့ တပြိုင်နက်တည်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဗမာပြည်မနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေကို အကြပ်ရိုက်စေတဲ့ ဥပဒေသစ် တစ်ခုဖြစ်သလို ပါတီတွေကြား မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရခက်နေကြတာလည်းဖြစ် ပါတယ်။
“အခက်အခဲကတော့ မျိုးစုံပဲပေါ့။ ဘာလို့ဆို တစ်နေရာပြီး တစ်နေရာ ပြောင်းရွေ့ရတာရယ်၊ အဓိကအခက်အခဲဆုံးက အမိုးအကာပဲ။ ဘာလို့ဆို နောက်တစ်နေရာ တစ်နေရာပြီးတစ်နေရာ သွားရတော့ ကိုယ်နေဖို့အတွက် အဆောက်အဦး၊ တဲတွေကို တစ်ခါပြီးတခါ ပြန်လုပ်နေရတာပေါ့နော်။”
“ ဒေသခံတွေ အကုန်လုံးထွက်ပြေးနေကြတာ။ ၂၀၁၉ကတည်းက အကုန်လုံးထွက်ပြေးနေကြတာ အခုထိ ပြန်မရောက်သေးဘူးဗျာ။ ကျနော်တို့ ပြေးလာတုန်းက အိမ်တွေလည်း မီးရှို့ခံထားရတာ၊ ဘယ်သူ့အိမ်တွေ ပါသွားလဲတော့ မသိဘူး၊ မီးမရှို့ပဲ ကျန်ရှိတဲ့အိမ်တွေဟာလည်းရှိမယ်မထင်ဘူး လူပြုပြင်မှု မရှိ ခြတွေဘာတွေ စားပြီးတော့ အကုန်ပြိုနေပြီထင်တယ်။”
ချင်းပြည်နယ် တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်မှာရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ ခလရ ၂၆၉ ရှိရာကို ချင်းဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ ဇိုလန်း PDF က မတ်လ ၁၃ ရက် ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုဖြစ်စဉ်က သက်သေအထောက်အထားတွေကို စနစ်တကျစုဆောင်း ရယူထားပြီး နိုင်ငံတကာ အခွင့်အရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့တိုင်ကြားထားတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာစစ်ရှောင်တွေကို ယာယီလက်ခံပေးဖို့ မဏိပူရပြည်နယ်၊ မိုရေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့ငါးခုက ပြည်နယ်အစိုးရကို ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုလိုက်တာဖြစ်ပြီး ဝန်ကြီးချုပ်ဘက်က လက်ခံနိုင်ခြေများကြောင်း ဒီအဖွဲ့အစည်းတွေက ဒေသတွင်းသတင်းဌာနတချို့ကို ပြောခဲ့ပါတယ်။
"အကောင်းဘက်ကဖြစ်ထွန်းလာဖို့တော့ ဘာတစ်ခုမှမရှိဘူး။ အဆိုးဘက်ကတော့ ဘယ်လောက်ထိ ဆိုးသွားနိုင်မလဲဆိုရင် လက်နက်တွေကိုင်ဆောင်ပြီးတော့မှ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုလုံးဝ ပျက်သုန်းသွားပြီးတော့မှ မတည်မငြိမ်မှုတွေပိုတိုးပွားလာမယ်။ "
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့တည်းက စတင်ဖြစ်ပွား လာတာပါ။ ဒီရက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးရှိ ခိုမုန်းရွာနဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ KIA တပ်ရင်း ၉ စခန်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ယုတ်လျော့သွားပေမယ့် ရုရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့တော့ ပြေလည်တဲ့ ဆက်ဆံရေးရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်