Wi-Fi သုံးပြီး အင်တာနက်ချိတ်ဆက်ချိန်မှာ အဲဒီ Wi-Fi ဆက်သွယ်ရေးမှာ ရှိနေနိုင်တဲ့ လုံခြုံရေးပိုင်း အားနည်း ချက်ကို အသုံးပြုပြီး မသာမာသူတဦးဦးက ခိုးဝင်နိုင်တဲ့အခြေအနေ ရှိတာကို ပြီးခဲ့တဲ့သီတင်းပတ်မှာ သုတေသီနှစ်ဦးက တွေ့ရှိခဲ့ပါ တယ်။ အင်တာနက်နည်းပညာလောကကို လှုပ်ခတ်သွားစေတဲ့ အဲဒီတိုက်ခိုက်မှု အန္တရာယ် အကြောင်း ဒီသီတင်းပတ် ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက မအင်ကြင်းနိုင်နဲ့အတူ တင်ပြထားပါတယ်။