စစ်အာဏာသိမ်းတာဟာ တိုင်းပြည်တိုးတက်ရေးလမ်းကြောင်းကိုနောက်ပြန်ဆွဲလိုက်တာဖြစ်တဲ့အတွက် လုံး၀လက်မခံခဲ့ကြောင်း MRTV ရုပ်သံတင်ဆက်သူအဖြစ် ၁၄ နှစ်ကြာတာ၀န်ထမ်းဆောင်ခဲ့တဲ့ ကိုသူရိန်လွင် ကပြောပါတယ်။စစ်အာဏာသိမ်းချိန်မှာ MRTV ကို စစ်တပ်က ဘယ်လို ထိန်းချုပ်ခဲ့ပါသလဲ။မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မကြေးမုံက အမေရိကန်နေ့စဉ်ပြောအင်္ဂလိပ်စာမှာ အသုံးများတဲ့ စကားစုတွေ ဝါကျအတိုလေးတွေကို ပြောထားပါတယ်။ ဒီတပတ် အစားအသောက်စားတာနဲ့ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းကိုသုံးပြီး နေ့စဉ်စကားမှာ ဘယ်လိုထည့် ပြောကြတာလဲဆိုတာ ဥပမာတွေနဲ့ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။
အခုလို တန်ဆောင်မုန်း တန်ဆောင်တိုင် ရာသီကာလ မြန်မာပြည်က အလှူအတန်းတွေလိုပဲ ထိုင်းနိုင်ငံ ဟွာဟင်းခရိုင်ထဲမှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကထိန်ခင်း၊ ဒုလ္လဘ ရဟန်းခံ ရှင်ပြု အလှူမင်္ဂလာ ကျင်းပကြပါတယ်။ အခုတပတ် မညိုညိုလွင်ရဲ့ နေရာပေါင်းစုံအကြောင်းစုံမှာ တင်ဆက်ထားပါတယ်။
နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့တဲ့ ဖခင်ရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ အမျိုးသမီးငယ်လေး မဂျူးဂျူးက မြန်မာနိုင်ငံက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ရေး ကြိုးပမ်းနေပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
ရှေးဟောင်းပြတိုက် တခုမှာ ပြသထားတဲ့ မပြည့်စုံတဲ့ ပစ္စည်းတွေကို ပုံရိပ်စစ် AR နည်းပညာသုံးပြီး အကောင်းပဂတိပုံစံနဲ့ ကြည့်နိုင်၊ တောင်ကယ်ရိုးလိုင်းနား ဓာတ်ခွဲခန်း မျောက်တွေ လွတ်သွားလို့ ဒေသခံတွေ ဘေးကင်းရေး လိုက်ရှာပြန်ဖမ်း၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အသက်ပြည့်ပြီးသူတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်ပြီးတဲ့နောက် မရရတဲ့နည်းနဲ့ ပြည်ပနိုင်ငံတွေ ထွက်ခွါသွားကြတဲ့ မြန်မာလူငယ်တွေ ဘဝရည်မှန်းချက်တွေ လမ်းလွဲကုန်တဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နိုင်ငံထဲ ရောက်လာသူတွေကို တခြားနိုင်ငံမှာ သွားထားဖို့ ကြိုးစားတဲ့ အီတလီနိုင်ငံအကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေမှာ လူမှုရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေ မျှတမှုရှိဖို့ ကြိုးပမ်းနေတဲ့ ILO အဖွဲ့ကြီးအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဗွီအိုအေ စတူဒီယိုထဲမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မူဆယ် နယ်စပ်က ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်တာကြောင့် မှာယူထားတဲ့ ကုန်တွေ တရုတ်ဘက်မှာ ပိတ်မိနေပြီး၊ အခက်တွေ့နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီလိုလယ်ယာစီးပွားသတင်းတွေနဲ့ သီးနှံဈေးနှုန်းတွေနဲ့ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
MoU အလုပ်သမားများ သက်တမ်းပြည့်ရင် စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ထည့်သွင်း၊ ရခိုင်နဲ့ ချင်းတို့မှာ တိုက်ပွဲများပြင်းထန်၊ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကရော တရုတ်ဘက်ကပါ ကုန်စည်စီဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် အရပ်သားတွေ အခက်ကြုံ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုစည်သူတို့ တင်ပြထားပါတယ်။
ဂါဇာဒေသတချို့မှာ အငတ်ဘေး ဆိုက်တော့မယ့် အချိန်မှာပဲ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေလည်း ဒုက္ခရောက်နေကြပါတယ်။ သူတို့ဟာ အစ္စရေးဘက်မှာလည်း အလုပ်သွားမလုပ်နိုင်တာကြောင့် ဒေသစီးပွားရေးတခုလုံး ကျုံ့လာနေပါတယ်။ Linda Gradstein ရာမာလာ မြို့ကနေ သတင်းပေးပို့ထားတာပါတယ်။ကိုငြိမ်းချမ်း တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။