“(၇)ယောက်က အလောင်းပြန်ရပြီဗျ။ (၂) ယောက်ပျောက်နေသေးတယ်လို့ပြောတယ်ဗျ။ တခြားရွာကလည်း စစ်ပြေးတဲ့အခါကျတော့ အခုနေခါ အတိအကျတော့ မသိရသေးဘူးဗျ။ (၇)ယောက်တော့အလောင်းရထားတဲ့အတွက် အတိအကျအတည်ပြု နိုင်သေးတာပေါ့။ ကျန်တဲ့ဟာလည်း ရှိမှာပါ။” (ကိုဇင်မင်းမောင်-ဒုက္ခသည်တွေကို ကူညီနေသူ)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ရှိခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေ၊ စစ်အာဏာသိမ်းပြီးနောက် လက်ရှိ မြန်မာနိုင်ငံအခြေအနေ၊ လာမယ့် တနှစ်နဲ့ ဟိုဘက်ကာလမှာ ဘယ်လို မြန်မာနိုင်ငံမျိုးကို တွေ့မြင်ရနိုင်သလဲ ... စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
“မနေ့က စနင်းတောင်ကို ဆုတ်ခွာခိုင်းတာပေါ့။ ကျနော်တို့နဲ့ RCSS တို့က နယ်နမိတ်မျဉ်းတခု ပိုင်းခြားနိုင်အောင် ကြိုးစားပြီး လုပ်နေချိန်ဖြစ်တယ်။ ပိုင်းခြားနိုင်တဲ့နယ်မြေ အခိုင်အမာမရှိသေးတော့ ကျနော်တို့ကလည်း နဂိုရောက်ရှိထားနေတဲ့နေရာတွေကို မဆုတ်နိုင်သေးဘူးပေါ့။” (ဒုဗိုလ်မှူးကြီး စိုင်းဆု- SSPP ပြောခွင့်ရ)
“ကျား ၁၃ ဦး မ ၂ ဦး စပ်စီကျေးရွာမှာဖမ်းမိတာ၊ ရန်ကုန်ကိုသွားမလို့ တောလမ်းကနေလာကြတာ၊ စစ်တွေမြို့နယ်ကလည်းပါ တယ်၊ ဘူးသီးတောင်မြို့နယ်ကလည်း ပါတယ်ဗျာ၊ လဝက ကနေပြီးတော့ ဥပဒေနဲ့အညီအရေးယူမှာပေါ့။” (ဦးမျိုးကြည်၊ အမ်း မြို့မစခမ်းမှူး)
“လာတာက ၁ စီးထဲလာတယ်။ ပစ်တာက ၅ ကြိမ် ၆ ကြိမ် လောက်ပစ်ပါတယ်။ ကျနော်တို့ရွာ ဘုန်းတော်ကြီးကျောင်းမှာလည်း ပစ်ပါတယ်။ စစ်ဘေးရှောင်တွေရှိနေတဲ့ တောစပ်ထဲကိုလည်း ပစ်ပါတယ်။ ကြခတ်၊ ပေါက်တော၊ ဖိုလယ် အဲ့ရွာတွေ အကုန်ပြေးနေရတယ်။ အခုပြေးနေရတာ လောလောဆယ် လူဦးရေ ၁,၅၀၀ အထက်မှာ ရှိပါတယ်။ (ဒေသခံ)
ကပ်ရောဂါဘေးနဲ့ အာဏာသိမ်းထားချိန်ဖြစ်လို့ ပြီးခဲ့တဲ့ ၂ နှစ် မကျင်းပရတဲ့ သင်္ကြန်ပွဲတော်ကို ဒီနှစ်မှာကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေပါတယ်။ စစ်အာဏာဆန့်ကျင်သူတွေကတော့ စစ်အာဏာသိမ်းထားချိန်မှာ တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းဖို့ တိုက်တွန်းနေကြတာပါ။ ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုကျော်ကျော်သိန်း တင်ဆက်ထားပါတယ်။
“တခုခုပြုတ်ကျတဲ့ အသံလောက်ပဲကြားတာပါ၊ အကျယ်ကြီးတော့ မဟုတ်ဘူးဗျ။ ၉ နာရီကျော်လောက် ရုံးမတက်ခင်မှာ ဖြစ်သွားတဲ့အနေအထားဗျ။ ရွှေတောင်ကြားမှာ တကယ်တော့ သူတို့ကနေတာ၊ ညကမှ ရောက်ရောက်ချင်းပဲ ဒီနေ့မနက် ဖြစ်သွားတာဗျ ရုံးမတက်ခင်မှာ။ ၉ နာရီ နောက်ပိုင်းမှ သူတို့ ဆိုင်ရာလူကြီးတွေ လာကြတာ။” (မျက်မြင်ရပ်ကွက်သားတဦး)
မြန်မာ့အရေးမှာ တရုတ်က ဝင်ပါနေတာဟာ သူ့အကျိုးစီးပွားအတွက် အဓိကရည်ရွယ်ချက်နဲ့ ပါနေတာသာဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကပြောပါတယ်။ မြန်မာ့အကျပ်အတည်းမှာ တရုတ်ရဲ့ အခန်းကဏ္ဍထက် စစ်ကောင်စီရဲ့ အတွေးအခေါ်နဲ့ပဲ ဆိုင်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။
“ကုန်သွယ်ရေးမှာဆိုလည်း မြန်မာနဲ့ တရုတ်ရဲ့နယ်စပ်ကုန်သွယ်မှုက အမြင့်မားဆုံးအခြေအနေဖြစ်တယ်။ ပမာဏအကြီးမားဆုံးဖြစ်တယ်။ ကျနော်တို့ဆီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လုံခြုံရေးတွေနဲ့ပက်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“တပတ်လောက်ရှိပြီ၊ ဖုန်းလိုင်းတွေကပြတ်နေလို့။ မင်းတပ်တမြို့နယ်လုံးပဲ ပြောပါတယ်။ ဥပမာ မနက်ကို မိတယ်။ ညနေဆို မမိဘူး။ သူတို့ မတူပီစစ်ကြောင်း စစ်ယာဉ်တန်းတက်တဲ့ အတောအတွင်းလို့ ပြောမလား။ အခု ဖုန်းလိုင်းတွေ ပြတ်နေတဲ့အခါကျတော့ ဆက်သွယ် မရဘူးပေါ့လေနော။ အင်တာနက်လိုင်း။’’ (ကိုမုန်နိုး-မင်းတပ်မြို့ခံ)
တွန်းဇံမြို့နယ်ထဲက အထက်တန်းကျောင်းတခုမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Zoland ပြန်ကြားရေးတာဝန်ခံ ကိုလျန်တွောလ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်ပွဲတွေဖြစ်နေပေမဲ့၊ အခြေခံပညာသင် ကျောင်းတွေကိုတော့ ဒေသ ၁၃ ခုမှာ အချိန်ပြည့် ဖွင့်ထားဆဲဖြစ်ပြီး နောက်ထပ် ဒေသခ ၈ ခုမှာတော့ တစိတ်တပိုင်း ဆက်ဖွင့်ထားပါတယ်။ အများအားဖြင့်တော့ အွန်လိုင်းကနေ သင်ကြားပေးတာ ဖြစ်ပြီး ဘယ်နေရာမှာပဲ ရှိနေနေ သင်ယူနိုင်ပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးပါမယ်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် ပါတီခေါင်းဆောင်ပိုင်းဟာ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒီကနေ့ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ ဆက်သွယ်မေးမြန်းထားပ့ါတယ်။
မြန်မာနိုင်ငံကို သုံးရက်ကြာခရီးအဖြစ် မတ်လ ၂၁ ရက်နေ့ကတည်းက ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘာဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ ဒီနေ့ မတ်လ ၂၂ ရက်မှာတော့ ရန်ကုန်မြို့မှာ သံတမန်တွေ၊ နိုင်ငံရေးပါတီတချို့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင် ကလုန်းမုန်တိုင်းအဖြစ် အသွင်ပြောင်းပြီး မတ်လ ၂၁ ရက်နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
၂၀၂၂ တနှစ်လုံးမှာ မြန်မာနိုင်ငံတွင်း တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ရှိနေမယ်လို့ သုတေသီတဦးက ခန့်မှန်းပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာနိုင်ငံ ပဋိပက္ခကို သွေးထွက်သံယိုနည်းနည်းနဲ့ ဖြေရှင်းနိုင်မယ့်အခြေအနေ ဒီနေ့ထိတော့ မတွေ့ရသေးဘူးလို့ လေ့လာသူတဦးကမြင်ပါတယ်။
“လေးကေ့ကော်မြို့သစ်တည်ဆောက်ရေး ရန်ပုံငွေအားလုံးကို နိပွန်ဖောင်ဒေးရှင်းက ကျခံတယ်ဆိုတာ လူတိုင်းနီးပါးလောက် သိပြီးပြီပေါ့နော်။ ဒီကာလမှာ ...ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက တိုက်ပွဲကြီးတွေ ဖြစ်လာတဲ့အခါကျတော့ ... ဒီကိစ္စ ဆွေးနွေးမယ်လို့ပဲ ကျနော်တို့ သိရပါတယ်။” ပဒိုစောတောနီး -KNU နိုင်ငံခြားရေးဌာန တာဝန်ခံ
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး အများပြည်သူတွေအနေနဲ့ ရာဇဝတ်မှုခင်းနဲ့ ကြုံရတဲ့အခါ ကူရာကယ်ရာမဲ့ ဖြစ်နေရတဲ့အခြေအနေတွေကို ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
လောင်စာဆီဈေးအဆမတန်မြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းသူတွေရော၊ ယာဉ်ပိုင်ရှင်တွေပါ တွက်ခြေမကိုက်တော့တဲ့အတွက် လုပ်ငန်းရပ်ဆိုင်းတာ၊ အလုပ်ပြောင်းတာတွေ ရှိလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်