ပြုပြင်ရေးလုပ်နေတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီသဘောတရားနဲ့ ဆန့်ကျင်တဲ့ဥပဒေတွေကို ဖျက်သိမ်းဖို့ နိုင်ငံရေးပါတီနဲ့ အရပ်သားအသင်းအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ဥပဒေတွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရှေ့ဆုံးကပါဝင်ပါတယ်။ စစ်အုပ်စုက စိတ်ကြိုက်လုပ်နိုင်ပုံကို အခြေခံဥပဒေက သက်သေပြနေပါတယ်။ တရားဥပဒေစိုးမိုးရေးကို ငြိမ်ဝပ်ပိပြားရေးနဲ့ အမိန့်နာခံရေးအဖြစ် အုပ်ချုပ်သူဖက်က သဘောထားပြီး ပြည်သူလူထုကတော့ တရားမျှတရေးနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကို အဓိကထားပုံရပါတယ်။
ပြည်သူကတဆင့် ပြဌာန်းတဲ့ ဥပဒေတွေဖြစ်အောင် ကြိုးပမ်းကြဖို့ (၈၈) မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလို အသင်းအဖွဲ့တွေက တောင်းဆိုကြပါတယ်။ ၂၀၁၂ က ပြဌာန်းတဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားအကျိုးသယ်ပိုးဖို့ အခက်အခဲရှိကြောင်း သိရပါတယ်။ လယ်ယာမြေ ပြဿနာကို စုံစမ်းရေးကော်မတီက ဖော်ထုတ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်က ထိထိရောက်ရောက် အရေးယူတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ အစိုးရက အကာအကွယ် မပေးနိုင်တဲ့အခါမှာ နစ်နာဆုံးရှုံးသူဟာ မကျေနပ်မှုနဲ့ နစ်နာမှုတွေကို မိမိဘာသာထုတ်ဖော်ပြီး ဆန္ဒပြတဲ့ နည်းလမ်းပဲရှိပါတော့တယ်။
ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုကို တာဝန်ရှိတဲ့အစိုးရအရာထမ်းက ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြကန့်ကွက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရခွင့်ပြုမှ ဆန္ဒပြနိုင်တာမို့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူဟာ အရေးယူခံနေရပါတယ်။ ဒါကြောင့် လယ်သမားအရေးတင်မကဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ရေးကိုပါ တောင်းဆိုလာကြပါတယ်။ ဒီကိစ္စမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်လှုပ်ရှားတာရှိသလို အခြားအဖွဲ့အစည်းတွေကလည်း လှုပ်ရှားကြပါတယ်။ ခွင့်ပြုချက်မရတဲ့ ဆန္ဒပြပွဲတွေဖြစ်လို့ အရေးယူခံနေကြရပါတယ်။ ဒါပေမဲ့ ရာဇသတ်ကြီး အခန်း (၈) နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသောပြစ်မှုများနဲ့ အရေးယူတာမျိုးကိုလည်း တွေ့ရပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူ (၅) ဦး သို့မဟုတ် (၅) ဦးထက်ပိုတဲ့ အစုအဝေးကို အရေးယူနိုင်အောင် ပြဌာန်းထားတာ ဖြစ်ပါတယ်။
တည်ဆဲဥပဒေတွေနဲ့ မဆန့်ကျင်ဘဲ လွတ်လွတ်လပ်လပ် ငြိမ်းချမ်းစွာစုဝေးပြီး စီတန်းလှည့်လည်နိုင်အောင် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ဒီဇင်ဘာလမှာ ပြဌာန်းရတယ်လို့ အစိုးရက ဆိုပါတယ်။ ဒါပေမဲ့ ဒီဥပဒေမှာပဲ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ခွင့်ပြုချက်မရဘဲ လူထုဆန္ဒပြပွဲလုပ်ရင် အရေးယူခံရမယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့ မဆန့်ကျင်တဲ့ လူထုဆန္ဒပြလှည့်လည်ပွဲကို ကျင်းပနိုင်တယ်လို့ပြောပြီး ခွင့်ပြုချက်တောင်းခိုင်းတာ လွတ်လပ်မှုကို ချုပ်ချယ်တာသာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ထောင်ဒဏ်ငွေ ဒဏ်ချမှတ်နိုင်တယ်ဆိုတဲ့ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ အရပ်သားအဖွဲ့အစည်းတွေက တောင်းဆိုနေတာ တွေ့ရပါတယ်။ တကယ်တော့ ခွင့်ပြုချက်ကိစ္စကိုသာ အဓိကထားတဲ့ ဥပဒေတခုလုံးကို ရုတ်သိမ်းဖို့ (သို့မဟုတ်) ပြင်ဆင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၈) မှာ နိုင်ငံသားရဲ့ မူလအခွင့်အရေးနဲ့ တာဝန်ကို ဖော်ပြပါတယ်။ ဒါပေမဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးအတွက် လိုအပ်တယ်လို့ ယူဆရင် (သို့မဟုတ်) တည်ဆဲဥပဒေနဲ့ ဆန့်ကျင်တယ်လို့ အစိုးရကယူဆရင် နိုင်ငံသားအခွင့်အရေး လျစ်လျူရှုနိုင်ပါတယ်။ တန်းတူညီမျှရေး အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနဲ့ တရားမျှတမှု အခွင့်အရေးကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိတယ်လို့ အခြေခံဥပဒေပုဒ်မ (၂၁) က ဆိုပေမယ့် တည်ဆဲဥပဒေတွေက ပြည်သူအခွင့်အရေးကို ချုပ်ချယ်ကန့်သတ်ထားပါတယ်။ ဥပမာ ၁၉၅၀ အရေးပေါ်ဥပဒေ ပုဒ်မ (၅) ကိုသုံးပြီး နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းတာဟာ ဗမာအစိုးရတွေရဲ့ အကျင့်ဆိုးတခု ဖြစ်ပါတယ်။ စစ်ဗိုလ်သြဇာခံ ဖြစ်ခဲ့တဲ့ တရားစီရင်ရေးဌာနဟာ သိက္ခာသမာဓိရှိပြီး ပြည်သူယုံကြည်အောင် ကြိုးစားရပါလိမ့်မယ်။
တရားမျှတမှုရှိမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်ပါတယ်။ နစ်နာချက် မကျေနပ်ချက်တွေကို တရားနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်မှသာ လူမှုရေးသဟဇာတ ဖြစ်နိုင်ပါတယ်။ အစိုးရဟာ တရားစွဲတာကို ခံနိုင်ရည်ရှိရပါလိမ့်မယ်။ စစ်အစိုးရ အနှစ် (၂၀) ကျော် ကြီးစိုးစဉ်က တာဝန်ထမ်းဆောင်သူကို တရားမစွဲရ၊ အရေးမယူရလို့ အခြေခံဥပဒေက လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပါတယ်။ ဒါပေမဲ ရာဇဝတ်မှုကိုတော့ ကင်းလွတ်ခွင့် မပေးသင့်ဘူးလို့ နိုင်ငံခြားဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။ ဝန်ထမ်းကျူးလွန်တဲ့ ရာဇဝတ်မှုကို ခွင့်လွှတ်တာဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရာရောက်ပါတယ်။
တရားဥပဒေကြီးစိုးတဲ့နိုင်ငံမှာ အစိုးရဝန်ထမ်းရဲ့ လုပ်ရပ်ကြောင့် နစ်နာဆုံးရှုံးနေသူဟာ တရားမျှတမှုရဖို့အတွက် အမြင့်ဆုံးတရားရုံးကို လျှောက်ထားနိုင်ပါတယ်။ အစိုးရတာဝန်ထမ်းဆောင်တာ၊ အမိန့်နာခံတာဖြစ်လို့ အပြစ်ကင်းလွတ်တယ်လို့ မယုံကြည်ဘဲ ဥပဒေရှေ့မှောက်မှာ အားလုံးအတူတူ ဖြစ်တယ်လို့ ယုံကြည်တာမို့ အမြင့်ဆုံး တရားလွှတ်တော်ချုပ်ကို လျှောက်ထားခွင့်ပေးတာ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်း မတရားလုပ်တာကို တရားလွှတ်တော်ချုပ်က ပယ်ဖျက်နိုင်ပါတယ်။ မတရားလုပ်တာကို တရားရုံးတွေက ဟန့်တာပြီး တရားမျှတမှုကို ပြသနိုင်မှသာ ပြည်သူ့ယုံကြည်မှုကို ရနိုင်ပါလိမ့်မယ်။