အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman လွန်ခဲ့တဲ့ မတ်လက မြန်မာပြည်ကိုသွားရောက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel မကြာမီက သွားရောက်ခဲ့ပါတယ်။ Daniel Russel နေပြည်တော်မှာ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ ရခိုင်ပြည်နယ်က ပြဿနာဟာ အဓိကဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ပြည်က လူမျိုးရေးဘာသာရေး ပဋိပက္ခကို တကမ္ဘာလုံးက စောင့်ကြည့်နေတာဖြစ်လို့ ဒေသခံပြည်သူလူထုနဲ့ ကူညီနေတဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူရမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က လူမျိုးရေးဘာသာရေးပဋိပက္ခကြောင့် ပြုပြင်ရေးလုပ်ငန်းတွေ နှောင့်နှေးသွားနိုင်ပေမယ့် အခြေအနေကို ကောင်းမွန်လာအောင် မလုပ်နိုင်သေးဘူးလို့ အမေရိကန်ဖက်က ယူဆပါတယ်။ ရိုဟင်ဂျာ ဖိနှိပ်မှုကို ရပ်ဆိုင်းဖို့နဲ့ လူ့အခွင့်အရေးပေးဖို့ ဗမာအစိုးရကို တိုက်တွန်းပြီး ဒီလိုဖြစ်လာအောင် အမေရိကန်အစိုးရက ဖိအားပေးဖို့ အမတ် (၄) ဦး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၃ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ကွန်ဂရက်အောက်လွှတ်တော် ချမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလက ပြဌာန်းတဲ့ စာမျက်နှာ (၁၅၀၀) ကျော်ရှိတဲ့ အသုံးစရိတ်ဥပဒေမှာ လူ့အခွင့်အရေး မတိုးတက်ရင် မြန်မာကို မထောက်ပံ့ဖို့ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာနဲ့ အခြားမွတ်စလင်အပါအဝင် လူ့အခွင့်အရေး ချိုးဖျက်မှုရှိရင် ငွေကြေးထောက်ပံ့မှုမပြုဖို့ လာမယ့် အောက်တိုဘာလအထိ အကျူံးဝင်တဲ့ အသုံးစရိတ်ဥပဒေမှာ ဖော်ပြပါတယ်။
ဒဏ်ခတ်မှုအချု ိ့ကို ရုတ်သိမ်းပြီး ရင်းနှီးမြှုပ်နံှမှုနဲ့ ကုန်သွယ်မှုတွေ လုပ်နေပေမယ့် ဒဏ်ခတ်အရေးယူမှုတခုလုံးကို အမေရိကန်က ရုတ်သိမ်းလိုက်တာ မဟုတ်ပါဘူး။ ဥပမာ မြန်မာပြည်ထွက် ကျောက်စိမ်းနဲ့ ပတ္တမြားတင်သွင်းခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ စီးပွားရေးလုပ်နိုင်ဖို့ (၂၀၁၂) ဇူလိုင်လမှာ သမ္မတက အမိန့်ပြဌာန်းထားပေမယ့် နိုဝင်ဘာလရောက်တော့ မြန်မာကုမ္ပဏီ (၃) ခုနဲ့ မြန်မာနဲ့ဆက်နေတဲ့ စင်္ကာပူကုမ္ပဏီ (၄) ခုကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၃ မြန်မာ့လူ့အခွင့်အရေး (၄၈) မျက်နှာအစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်အခြေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပမ်းမှုကို ဖော်ပြပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ဖြစ်ပွားတဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခကြောင့် ဒုက္ခသည်ဦးရေး တိုးပွားလာတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ (ခေါ်) စစ်တကောင်းအနွယ်ဝင်တို့ မြန်မာအစိုးရဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာရော အမေရိကန်မှာရော မကျေမနပ် ဖြစ်နေကြပါတယ်။ မြန်မာအစိုးရလုပ်ပုံဟာ လူသားမျိုးနွယ်တခုကို သတ်ပစ်ဖို့ ကြိုးပမ်းတဲ့ ရာဇဝတ်မှုကြီး ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား က ဆိုပါတယ်။ ဒီကိစ္စကို ဝါရှင်တန်အခြေစိုက် United to End Genocide အဖွဲ့က လွန်ခဲ့တဲ့ မတ်လက အသေးစိတ်အစီရင်ခံစာ ထုတ်ဝေထားပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကို မဖြေရှင်းနိုင်ရင် မြန်မာအစိုးရနဲ့ ဆက်ဆံရာမှာ အကန့်အသတ်တွေလုပ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အကြံပေးထားပါတယ်။ စစ်တကောင်းအနွယ်ဝင်တွေ မျိုးပြုတ်အောင်လုပ်နေတာကို ဆန့်ကျင်ကြဖို့လည်း အဖွဲ့ဝင် (၅) သိန်းကို United to End Genocide အဖွဲ့က ပန်ကြားထားပါတယ်။
Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ခံနေရပုံကို ဖော်ပြတဲ့ (၇၉) မျက်နှာ အစီရင်ခံစာကို ဖေဖေါ်ဝါရီလက ထုတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဗမာအစိုးရကို ဝေဖန်အကြံပေးပါတယ်။ ဒီအစီရင်ခံစာနဲ့ သုံးသပ်ချက်တွေဟာ ပြည်တွင်းမှာ အငြင်းပွားစရာဖြစ်ပေမယ့် အမေရိကန်မှာတော့ ထောက်ခံသူတွေများပါတယ်။ ၂၀၁၂ ကစပြီး Free Rohingya Campaign ဟာ တရားဝင် NGO အဖြစ် အမေရိကန်မှာ လှုပ်ရှားပါတယ်။
အုပ်စုအကျိုးဆောင် လောဘီသမား Lobbyist နဲ့ ရေးရာသမား Activists တွေဟာ ကွန်ဂရက်လွှတ်တော်ကို သြဇာလွှမ်းမိုးနိုင်သူတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ သိုးမွှေးလုပ်ငန်း ထောက်ပံ့ကြေးကိစ္စကို ဥပမာ ပေးပါရစေ။ စစ်ဝတ်စုံမှာ သိုးမွှေးပါတာမို့ ၁၉၅၄ ကစပြီး သိုးမွှေးလုပ်ငန်းကို နှစ်စဉ်ဒေါ်လာ သန်း (၁၀၀) အမေရိကန်အစိုးရက ထောက်ပံ့ပါတယ်။ အတတ်ပညာ တိုးတက်လာလို့ စစ်ဝတ်စုံမှာ သိုးမွှေးမပါတော့လည်း လော်ဘီသမားတွေရဲ့ ကြိုးပမ်းမှုကြောင့် ထောက်ပံ့ကြေး ဆက်ရပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ကိစ္စကို ဝိုင်းဝန်းဝေဖန်လို့ သိုးမွှေးထောက်ပံ့ကြေးကို ကွန်ဂရက်လွှတ်တော်က ဖျက်သိမ်းလိုက်ပေမယ့် လော်ဘီသမားတွေရဲ့ ကြိုးပမ်းမှုကြောင့် ထောက်ပံ့ကြေးအနည်းအကျဉ်း ခြွင်းချက်နဲ့ပြန်ရတဲ့ သာဓကရှိပါတယ်။ လော်ဘီသမားတွေရဲ့ ကြိုးပမ်းမှုဟာ အမေရိကန်နိုင်ငံရေးမှာ အရေးပါအရာရောက်တာ ထင်ရှားပါတယ်။