မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့ အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူကို ရာထူးကဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။ မြောက်ကိုရီးယားသတင်းကို အမေရိကန်မှာ အထူးစိတ်ဝင်စားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဝါရှင်တန်အခြေစိုက် Heritage Foundation ဆွေးနွေးပွဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို ရှင်းလင်းစွာသိဖို့လိုကြောင်း ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အရာထမ်းဟောင်း Keith Luse က အိုဘားမားအစိုးရကို တိုက်တွန်းထားပါတယ်။
နောက်ပြီးတော့ လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်း မြောက်ကိုရီးယားပါဝင်ခဲ့တဲ့ မြန်မာ့စီမံကိန်းအားလုံးရဲ့ စာရင်း၊ မြောက်ကိုရီးယားဆီက ရယူထားတဲ့ စစ်လက်နက်ပစ္စည်းစာရင်းအပြည့်အစုံ၊ ဒုံးလက်နက်နဲ့ အဏုမြူစီမံကိန်းမှာပါဝင်တဲ့ မြောက်ကိုရီးယားကုမ္မဏီစာရင်း၊ မြောက်ကိုရီးယား စစ်ပစ္စည်းတင်သွင်းရာမှာ တရုတ်ပါဝင်တဲ့အခန်းကဏ္ဍ စတာတွေကို အမေရိကန်အစိုးရ သိသင့်တယ်လို့ Keith Luse က ဆိုပါတယ်။ အခြားပညာရှင်တွေကလည်း ဒီအဆိုကို ဝိုင်းဝန်းထောက်ခံကြပါတယ်။ မြန်မာကိုပြန်လည်ဆက်ဆံတဲ့အကြောင်းရင်းထဲမှာ မြောက်ကိုရီးယားကိစ္စပါဝင်တယ်လို့ ယူဆသူလည်းရှိပါတယ်။
ဗမာစစ်အုပ်စုက (၁၅) နှစ်လောက် လျှို့ဝှက်စွာ ပြုစုပျိုးထောင်လာခဲ့တဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုအားလုံးကို အတိအလင်းကြေညာဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တာကို လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဗမာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှုရှိနေတာကို အမေရိကန်အစိုးရသိတာကြောင့် ကကထုတ် (ခေါ်) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးရဲ့ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဇူလိုင်လဆန်းပိုင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ဒဏ်ခတ်ဖို့ မရည်ရွယ်ဘူးလို့လည်း အမေရိကန်အစိုးရက ကြေညာပါတယ်။ အစိုးရကို အရေးမယူဘဲ လက်အောက်ခံအမှုထမ်းတဦးကိုသာ ကွက်ပြီးအရေးယူတာဟာ ဝေဖန်ရှုတ်ချစရာ ဖြစ်နေပါတယ်။
ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တယောက်တည်းလုပ်တာ မဟုတ်တဲ့အတွက် အခုလို အမည်ထုတ်ဖော်ပြီး အရေးယူတာဟာ ယုတ္တိမရှိဘူးဆိုတာကို အိုဘားမားအစိုးရကလည်း နားလည်းသဘောပေါက်မှာပါ။ ဦးသိန်းစိန်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ဗမာစစ်တပ် ဆက်သွယ်နေတာကို အမေရိကန်အစိုးရက သိရှိကြောင်း ပြသတဲ့အနေနဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ရွေးပြီးဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်ပုံရပါတယ်။ ၂၀၀၈ နိုဝင်ဘာလက မြောက်ကိုရီးယားကိုသွားတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်အဖွဲ့မှာ ဗိုလ်ချုပ်သိန်းဌေး လိုက်ပါခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ မြောက်ကိုရီးယားစစ်ဦးစီးချုပ်တို့ နားလည်းမှုစာချွန်လွှာ လက်မှတ်ထိုးတာကို ပေါက်ကြားသွားတဲ့ စစ်မစ်ရှင်ရဲ့ (၃၇) မျက်နာ အစီရင်ခံစာအရ သိရှိရပါတယ်။
ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကင်ချုပ်စစ်တို့ လက်မှတ်ထိုးကြတဲ့ နားလည်မှုစာချွန်လွှာကြောင့် အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာ့ရေးရာဝါရင့်အကဲခတ် Bertil Lintner က အောက်တိုဘာ (၈) ရက်ထုတ် ဧရာဝတီစာစောင်မှာ ရေးထားပါတယ်။ အမေရိကန်ရဲ့ ရေရှည်ဦးတည်ချက်ဟာ တရုတ်ကို ထိန်းထားနိုင်ဖို့ ဖြစ်ဖွယ်ရာရှိပေမယ့် လောလောဆယ်ကတော့ မဟာဗျူဟာ အချက်အချာဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ရင်းနှီးမသွားဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဦးသိန်းစိန်တက်လာပြီး ပြုပြင်ရေးလုပ်တဲ့အခါမှာ လက်တွဲလုပ်ကိုင်ဖို့ အိုဘားမားအစိုးရက ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဗမာအစိုးရကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အပျက်ခံမှာ မဟုတ်ဘူးလို့ Bertll Lintner့က သုံးသပ်ပါတယ်။
အမေရိကန်နဲ့ အီးယူးဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်တားမြစ်ထားတာ အနှစ် (၂၀) ကျော်နေပါပြီ။ အခုလည်း စစ်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားဆဲဖြစ်ပေမယ့် တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကတော့ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာကိုရဖို့ အခက်အခဲရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်ရဲ့ မှီခိုအားထားရာ နိုင်ငံတွေ ဖြစ်လာပါတယ်။ တရုတ် နဲ့ ရုရှား စစ်ပစ္စည်းကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။
တရုတ်နဲ့ ရုရှား စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီက ဝယ်ရင်ငွေအစား ဆန်နဲ့ ကောက်ပဲသီးနှံကို ပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခု ဖြစ်ပါတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးခံရတဲ့ ကွယ်လွန်သူဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေးတွေကို ထောင်ကလွှတ်ပေးလိုက်ပေမယ့် မြောက်ကိုရီးယားခရီးအစီရင်ခံစာ ပေါက်ကြားမှုနဲ့ ထောင်ကျနေတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ အပေါင်းပါကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမှန်သမျှကို ဖုံးဖုံးဖိဖိ လုပ်ထားဖို့သာ ဗမာအစိုးရ ရည်ရွယ်တာ ထင်ရှားပါတယ်။