ပဲရစ် (Paris) အခြေစိုက် Reporters Without Borders မကြာမီက ထုတ်ဝေလိုက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှုစာရင်း (World Press Freedom Index) မှာ မြန်မာ့စာနယ်ဇင်းလောကဟာ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ လာအို၊ ဗိယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်ပြည်က စာနယ်ဇင်းတွေဖက် ပိုပြီး လွတ်လပ်တယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘောဒီယား၊ အိန္ဒိယ၊ အင်ဒိုးနီးရှားနဲ့ ထိုင်းစာနယ်ဇင်းတွေကိုတော့ မြန်မာ့ထက်ပိုပြီး လွတ်လပ်တယ်လို့ သတ်မှတ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနထုတ် (၂၀၁၃) လူ့အခွင့်အရေး အစီရင်ခံစာကလည်း အရင်ထက်စာရင် စာနယ်ဇင်း လွတ်လပ်မှု ရှိလာတယ်လို့ ဆိုပါတယ်။
အစိုးရလုပ်လုပ် မကျေနပ်လို့ ဆန္ဒပြတာကို အရေးယူတာမျိုးရှိပေမယ့် စာနယ်ဇင်း လွတ်လပ်မှုရှိတယ်လို့ မြင်ကြပါတယ်။ ဒီလိုအချိန်မှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဥပဒေနှစ်ခုမှာ တခုက သတင်းသမားရဲ့ လုပ်ပိုင်ခွင့်ကို သတ်မှတ်ပြီး နောက်တခုက သတင်းသမားကို ချုပ်ချယ်ကန့်သတ်ပါတယ်။ သမ္မတက အတည်ပြုပြဌာန်းပြီးရင် ကျင့်သုံးပုံနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေ ထုတ်မယ်လို့ သိရပါတယ်။ အနှစ် (၅၀) ကျော် ကျင့်သုံးခဲ့တဲ့ ၁၉၆၂ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ နိဂုံးချုပ်ပါလိမ့်မယ်။
၁၉၆၂ ဥပဒေကို အစားထိုးတဲ့ ၂၀၁၃ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမှာလည်း ချုပ်ချယ်ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ၂၀၁၃ ဥပဒေက အရေးယူနိုင်တာတွေ ကျယ်ဝန်းလှပါတယ်။ တိုင်းရင်းသားရေးနဲ့ ဘာသာရေးကို ထိခိုက်နစ်နာစေတဲ့ အရေးအသား၊ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေတဲ့အရေးအသား၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေက ပြဌာန်းထားတာတွေကို ဆန့်ကျင်ဖောက်ဖျက်ရာရောက်တဲ့ အရေးအသားတွေကို အရေးယူနိုင်တယ်လို့ ဆိုပါတယ်။ ပုံနှိပ်ထုတ်ဝေသူတွေ လိုက်နာရမယ့် စည်းကမ်းဟာ ကျယ်ပြန့်သွားပြီး အကြမ်းဖျင်းသဘောဖြစ်နေတဲ့အတွက် အာဏာပိုင်လုပ်သူက လိုချင်သလို ဆွဲယူနိုင်ပါတယ်။ လိုရင်လိုသလို အဓိပ္ပါယ်ဖွင့်နိုင်တဲ့ ဥပဒေဟာ မျှောကြိုးစည်းမျဉ်း ဖြစ်နေတဲ့အတွက် အနုနည်းနဲ့ စာနယ်ဇင်းလောကကို ချုပ်ချယ်သလို ဖြစ်နေပါတယ်။
ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေနဲ့အတူ အတည်ပြုတဲ့ သတင်းမီဒီယာ ဥပဒေကတော့ သတင်းမီဒီယာသမားရဲ့ လုပ်ပိုင်ခွင့်၊ လိုက်နာရမယ့်တာဝန်၊ ကျင့်ဝတ်နဲ့ ကြုံတွေ့နိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ဖော်ပြပါတယ်။ သတင်းသမားရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာကို အသိအမှတ်ပြုတဲ့ ဥပဒေ ဖြစ်ပါတယ်။ အစိုးရအလွဲသုံးစား မလုပ်အောင် စောင့်ကြည့်ဖို့ တာဝန်ရှိတဲ့ သတင်းသမားကို အစိုးရက လုပ်ပိုင်ခွင့်သတ်မှတ်ပေးတာ သဘာဝမကျသလို ဖြစ်နေပါတယ်။ သတင်းသမားရဲ့ တာဝန်နဲ့ ကျင့်ဝတ်ကို ကမ္ဘာမှာကြေညာခဲ့တာ အနှစ်တရာလောက် ရှိနေပါပြီ။ ဒါပေမဲ့ ကျင့်ဝတ်ထက် ဝင်ငွေကောင်းဖို့ အဓိကထားသူတွေရှိတဲ့အတွက် အင်္ဂလိပ်အစိုးရကတောင် စာနယ်ဇင်းဥပဒေရေးဆွဲဖို့ စဉ်းစားခဲ့ပါတယ်။ ဥပဒေမပြဌာန်းနိုင်အောင် အင်္ဂလိပ် မီဒီယာလောက က စာနယ်ဇင်းတိုင်ကြားမှု ကော်မရှင်ဖွဲ့စည်းပြီး ကျင့်ဝတ်သတ်မှတ်ပေးပါတယ်။
မြန်မာ့သတင်းမီဒီယာကတော့ လွတ်လပ်တဲ့ သက်တမ်းအလွန်နုသေးတာမို့ အစိုးရ စွက်ဖက်မှုကို တွန်းလှန်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ အစိုးရဖွဲ့စည်းပေးတဲ့ သတင်းမီဒီယာကောင်စီကို လက်ခံပြီး ဒီကောင်စီက ထုတ်ပြန်တဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းကို လိုက်နာဖို့သာ ရှိပါတယ်။ သတင်းမီဒီယာဥပဒေက သတင်းသမားရဲ့ လုပ်ပိုင်ခွင့်ကို ဖော်ပြပြီး ၂၀၀၄ အီလက်ထရောနစ်ဥပဒေက သတင်းသမားကို ချုပ်ချယ်ထားပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးရေး၊ နိုင်ငံတော်စီးပွားရေး နဲ့ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်ရင် အရေးယူနိုင်တယ်လို့ အီလက်ထရောနစ် ဥပဒေက ဆိုပါတယ်။ ၂၀၀၄ အီလက်ထရောနစ်ဥပဒေမှာပါတဲ့ ထောင်ဒဏ်ကို လျော့ပြီး ငွေဒဏ်ကိုတိုးဖို့အတွက် ပြင်ဆင်ချက်ဥပဒေကို လွန်ခဲ့တဲ့လက ပြဌာန်းထားပါတယ်။
၁၉၉၆ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းတဲ့ ကွန်ပြူတာပညာ ဖွံ့ဖြိုးရေးဥပဒေမှာလည်း အလားတူ အကြမ်းဖျင်းသဘော ရေးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို ထိခိုက်ရင်ထောင်ဒဏ် (၁၅) နှစ်အထိ ချနိုင်တယ်လို့ ကွန်ပြူတာဥပဒေက ဆိုပါတယ်။ ကွန်ပြူတာ ကိုင်သူမှန်သမျှကို စိတ်တိုင်းကျ အချိန်မရွေး အပြစ်ပေးနိုင်အောင် ပြဌာန်းထားတဲ့ မျှော့ကြိုးဥပဒေ ဖြစ်ပါတယ်။ လိုချင်သလို အသုံးပြုနိုင်အောင် (သို့မဟုတ်) နှိပ်ကွပ်နိုင်အောင် ပြဌာန်းထားတဲ့ မျှော့ကြိုးဥပဒေဟာ တရားမျှတမှုကို ဆန့်ကျင်ရာ ရောက်ပါတယ်။ စစ်အစိုးရ မတရားလုပ်ခဲ့တာနဲ့ လာဘ်စားခဲ့တာတွေကို စုံစမ်းစစ်ဆေးပြီး သတင်းရေးရင် ဒီမျှော့ကြိုးဥပဒေတွေနဲ့ တုံ့ပြန်လာမှာကို တွေးကြောက်နေကြပါတယ်။
စာနယ်ဇင်းလောကကို ဖိနှိပ်အရေးယူနိုင်တဲ့ ဥပဒေအားလုံးကို ပြင်ဆင်ဖို့ (သို့မဟုတ်) ဖျက်သိမ်းဖို့ နယူးရောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (Committee to Protect Journalists) က လွန်ခဲ့တဲ့ ဇွန်လထုတ် အစီရင်ခံစာမှာ ဦးသိန်းစိန်အစိုးရကို တိုက်တွန်းထားပါတယ်။ အစိုးရမကြိုက်တာကိုရေးတဲ့ သတင်းသမားကို ရာဇဝတ်မှုနဲ့ အရေးယူတာမျိုး မလုပ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဝင်တွေ လွန်ခဲ့တဲ့လမှာ မြန်မာပြည်လာတုန်းက ဝေဖန်ပြောဆိုသွားပါတယ်။