လာမယ့် မတ်လ (၃၀) ရက်နေ့ကစပြီး ဧပြီလ (၁၀) ရက်နေ့အထိ မနက် (၇) နာရီနဲ့ ညနေ (၆) နာရီအကြား သန်းခေါင်စာရင်း ကောက်ယူပါလိမ့်မယ်။ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက (၁၂) ရက်လုံးလုံး သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာပြည်မှာရှိတဲ့ လူအားလုံးကို ရေတွက်မှာဖြစ်တဲ့အတွက် အိမ်ထောင်စုအရွယ်အစား၊ လူဦးရေးပြန့်နှံ့မှု၊ လူမှုစီးပွားရေးဘဝနဲ့ အခြားလူဦးရေဆိုင်ရာ သွင်ပြင်လက္ခဏာကို မြင်နိုင်ပါလိမ့်မယ်။ မြန်မာပြည်ဟာ ဘယ်လို ပုံသဏ္ဍာန်ဖြစ်နေတယ်ဆိုတာ သန်းခေါင်စာရင်းက ပြသပါလိမ့်မယ်။
မြန်မာပြည်မှာရှိနေသူတိုင်းကို နိုင်ငံသားမရွေး၊ လူမျိုးမရွေး၊ အသက်အရွယ် အဆင့်အတန်းမရွေး၊ ရေတွက်သွားမှာ ဖြစ်ပါတယ်။ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ စာရင်းကောက်ယူချိန်မှာ မြန်မာနိုင်ငံနယ်နမိတ်အတွင်း ရှိနေသူအားလုံးကို မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ ယာယီဒုက္ခသည်စခန်းမှာ နေသူကိုလည်း စာရင်းကောက်ယူမှာဖြစ်လို့ ပြည်တွင်းမှာရှိပြီး စာရင်းမကောက်နိုင်သူတွေကိုသာ ချန်လှပ်ထားမှာ ဖြစ်ပါတယ်။ အိမ်ထောင်ဝင်ထဲ က နိုင်ငံခြားပြောင်းရွှေ့နေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်နေသူရှိရင်လည်း သူနဲ့ပတ်သက်တာတွေကို စာရင်းကောက်ယူပါလိမ့်မယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မေးခွန်း (၄၁) ခုကို ဖြေရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပုံစံဖြည့်စရာ မလိုဘဲ မေးတာကိုဖြေဖို့သာ စီစဉ်ထားပါတယ်။ စာရင်းပုံစံ မှန်ကန်အောင်ဖြည့်နိုင်ရေးအတွက် စာရင်းကောက်အဖြစ် အထူးသင်တန်းပေးထားသူတွေထဲမှာ ဆရာ၊ ဆရာမ အများဆုံး ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဧပြီလအစောပိုင်းက မြို့နယ် (၂၀) မှာ သန်းခေါင်စာရင်း အစမ်း ကောက်ကြည့်တာကို ကျေနပ်တဲ့အတွက် ကမ္ဘာ့စံနှုန်းအတိုင်း သန်းခေါင်စာရင်းကောက်ယူနိုင်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ လူဦးရေပညာရှင်အကြံပေးအဖွဲ့က မှတ်ချက်ချပါတယ်။ စာရင်းကောက် တသိန်းကျော်က အိမ်ထောင်စု (၁၁) သန်းကျော်ကို စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း အတွေ့အကြုံနည်းတဲ့တိုင်းပြည်မှာ များပြားလှတဲ့ မေးခွန်းတွေကို အချိန်မီဖြည့်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို (၂၀၁၃) ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပါတယ်။ လူမှုစီးပွား၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ အကျိုးရှိစွာ အသုံးပြုနိုင်အောင် စာရင်းဇယား ကောက်ခံရတာလို့ ဆိုပါတယ်။ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနဲ့ စာရင်းအင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူတယ်လို့ ဥပဒေနိဒါန်းမှာ ဖော်ပြပါတယ်။ တိရစ္ဆာန်ကိုပါ စာရင်းကော်ဖို့ ဖော်ပြတာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ သန်းခေါင်စာရင်း မေးခွန်းပုံစံထဲမှာ တိရစ္ဆာန်ကို စာရင်းကောက်တာမျိုး မရှိပါဘူး။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအကြောင်း ရှင်းပြတဲ့စာရွက်စာတမ်းတွေမှာလည်း တိရစ္ဆာန်ကို ဘယ်လို စာရင်းကောက်မယ်ဆိုတာကို ဖော်ပြတာ မတွေ့ရပါဘူး။
ဦးသိန်းစိန်အစိုးရ တက်လာပြီး (၂) လအကြာမှာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နဲ့ စတင်ပူးတွဲဆောင်ရွက်ပြီး သန်းခေါင်စာရင်း စီမံကိန်းချတာမို့ (၃) နှစ်လောက် အချိန်ယူပြင်ဆင်တာ ထင်ရှားပါတယ်။ ဘယ်လုပ်ငန်းမဆို ကန့်သတ်ချက် တစုံတရာရှိတတ်ပေမယ့်၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပါဝင်ခွင့်ရတာဟာ သန်းခေါင်စာရင်းလုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။ သန်းခေါင်စာရင်းဟာ ဦးသိန်းစိန်အစိုးရရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်အဖြစ် ထင်ရှားနိုင်ပါတယ်။ သွားလာရခက်ခဲတဲ့ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ဝအထူးနယ်မြေမှာ မတ်လအစောပိုင်းက သန်းခေါင်စာရင်းကောက်ယူပါတယ်။ ဘာသာစကား အခက်အခဲရှိတဲ့ ဝဒေသမှာ လားဟူ၊ ရှမ်းနဲ့ တရုတ်စကားပြန်တွေကိုသုံးပြီး မတ်လ (၁) ရက်နေ့က (၁၂) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူပြီးစီးကြောင်း သိရပါတယ်။
ကိုလိုနီအရာရှိတောင် အယုံအကြည်မရှိတဲ့ ၁၉၃၁ သန်းခေါင်စာရင်းက သတ်မှတ်ခဲ့တဲ့ လူမျိုး (၁၃၅) မျိုးကို အခြေခံပြီး စာရင်းကေက်ယူမှာ ဖြစ်ပါတယ်။ မဆလခေတ် သန်းခေါင်စာရင်းကလည်း လူမျိုး (၁၃၅) မျိုးကို လက်ခံထားတာမို့ စာရင်းကောက်ပြီးမှ မှားယါင်းမှုနဲ့ လွဲချော်မှုတွေကို ပြင်ဆင်နိုင်မယ်လို့ အစိုးရဖက်က မြင်ပါတယ်။ (၁၃၅) မျိုးမှာမပါတဲ့ ရိုဟင်ဂျာကို သန်းခေါင်စာရင်းမှာ တိုင်းရင်းသားအဖြစ် ဖြည့်သွင်းဖို့ ကုတ် (code) နံပါတ် သတ်မှတ်မထားတဲ့အတွက် အခြားအုပ်စုအဖြစ် ရေတွက်မယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်း အကြိုရလဒ်ကို လာမယ့်သြဂုတ်လမှာ သိနိုင်မှာဖြစ်ပြီး နောက်ဆုံးရလဒ်ကို ရှေ့နှစ် ပထမ (၄) လပတ်မှာ သိရမှာမို့ အဲဒီအခါမှ တိုင်းပြည်အသွင်သဏ္ဍန်ကို မြင်ရပါလိမ့်မယ်။
ဆယ်နှစ်တကြိမ် ကောက်ရမယ့် သန်းခေါင်စာရင်းကို အနှစ် (၃၀) ကြာမှ ကောက်ယူတာမို့ အခက်အခဲအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုလို ကောက်ယူနိုင်တာကို တိုးတက်မှုအဖြစ် သတ်မှတ်ကြပါတယ်။ ဝင်ငွေနည်းတဲ့ ဖွံ့ဖြိုးစနိုင်ငံတွေမှာ ၂၀၀၆ က ၂၀၁၅ အထိ သန်းခေါင်စာရင်းကောက်ယူတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ စီမံကိန်းထဲမှာ မြန်မာနိုင်ငံ ပါဝင်သွားတာဟာလည်း သန်းခေါင်စာရင်းကောက်ယူနိုင်အောင် ဖန်းတီးပေးလိုက်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။