မြန်မာနိုင်ငံမှာ ပဋိပက္ခလျော့နည်းပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် သတင်းမီဒီယာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်နိုင်မယ်ဆိုတာကို လေ့လာတဲ့ Media and Conflict in Myanmar ဆိုတဲ့ စာတမ်းကို လွန်ခဲ့တဲ့ ဇန်နဝါရီလက ထွက်လာပါတယ်။ ဝါရှင်တန်အခြေစိုက် United States Institute of Peace က ဝါရင့်သုတေသီတွေဖြစ်တဲ့ Theo Dolan နဲ့ Stephen Gray ပြုစုတဲ့စာတမ်း ဖြစ်ပါတယ်။ ပြုပြင်ရေးအစီအစဉ်တွေကြောင့် အကျိုးအမြတ်ခံစားရသူထဲမှာ သတင်းမီဒီယာဟာ ထင်ရှားပါတယ်။ ချုပ်ချယ်မှု မရှိတော့တာကြောင့် အရင်က မကြားဘူးတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို သိရှိလာကြပါတယ်။
နှစ်ပေါင်းများစွာ တဖက်သတ်ဝါဒဖြန့်တဲ့ အစိုးရမီဒီယာ အတွေ့အကြုံသာရှိတဲ့ ပြည်သူလူထုဟာ လွတ်လပ်တဲ့ စာနယ်ဇင်းနဲ့ ရင်ဆိုင်ရာမှာ ပြဿနာ အနည်းအများရှိပါတယ်။ ဒါကြောင့် စာတမ်းရှင်တွေဟာ စာနယ်ဇင်းအခြေအနေကို ကွင်းဆင်းလေ့လာပြီး အလုပ်ရုံ ဆွေးနွေးပွဲနှစ်ကြိမ် ကျင်းပပါတယ်။ အစိုးရနဲ့ ပြည်သူအကြားက ပဋိပက္ခ၊ တိုင်းရင်းသားပဋိပက္ခနဲ့ လူမျိုးရေးပဋိပက္ခတွေမှာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို သုံးသပ်ထားပါတယ်။ အာဏာရှင်စနစ်ကြီးစိုးမှုကြောင့် အစိုးရနဲ့ ပြည်သူလူထုအကြား ယုံကြည်မှု နည်းပါးလာပါတယ်။ ပြည်သူက ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လွတ်လပ်မှုကို လိုလားပါတယ်။
ပြည်သူ့ပြဿနာကို အစိုးရက မဖြေရှင်းနိုင်လို့ ကန့်ကွက်ဆန္ဒပြပွဲတွေ များလာပါတယ်။ ပြည်သူ့ယုံကြည်မှုကို ရယူရလိမ်ဆိုတာ သဘောပေါက်လို့ အစိုးရက ပြုပြင်ရေးလုပ်နေတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေမှာ တာဝန်သိမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုရှိအောင် သတင်းမီဒီယာက ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ အလွဲသုံးစားလုပ်မှု အရေးယူရေး၊ တရားမျှတစွာ သယံဇာတ ခွဲဝေရေး၊ လူ့အခွင့်အရေး လေးစားရေးမှာ သတင်းမီဒီယာက ကူညီနိုင်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးကို လျစ်လျူရှုပြီး မြန်မာမှုပြုတာဟာ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းတခု ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေက နိုင်ငံရေးဆွေးနွေးပွဲလုပ်လိုပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားရဲ့ မကျေနပ်ချက်နဲ့ ခံစားချက်ကို နားလည်သဘောပေါက်ရေးနဲ့ ဖယ်ဒရယ်အရေးကို သတင်းမီဒီယာက အကူအညီပေးနိုင်ပါတယ်။
လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးအုပ်စု ပဋိပက္ခတွေမှာ သတင်းမီဒီယာအခန်းကဏ္ဍကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အရင်ကလည်း ဗုဒ္ဓဘာသာ နဲ့ မွတ်စလင် အုပ်စုပဋိပက္ခရှိခဲ့ပေမယ့် သတင်းပြန့်မှုနည်းပါးတာမို့ အခုလို ပဋိပက္ခ ပြန့်နံှ့သွားတာဟာ လူမှုရေးပဋိပက္ခကို ပိုပြီးပြင်းထန်စေပါတယ်။ ဘာသာရေး၊ လူမှုရေးပဋိပက္ခမှာ ပြည်တွင်းမီဒီယာက ဗုဒ္ဓဘာသာဖက်ကို ဦးစားပေးပြိး ပြည်ပမီဒီယာဟာ မွတ်စလင် ဒုက္ခရောက်တာကို အဓိကဖော်ပြပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုမဖြစ်အောင် ဗုဒ္ဓဘာသာဝင် နဲ့ မွတ်စလင် လက်တွဲတာကို ဖော်ပြနိုင်ပါတယ်။ မွတ်စလင် ၄၀၀ ကျော်ကို စောင့်ရှောက်တဲ့ မိတ္ထီလာက သံဃာတော်တပါးအကြောင်းဟာ ရေးစရာသတင်းကောင်းတခု ဖြစ်ပါတယ်။
ပဋိပက္ခ ဖြေရှင်းရာမှာ မြန်မာ့သတင်းမီဒီယာမှာ ကူညီနိုင်စွမ်းရှိရဲ့လားဆိုတာ ဆန်းစစ်ထားပါတယ်။ အစိုးရသတင်းစာကို အယုံအကြည် နည်းနေတုန်းဖြစ်ပြီး ပြည်သူယုံကြည်မှုရတဲ့ ပုဂ္ဂလိကစာစောင်တွေ ရှိလာပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချတဲ့ စာနယ်ဇင်းဖြစ်လာအောင် သတင်းသမား အရည်အသွေးကို မြှင့်တင်ဖို့ လိုပါတယ်။ ပဋိပက္ခသတင်းကို ရေးသားရာမှာ အတတ်ပညာ ကျွမ်းကျင်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းက ပဋိပက္ခဖြစ်တဲ့နေရာကို မသွားနိုင်မှုနဲ့ စဉ်စားချင့်ချိန်မှု ဖြစ်ပါတယ်။ လူကြိုက်များတဲ့ကိစ္စကို မဆန့်ကျင်ရဲတဲ့အတွက် ပြဿနာရှောင်တဲ့ သတင်းသမားတွေ များနေပါတယ်။ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဦးဝိရသူကို ဝေဖန်ရဲတဲ့ မြန်မာသတင်းသမား မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်ပြီး ဓမ္မဓိဌာန်ကျကျ လိမ္မာပါးနပ်စွာ တင်ပြနိုင်ဖို့ လိုအပ်နေပါတယ်။
သတင်းအတတ်ပညာ ကျွမ်းကျင်လာအောင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ ပူးတွဲပြီး သင်တန်းပေးတာတွေ ရှိပေမယ့် ယာယီအစီအစဉ်က များပါတယ်။ ဒါကြောင့် အပြိုင်အဆိုင် သင်တန်းပေးမယ့်အစား ကုလသမဂ္ဂအဖွဲ့ခွဲက ဦးစီးပြီး စနစ်တကျစိစဉ်တဲ့ သင်တန်းမျိုး လိုအပ်တယ်လို့ ဆိုပါတယ်။ သတင်းသမား လွတ်လပ်မှုကို ချုပ်ချယ်တဲ့ ဥပဒေကို ရုတ်သိမ်းသင့်တယ်လို့ မီဒီယာဖက်က ယူဆပါတယ်။ မနှစ်ကတော့ ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း ထွက်လာပါတယ်။ ဥပဒေဖြစ်သွားရင် ၁၉၆၂ ဥပဒေရုတ်သိမ်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပဋိပက္ခဖြစ်တဲ့ဒေသမှာ အစိုးရတပ်က သတင်းချုပ်ကိုင်သလို တိုင်းရင်းသားလက်နက်ကိုင်တွေက သြဇာအာဏာသုံးပြီး သတင်းကို လိုသလိုသုံးတာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် ပြည်နယ်တွေမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာရှိဖို့ လိုအပ်နေပါတယ်။ ပညာပေး အစီအစဉ်တွေ ထုတ်လွှင့်နိုင်ရင် ဗမာနဲ့ တိုင်းရင်းသား နားလည်မှု ပိုရလာမယ်လို့လည်း မြင်ကြပါတယ်။ ကရင်နဲ့ မွန်သတင်းဌာနတွေ ရှိလာတာ အားတတ်စရာ ဖြစ်ပေမယ့် သတင်းသမားနဲ့ အရပ်သားအဖွဲ့တွေ ပါဝင်နေတာကို အစိုးရဖက်က အသိအမှတ်ပြုပြီး ဆက်ဆံဖို့အတွက် သင်တန်းပေးဖို့ လိုအပ်တယ်လို့လည်း သတင်းသမားတွေဖက်က ယူဆကြောင်း မီဒီယာနဲ့ ပဋိပက္ခစာတမ်းမှာ ဖော်ပြထားပါတယ်။