လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က ပြဌာန်းတဲ့ စက်မှုဇုန်ဥပဒေဟာ ခေတ်နဲ့မဆီလျော်တဲ့အတွက် ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်ကိုတင်ပြဖို့ ကုန်သည်စက်မှုအသင်းချုပ်က ဒီဇင်ဘာ (၇) ရက်နေ့က ရန်ကုန်မှာ ဆွေးနွေးကြောင်းသိရပါတယ်။ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲနေတာ နှစ်ပေါင်းများစွာ စစ်အစိုးရတွေ ကြီးကြပ်ကွပ်ကဲခဲ့လို့ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ Dwight H. Perkins က မှတ်ချက်ချပါတယ်။ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့သူ ဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပြည်လုံးမှာ စက်မှုလုပ်ငန်းထွန်းကားလာအောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရတက်လာပြီး ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုပေမယ့် ပေါ်လစီလမ်းစဉ် ညံ့ဖျင်းမှုကြောင့် ဈေးကွက်မပီမပြင်ဖြစ်နေပြီး စက်မှုလုပ်ငန်းတိုးတက်ရေး နှောင့်နှေးကြန့်ကြာခဲ့ရပုံကို ဂျပန်နဲ့မြန်မာ ပညာရှင်အချို့ကလည်း စာတမ်းတွေပြုစုထားပါတယ်။ လျှပ်စစ်ဓါတ်အားမှန်မှန်မရမှု၊ ကုန်ကြမ်းမလုံလောက်မှု၊ မကြာခဏ စည်းမျဉ်းပြောင်းလဲမှု စတာတွေကြောင့် စက်မှုလုပ်ငန်းကဏ္ဍဟာ မတိုးတက်ဘဲ ရပ်တန့်နေတယ်လို့ ဂျပန်ပညာရှင် တိုရှီဟီရိုကူဒိုး က ဆိုပါတယ်။ ကိုဂျီကူဘိုး၊ အူမဲဇာကီ စတဲ့ ပညာရှင်တွေကလည်း အလားတူ ဝေဖန်သုံးသပ်ကြပါတယ်။
မြန်မာပညာရှင်ထဲမှာတော့ ဈေးကွက်သုတေသနဌာနက ဦးအောင်မင်းနဲ့ ရွှေစင်နန်းတော် စိုက်ပျိုးရေးလုပ်ငန်းက ဦးစံသိန်းတို့ရဲ့ သုတေသနစာတမ်းတွေက ထင်ရှားပါတယ်။ စက်မှုဇုန် (၁၈) ခုကို ၁၉၉၀ မှာ တည်ထောင်ခွင့်ပြုတာမို့ အနှစ် (၂၀) ကျော်နေပါပြီ။ စက်မှုဇုန်ဆိုတာ စက်ရုံအလုပ်ရုံတွေ လုပ်ငန်းအဆင်ပြေဖို့ ရည်ရွယ်တာဖြစ်လို့ အထူးစီးပွားရေးဇုန်နဲ့ ကွာခြားပါတယ်။ အထူးစီးပွားရေးဇုန်ကတော့ ကုန်လှောင်ရုံနဲ့ ပွဲရုံသဘောမျိုးဖြစ်ပြီး နိုင်ငံခြားကုန်သွယ်ရေးကို ဦးစားပေးပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်မှာ စက်မှုဇုန် (၇) ခု ထပ်တိုးလိုက်တဲ့အတွက် စက်မှုဇုန်စုစုပေါင်း (၂၅) ခု ရှိလာပါတယ်။ ဒါပေမဲ့ စက်မှုဇုန်မှာ မြေနေရာယူသူတွေထဲမှာ (၂၀) ရာခိုင်နှုန်းကသာ စက်ရုံတည်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ အသုံးမပြုရသေးတဲ့ စက်မှုဇုန်မြေနေရာ (၈၀) ရာခိုင်နှုန်းမှာ နိုင်ငံခြားအရင်းအနှီးဆွဲဆောင်ဖို့ လိုပါတယ်။
သယံဇာတ ရောင်းစားတာကို ဦးစားပေးတဲ့ စစ်အစိုးရခေတ်မှာ စက်မှုလုပ်ငန်းကဏ္ဍဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၂၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ အာဆီယံ (၁၀) နိုင်ငံထဲမှာ အနည်းဆုံးပါ။ ပုဂ္ဂလိကပိုင်နဲ့ စိုက်ပျိုးရေးကဏ္ဍကို မြေတောင်မြှောက်ပေးရမယ့်အချိန်မှာ အစိုးရက မကြာခဏ စွက်ဖက်နေလို့ မကြီးထွားနိုင်တာလို့ မြင်ကြပါတယ်။ ဈေးကွက်စီးပွားရေးမှာ အရေးပါတဲ့ ပုဂ္ဂလိကလုပ်ငန်းကို ချုပ်ချယ်မှု၊ ခရိုနီအကျိုးစီးပွားမြှင့်တင်မှု နဲ့ အစိုးရစက်မှုလုပ်ငန်း တိုးချဲ့မှုဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို နှောင့်နှေးစေပါတယ်။ မဆလ - ဆိုရှယ်လစ်ခေတ်မှာ အစိုးရပိုင်စက်မှုလုပ်ငန်း ငါးရာကျော်သာ ရှိခဲ့ပေမယ့် ဈေးကွက်စီးပွားရေး (၁၀) နှစ် ကျင့်သုံးတဲ့အခါမှာ အစိုးရပိုင်စက်မှုလုပ်ငန်း (၁၀၀၀) ကျော် ရှိလာတာဟာ ဆိုရှယ်လစ်လောင်းရိပ်က မထွက်နိုင်သေးတဲ့ သဘောအဖြစ် ရှုမြင်ကြပါတယ်။
အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လက်ဝါးကြီးအုပ်မှု၊ အခွင့်ထူးခံယူမှုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် အစိုးရစက်မှုလုပ်ငန်းတွေ ယိုးယွင်းပျက်စီးရပါတယ်။ အစိုးရပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးဟာ ဦးသိန်းစိန်အစိုးရ အရေးတကြီးလုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့စက်မှုလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ သယ်ယူပို့ဆောင်ခ ကြီးမြင့်တာလည်း ပါဝင်ပါတယ်။ ဥပမာ ကွန်တိမ်နာတလုံး မလေးရှားက ရန်ကုန်ကိုပို့ရင် ဒေါ်လာ (၁၀၀) သာ ကျပေမယ့် ရန်ကုန်ဆိပ်ကမ်းကနေ စက်မှုဇုန်တခုကို ပို့ဆောင်တဲ့အခါမှာ ဒေါ်လာ (၁၅၀) ကုန်ကျပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းရှိဖို့လိုတယ်လို့ မြင်ကြပါတယ်။ ဗိယက်နမ်ဟာ (၂၀၂၀) မှာ စီမံကိန်းပြီးစီးဖို့ သတ်မှတ်ထားပါတယ်။ မြန်မာ့စက်မှုလုပ်ငန်းရှင်တွေဟာ နိုင်ငံခြားနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှုးကြီးတွေ ကြီးစိုးနေခဲ့တဲ့ အနှစ် (၂၀) ကျော်မှာ ဆိုရှယ်လစ်လည်းမဟုတ်၊ ဈေးကွက်လည်းမဟုတ်ဘဲ အုပ်စုအမျိုးမျိုး ရောစပ်ပါဝင်ခဲ့တဲ့ ရောကျော်စီးပွားရေး ကျင့်သုံးတယ်လို့ အတိုင်ပင်ခံပညာရှင် Stuart Larkin က သုံးသပ်ပါတယ်။ ဦးသိန်းစိန်အစိုးရဟာ ပေါ်လစီလမ်းစဉ်ကို လွတ်လပ်စွာ ချမှတ်နိုင်ပေမယ့် ရောကျော်စီးပွားရေးမှာ ပါဝင်နေသူတွေကတော့ ရှေးမူမပျက်ဆက်ပြီး စခန်းသွားလိုကြတယ်တဲ့။ ရောကျော်စီးပွားရေးစနစ် ကျင့်သုံးပြီး ကိုယ်ကျိုးရှာတဲ့အတွက် ပုဂ္ဂလိက စက်မှုလုပ်ငန်း ကြီးထွားအောင် အစိုးရက လုပ်ဆောင်မပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သယံဇာတ ရောင်းချမှုကို အဓိကထားတဲ့ စီးပွားရေးကို အမွေဆက်ခံလိုက်ရတဲ့ ဦးသိန်းစိန်အစိုးရဟာ အသွင်ကူးပြောင်းရေးကိစ္စမှာ ဗိယက်နမ် နဲ့ တရုတ်ဆီက သင်ခန်းစာယူသင့်တယ်လို့ ဂျပန်ပညာရှင် ကိုဂျီကူဘိုး က အကြံပေးထားပါတယ်။
ရှေ့နှစ်မှာ ဦးသိန်းစိန်အစိုးရဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာပေမယ့် မြန်မာ့စက်မှုလုပ်ငန်းတွေဟာ အာဆီယံအဆင့်မီဖို့ အများကြီးလိုပါသေးတယ်။ ၂၀၁၅ မှာ စတင်ကျင့်သုံးမယ့် အခွန်တော် ကင်းလွတ်ရေးစနစ်ဟာ မြန်မာကုမ္ပဏိတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နေတဲ့ အာဆီယံကုမ္ပဏီတွေဟာ ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တာမို့ ပြည်တွင်းဈေးကွက်မှာ မြန်မာကုမ္ပဏီတွေထက် သာနေလိမ့်မယ်လို့ ဆိုပါတယ်။