လူဦးရေ ဘယ်လောက်ရှိမှန်း မသိနိုင်တဲ့ မြန်မာပြည်မှာ အနှစ် (၃၀) ကျော်မှ သန်းခေါင်စာရင်းကော်ကဖို့ စီစဉ်တာကို သတင်းထူးအဖြစ် ကမ္ဘာ့စာနယ်ဇင်းတွေက ဖော်ပြပါတယ်။ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နဲ့ ပူးတွဲလုပ်ကိုင်တဲ့ ဒေါ်လာသန်း (၇၀) ကျော် ကုန်ကျတဲ့ စီမံကိန်းကြီးဖြစ်လို့ တိကျမှန်ကန်ပြီး ပြည့်စုံတဲ့သမိုင်းတွင်မယ့် သန်းခေါင်စာရင်း ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ အလှုရှင်နိုင်ငံတွေက ယူဆပါတယ်။ သန်းခေါင်စာရင်းရှိမှ ရေရှည်တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာနိုင်မယ်လို့ ယုံကြည်ကြပါတယ်။
ဒါပေမဲ့ အခုလို လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အသေးစိတ်စာရင်းကောက်တဲ့အတွက် အခြေအနေ ပိုဆိုးလာမှာကို စိုးရိမ်နေတာပါ။ ဒီလောက် ကြီးကျယ်တဲ့ လူဦးရေစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ပြည်သူ့အင်အား ဦးစီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကို ချီးကျူးရမယ်လို့ ICG - International Crisis Group က ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ အန္တရာယ်ရှိနေတာကိုတော့ မမေ့သင့်ဘူးလို့ သတိပေးထားပါတယ်။
အခုလို အချိန်အခါမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုဖြစ်စေမယ့် ကိစ္စကိုရှောင်ရမယ်လို့ ICG က ဆိုပါတယ်။ ဒါကြောင့်မို့ မေးခွန်း (၄၁) ခုထဲက ပထမမေးခွန်းတွေဖြစ်တဲ့ အမည်၊ အသက်၊ လိင်၊ အိမ်ထောင်ရေးအခြေအနေ၊ အိမ်ထောင်ဦးစီးနဲ့ တော်စပ်ပုံ စတာတွေကိုသာမေးပြီး လူမျိုးနဲ့ ဘာသာကို ချန်ထားသာင့်တယ်လို့ ICG က ဆိုပါတယ်။ ၁၉၈၃ စာရင်းမှာ မွတ်စလင်ဦးရေဟာ တိုင်းပြည်လူဦးရေရဲ့ (၄) ရာခိုင်နှုန်း ရှိတယ်ဆိုပေမယ့် အမှန်က (၁၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ စာရင်းလိမ်တဲ့ မဆလ အကျင့်အတိုင်း အထက်လူကြီးကြိုက်အောင် မွတ်စလင်ဦးရေ လျှော့ထားတာမို့ တိုးပွားနေတာကိုသိရင် ပြဿနာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလို စိုးရိမ်စရာကောင်းတဲ့ စီမံကိန်းကို အကောင်အည်ဖော်တာ အန္တရာယ်ရှိနိုင်တာမို့ ရွှေ့ဆိုင်းသင့်တယ်လို့ Burma Campaign UK ကလည်း အကြံပေးပါတယ်။
စစ်အစိုးရလက်ထက်မှာ တရုတ်ဦးရေ အဆမတန် တိုးပွားလာတာကိုလည်း သန်းခေါင်စာရင်းမှာ တွေ့နိုင်ပါလိမ့်မယ်။ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ လိုက်နာသင့်တဲ့ မူတွေကို (၂၀၀၇) မှာ ကုလသမဂ္ဂက ပြဌာန်းပါတယ်။ ဒီအထဲမှာ မျိုးနွယ်ရောစပ်နေသူတွေကလည်း မိမိတို့ပါဝင်တဲ့ မျိုးနွယ်တွေကို ဖော်ပြခွင့်ရှိတယ်လို့ ဆိုပါတယ်။ ကိုလိုနီခေတ် သန်းခေါင်စာရင်းပါ လူမျိုး (၁၃၅) မျိုးကို လက်ခံတာဟာ ပြဿနာဖြစ်စေပါတယ်။ ၁၉၃၁ သန်းခေါင်စာရင်းဟာ စိတ်မချရဘူးလို့ စာရင်းကြီးကြပ်သူနဲ့ အစီရင်ခံစာရေးသူ J.J Bennison ကိုယ်တိုင်က ဝန်ခံထားပါတယ်။ ဒေသကိုလိုက်ပြီး ပြောပုံဆိုပုံ ဒေသိယစကားတွေ ကွာခြားတာကို လူမျိုးကွဲပြားမှုအဖြစ် စာရင်းကောက်ထားပါတယ်။ ဒါကြောင့် လူဦးရေနည်းတဲ့ ချင်းပြည်နယ်မှာ တိုင်းရင်းသား (၅၃) မျိုး ရှိနေတာ ဖြစ်ပါတယ်။
လူမျိုးဘာသာ ကွဲပြားခြားနားမှုကြောင့် အငြင်းပွားစရာ အရှုပ်အထွေးတွေ ရှိတာကို နိုင်ငံရေးအရ စေ့စပ်ဖြေရှင်းတဲ့ သာဓကတွေရှိကြောင်း နယ်သာလန်အခြေစိုက် Transnational Institute က ထောက်ပြပါတယ်။ မြန်မာကိစ္စမှာတော့ လူမျိုးရေး၊ နိုင်ငံရေး ဆက်စပ်မှုနဲ့ လူမျိုးရေး အချက်အလက် မှားယွင်းမှုကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ကရော အပြည်ပြည်ဆိုင်ရာ အလှုရှင်အစိုးရတွေကရော လျစ်လျူရှုထားကြောင်း ဖေဖေါ်ဝါရီ (၂၄) ရက်နေ့က ကြေညာပါတယ်။ ဒါပေမဲ့ လူမျိုးသတ်မှတ်ရာမှာ ရှုပ်ထွေးနေတဲ့ကိစ္စကို သန်းခေါင်စာရင်းကောက်ပြီးမှဖြေရှင်းဖို့ ကချင်၊ ရှမ်း၊ ပလောင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ နာဂ၊ မွန်နဲ့ ဗမာ စတဲ့ တိုင်းရင်းသား (၁၀) ဖွဲ့နဲ့ အရပ်သားအဖွဲ့ ကိုယ်စားလှယ်တွေ သဘောတူကြတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ဖေဖေါ်ဝါရီ (၂၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
လူမျိုးအမည်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးတွေဟာ မိမိတို့နှစ်သက်ရာ လူမျိုးအမည်ကို စာရင်းပေးသွင်းနိုင်တယ်လို့ အစိုးရအရာထမ်းတွေက ပြောပါတယ်။ ဒါပေမဲ့ အစ္စလမ်ဘာသာဝင် ကမန်မျိုးနွယ်စုပါဝင်တဲ့ ရခိုင်လူမျိုးစုတွေကတော့ ရိုဟင်ဂျာဆိုသူကို ဘင်္ဂလီမျိုးနွယ်အဖြစ်သာ သန်းခေါင်စာရင်းကောက်ယူဖို့ လိုလားနေကြပါတယ်။ ရိုဟင်ဂျာအမည်ကိုသုံးတဲ့ သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ မတ်လ (၁၆) ရက်နေ့က ရခိုင်ပြည်နယ်မှာ ဆန္ဒပြကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို သန်းခေါင်စာရင်းမှာ ထည့်သွင်းလိုက်ရင် ရိုဟင်ဂျာကို လူမျိုးအဖြစ် အသိအမှတ်ပြုသလို ဖြစ်သွားမှာကို ရခိုင်အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။
ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီစတဲ့ ရိုဟင်ဂျာပါတီတွေက အစိုးရကို ပန်ကြားထားပါတယ်။ အမိန့်နဲ့ မတားမြစ်ရင် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ ကို ထည့်သွင်းမယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာရဲ့ အခန်းကဏ္ဍဟာ အစိုးရကိုယ်တိုင် ဖြေရှင်းရမယ့် ရှောင်ရှားလို့မရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရလုပ်ရပ်ကို အယုံအကြည်နည်းတဲ့ အရပ်ဒေသတွေမှာ သန်းခေါင်စာရင်း မေးခွန်းတွေကို အမှန်အတိုင်း ဖြေပါ့မလားဆိုတာဟာ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်နေကြောင်း တင်ပြလိုက်ရပါတယ်။