ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းကို ထောက်ခံအားပေးတဲ့ အနောက်နိုင်ငံတွေဟာ ဗမာစစ်တပ်နဲ့ ပြန်လည်ဆက်သွယ်ရေးကိုလည်း စိတ်ဝင်စားကြပါတယ်။ ဗိုလ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗိယက်နမ်၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ပြီး ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ပေမယ့် အင်္ဂလိပ်-အမေရိကန်နဲ့ ပြန်လည်ဆက်သွယ်ဖို့ကိစ္စမှာ အစပျိုးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေအကြောင်း နားလည်းအောင် ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ အင်္ဂလန်မှာ အတော်လေး အငြင်းပွားကြပါတယ်။
ဗြိတိသျှကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ရဲ့ ဇွန်လ နေပြည်တော်ခရီးကစပြီး အင်္ဂလိပ်-မြန်မာ စစ်ဘက်ပုံမှန်ဆက်ဆံရေး ပြန်စတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ့အသွင်ကူးပြောင်းရေးကို ကူညီအားပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး လေးစားရေးနဲ့ လက်နက်ကိုင်ပဋိပက္ခမှာ လိုက်နာရမယ့် ကမ္ဘာ့စည်းမျဉ်းဥပဒေအကြောင်း ဗမာစစ်ဗိုလ်တွေကို သင်တန်းပို့ချမယ်လို့ သိရပါတယ်။ ဗမာစစ်တပ်ကို ယဉ်ကျေးသိမ့်မွေ့လာအောင်လုပ်မယ့် အစီအစဉ်ဖြစ်ပေမယ့် အဆိပ်ပင်ရေလောင်းတဲ့ အပြုအမှုအဖြစ် လန်ဒန်အခြေစိုက် အဖွဲ့အစည်းတွေက ဝေဖန်ရှုတ်ချပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်ပိုင်းဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာ တာဝန်သိသိနဲ့ ပါဝင်လိုပုံရတယ်လို့ Sir David Richards က ယူဆပါတယ်။ အမေရိကန်ကလည်း ဒီသဘောအတိုင်း မြင်ပုံရပါတယ်။ စစ်မှုထမ်းပီသရေး၊ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးလိုကြောင်း အမေရိကန်သမ္မတ အကြံပေး Ben Rhodes က သြဂုတ်လ မြန်မာပြည်ခရီးစဉ်မှာ ပြောသွားပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အပြည်ပြည်ဆိုင်ရာဥပဒေဌာနက သင်တန်းပေးမယ့်အစီအစဉ် ဖြစ်ပါတယ်။ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုတော့ အမေရိကန်က စဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သင်တန်းပေးတိုင်း စစ်ဗိုလ်တွေ စိတ်ပြောင်းတာ မဟုတ်တဲ့ သာဓကတွေ ရှိပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကြီးကြပ်တဲ့ အပြည်ပြည်ဆိုင်ရာ စစ်ပညာသင်တန်း အစီအစဉ်အရ (၁၉၈၈) မတိုင်မီက အမေရိကန်မှာ သင်တန်းတက်ခဲ့တဲ့ ဗမာစစ်ဗိုလ်နှစ်ရာလောက် ရှိပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်ကျောင်းဆင်းစစ်ဗိုလ်တွေဟာ ဗမာစစ်တပ်ကို ချုပ်ကိုင်နိုင်တဲ့ အဆင့်အထိ ရောက်မလာကြပါဘူး။ အမေရိကန် စစ်ပညာသင်တန်းတက်တဲ့ တိုင်းပြည် (၁၂၀) ကျော်ရှိပေမယ့် စစ်မှုထမ်းပီသမှုနဲ့ လူ့အခွင့်အရေးလေးစားမှုကို စောင့်ကြည့်နိုင်တာ မဟုတ်ဘူးလို့ သင်တန်းရဲ့ ထိရောက်မှုအတိုင်းအတာကိုလည်း မသိနိုင်ဘူးလို့ Government Accountability Office ရဲ့ ၂၀၁၁ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးမလေးစားတဲ့ ဗမာစစ်ဗိုလ်ကို သင်တန်းပေးဖို့ အလျင်စလို မလုပ်သင့်ဘူးလို့ အမေရိကန်လွှတ်တော်အမတ်အချို့ကလည်း ယူဆပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်ပြီး အခြားတိုင်းရင်းသားဒေသတွေမှာ သောင်းကျန်းနေတဲ့ ဗမာစစ်တပ်နဲ့ ပြန်လည်ဆက်ဆံဖို့ ဆုံးဖြတ်တာဟာ မကောင်းမှုတွေကို အသိအမှတ်ပြုရာရောက်တယ်လို့ ယူဆတဲ့ လွှတ်တော်အမတ်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ သင်တန်းဟာ တိုင်းရင်းသားဒေသမှာ နှိပ်စက်ညှဉ်းပမ်းနေသူကို သင်တန်းပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဗမာစစ်တပ်နဲ့ ဆက်ဆံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော် အာရှပစီဖိတ်ဆပ်ကော်မတီမှာ စက်တင်ဘာက ကြားနာပွဲ လုပ်ပါတယ်။ မသေချာမရေရာတဲ့ အခြေအနေမှာ ဗမာအစိုးရကို အလိုလိုက်ပြီး ဗမာစစ်တပ်နဲ့ ဆက်ဆံဖို့ ဆုံးဖြတ်တာဟာ မလုပ်သင့် မလုပ်အပ်တဲ့ အပြုအမှုဖြစ်ကြောင်း ဆပ်ကော်မတီဥက္ကဋ္ဌ ကွန်ဂရက်လွှတ်တော်အမတ် Steve Chabot က ဝေဖန်ပါတယ်။ ဗမာစစ်တပ်နဲ့ ဆက်ဆံတာကို ဘဝင်မကျ ဖြစ်နေပုံရပါတယ်။
ပြုပြင်ပြောင်းလဲမှုမရှိတဲ့ ဗမာစစ်တပ်ကို ဆက်ဆံတာဟာ မျှော်လင့်ချက်ပေါ်မှာ အခြေခံတဲ့ကိစ္စဖြစ်လို့ လက်တွေ့မကျကြောင်း အောက်တိုဘာနှောင်းပိုင်းက ကျင်းပတဲ့ Heritage Foundation ဆွေးနွေးပွဲမှာလည်း စတိဖ်ရှာဘတ် က ဝေဖန်ပြန်ပါတယ်။ စစ်ရေးဆက်ဆံမှုမလုပ်မီ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဟာ လူ့အခွင့်အရေး လေးစားကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုကြောင်း၊ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ကြောင်း၊ အရင်ဆုံးပြသဖို့ လိုတယ်လို့ စတိဖ်ရှာဘတ် က ဆိုပါတယ်။ တကယ်တော့ အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ကြောင်းပြချင်တာနဲ့ စစ်ရေးအရ ဆက်ဆံလာရတာလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က John Sifton က မြင်ပါတယ်။ ဘာမှလုပ်ပြစရာမလိုဘဲ အမေရိကန်လို အင်အားကြီးနိုင်ငံက အသိအမှတ်ပြုတာဟာ ဗမာစစ်တပ် အကြီးအကျယ် အမြတ်ထွက်တယ်လို့ ဆိုပါတယ်။
စစ်တပ်ကို သီးခြားအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာမို့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတွေထဲမှာ စစ်တပ်ကို ပြုပြင်မယ့်အစီအစဉ် မပါနိုင်ပါဘူး။ လွှတ်တော်မှာလည်း စစ်တပ်အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ကိစ္စကိုသာ စစ်တပ်ကိုယ်စားလှယ်က ဆွေးနွေးပါတယ်။ ဒီမိုကရေစီပြုပြင်ရေးကို နှောင့်နှေးအောင်လုပ်နိုင်တဲ့ ဗမာစစ်တပ်နဲ့ လက်တွဲလုပ်ကိုင်ဖို့ စီစဉ်တာဟာ ဒီမိုကရေစီမြှင့်တင်ရေးလားလို့ အမေရိကန် နဲ့ အင်္ဂလိပ်အစိုးရတွေကို မေးခွန်းထုတ်နေကြပါတယ်။