သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားနှစ်သန်းကျော် နေရပ်မပြန်ပဲ ထိုင်းဗီဇာတိုးခွင့်ရမည်


မြန်မာရွှေ့ပြောင်းအလုပ်သမားများ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား၂သန်းကျော် ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးချက်အရနေရပ်ပြန်စရာမလိုပဲ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်း ၂နှစ်အထိ တိုးပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာလိုက်တာကြောင့် အလုပ်သမားရေးအဖွဲ့ တွေကကြိုဆိုခဲ့ပေမဲ့ ဗီဇာကြေးကတော့ ၈ဆလောက်မြင့်တက်သွားမှာ ကိုတော့ ဆက်လက်ညှိနှိုင်းပေးဖို့ မြန်မာသံရုံးကို တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၂၀ မတိုင်ခင်မှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့သာ အလုပ်လုပ်ခွင့်ပြုတော့မှာဖြစ်လို့ အလုပ်သမားတွေကို နေရပ်ပြန်လုပ်ဖို့ ထိုင်းအစိုးရက ဥပဒေထုတ်ခဲ့တာပါ။ အခုအခါမှာထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူပြီး အလုပ်သမား ၂သန်းကျော် နေရပ်ပြန်စရာ မလိုပဲ ဗီဇာတိုးပေးမယ့် အကြောင်း ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အရ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အတွက် ၂ဖက် အကျိုးရှိတာကြောင့် ကြိုဆိုခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌဦးအောင်ကျော်က ပြောပါတယ်။

“ ၂သန်းကျော် လုပ်သားတွေအားလုံး ကိုယ့်တိုင်းပြည်ကိုယ် ပြန်ကြမယ်ဆိုရင် အချိန်ကာလကြာမယ် အလုပ်ရှင်တွေဘက်ကလည်း လိုအပ်တဲ့ ပြဿနာတွေရှိမယ်။ ကုန်ထုတ်လုပ်မူတွေလည်း လျော့နည်း သွားနိုင်မယ် ။ အလုပ်သမားတွေဘက်ကကြည့်မယ် ဆိုရင်လည်း စရိတ်စကများမယ်။ အချိန်တွေ ကာလ နဲ့ချီ အသုံးချရမယ် နှစ်နိုင်ငံအစိုးရတွေ ဆွေးနွေးတာ မြန်မာနဲ့ ထိုင်းတွေ လက်ခံလိုက်တာကဒီလုပ်သားတွေ နေရပ်ရင်းပြန်စရာမလိုပဲ ထိုင်းနိုင်ငံအတွင်းမှာပဲ ဆက်လက်ပြီး သက်တမ်း တိုးမယ် ဆိုတာကိုကြေညာပေးလိုက်တာ။ လုံးဝပြန်စရာမလိုဘူးဆိုတာ အတည်ပြုလိုက်တယ်။ ကုန်ကျစရိပ်တွေလည်း ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။”

အလုပ်သမားတွေရဲ့ ဗီဇာကြေး၊ အလုပ်လုပ်ခွင့် ပါမစ်ကြေး ၊သွေးစစ်ခ စတာတွေကိုပါ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ကြေညာခဲ့တဲ့အခါမှာ ဗီဇာကြေးဟာ လွန်ခဲ့တဲ့ ၂၀၁၀ ကနေစပြီး ပြီးခဲ့တဲ့နှစ်ကထိ ကောက်ယူခဲ့တဲ့ နှုန်းထားထက် ၈ဆလောက် မြင့်တက်သွားတာမို့ နှစ်နိုင်ငံ ညှိနှိုင်းပေးဖို့ မြန်မာသံရုံးကို အကြံပြုခဲ့တယ်လို့လည်းဆိုပါတယ်။

“၂နှစ်ကိုမှ ဗီဇာဘတ် ၅၀၀ပဲ အခု ထိုင်းအစိုးရကြေညာလိုက်တာက ဗီဇာကို တနှစ်ချင်းပေးသွားမယ် ။ တနှစ်ကို ၁၉၀၀ လို့ပြောသွားတယ် အဲဒီအချက်က ကျနော်လို့လုံးဝလက်မခံနိုင်တဲ့ အနေအထား”

အလုပ်သမားတွေကတော့ နေရပ်ပြန်ပြီး MOU စနစ်နဲ့ ပြန်လုပ်ရမယ့် ကိစ္စဟာ ၂လလောက်ကြာနိုင်တာမို့အလုပ်လက်မဲ့ဖြစ်ရမဲ့ အခြေအနေတရပ်ကို စိုးရိမ်ပူပန်ကြတာပါ။ အခုလို ထိုင်းအစိုးရ ဘက်က ကြေညာချက် ထုတ်ပြန်ပြီး နေရပ်ပြန်စရာမလိုပဲ စီစဉ်ဆောင်ရွက်ပေးမယ် ဆိုတာကိုတော့ ကြိုဆိုခဲ့ကြပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG