ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၁၁ ရက်နေ့မှာ စတင်ပါတယ်။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ ဖြစ်ကြတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ အမြင် သဘောထားတွေကို တိုင်းရင်းသားလူငယ် မဟာမိတ်အဖွဲ့က စိုင်းအောင်မြင့်ဦး၊ ချင်းလူငယ်အဖွဲ့က ဂျွန်ထောင်း၊ လားဟူ လူငယ်အဖွဲ့က ကြာရှဲ၊ စစ်ပွဲတွေ ရပ်စဲရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်မီတီဝင်လည်း ဖြစ်တဲ့ လွမ်ဇောင်း၊ စစ်ပွဲဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။