သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံတတိယအစည်းအဝေး ဂျူလိုင် ၁၁ မှာ ကျင်းပမည်


 ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်။ (ဇွန်၂၉၊ ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)
၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်။ (ဇွန်၂၉၊ ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာနမှာ ကျင်းပမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၂၉ ရက် သောကြာနေ့က နေပြည်တော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကျင်းပမယ့်ရက်ကို အခုလို အတည်ပြု သတ်မှတ်လိုက်တာပါ။

အဲဒီ UPDJC အစည်းအဝေးအတွင်းမှာပဲ ညီလာခံအစီအစဉ်ကို အတည်ပြုတာ၊ ညီလာခံ ဖွင့်ပွဲမှာ JMC အစီရင်ခံစာ တင်သွင်းရေး ကိစ္စ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက် ကိုင်အဖွဲ့ EAO တွေကို ဖိတ်ကြားရေးကိစ္စ၊ ညီလာခံကို လေ့လာသူတွေ ဖိတ်ကြားရေးနဲ့ လေ့လာသူဦးရေ သတ်မှတ်ရေးကိစ္စ စတာတွေကို ဆွေးနွေးကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခုကျင်းပမယ့် အစည်းအဝေးကို NCA လက်မှတ်မထိုးရသေးတဲ့ EAO အဖွဲ့တွေထဲက ဘယ်အဖွဲ့တွေကို ဖိတ်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

အထူးသဖြင့်တော့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ကို ဖိတ်မဖိတ်ဆိုတာနဲ့ ဘယ်လို ဖိတ်မယ်ဆိုတာတွေကို ရှင်းရှင်း လင်းလင်း မသိရသေးသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က သဘောထားကိုလည်း အတိအကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG