သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)

အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးရသတင်းများစုစည်းမှု

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်သော နောက်ဆုံးရသတင်းများနဲ့ ဗွီဒီယိုများကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၁၇:၅၈ ၆.၁၁.၂၀၂၄

ကြိုတင်ရလဒ်အရ ရွေးကောက်ပွဲနိုင်ကြောင်း Trump ကြေညာ

နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင်အဓိက ကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris အနိုင်ရဖို့အတွက် အရေးနိမ့်နိုင်ခြေ ပိုများလာပါတယ်။

၁၈:၀၃ ၆.၁၁.၂၀၂၄

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရ

အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့သမ္မတဟောင်းလည်းဖြစ်ပြီး လက်ရှိရွေးကောက်ခံသမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် (နိုဝင်ဘာ ၅၊ ၂၀၂၄)
ရီပတ်ဘလီကန်ပါတီရဲ့သမ္မတဟောင်းလည်းဖြစ်ပြီး လက်ရှိရွေးကောက်ခံသမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် (နိုဝင်ဘာ ၅၊ ၂၀၂၄)

၀၂:၂၄ ၇.၁၁.၂၀၂၄

ထရမ့် ရွေးကောက်ပွဲ အနိုင်ရမှု ဟဲရစ် လက်ခံ

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဒုသမ္မတ ဟဲရစ်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ထရမ့်အနိုင်ရတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို သမ္မတဘိုင်ဒန်ကလည်း ဗုဒ္ဓဟူးနေ့ မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို ဆက်သွယ်ပြောကြားဖို့ရှိတယ်လို့ သူ့လက်ထောက်တွေက ပြောပါတယ်။ အပြည့်အစုံဖတ်ရှုရန် - နှိပ်ပါ။

ဒုသမ္မတ ကင်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့အား သီးခြားစီတွေ့ရစဉ် (ယခင်ပုံဟောင်း)
ဒုသမ္မတ ကင်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့အား သီးခြားစီတွေ့ရစဉ် (ယခင်ပုံဟောင်း)

၀၅:၀၄ ၈.၁၁.၂၀၂၄

အာဏာလွှဲပြောင်းရေး ချောမွေ့စေရမည်ဟု သမ္မတဘိုင်ဒန် အာမခံပြောဆို

ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ( အပြည့်အစုံ ဖတ်ရှုရန် )

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG