သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)

အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးရသတင်းများစုစည်းမှု

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်သော နောက်ဆုံးရသတင်းများနဲ့ ဗွီဒီယိုများကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၂၁:၂၁ ၅.၁၁.၂၀၂၄

အမေရိကန် ရွေးကောက်ပွဲမှာ လွှတ်တော်ကို ထိန်းချုပ်နိုင်ရေး အဆုံးအဖြတ်ပေးဖွယ်ရှိ

ဒီကနေ့ အင်္ဂါနေ့မှာကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် လွှတ်တော် နှစ်ရပ်လုံးကို အများစုနဲ့ထိန်းချုပ်နိုင်ရေးဟာ အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ သမ္မတအသစ်ရဲ့ အစီစဉ်တွေကို ထောက်ခံ အားပေးမလား၊ ဒါမှမဟုတ်ကန့်ကွက်မလား ဆိုတာကတော့ လွှတ်တော်နှစ်ရပ်ရဲ့ လက်ထဲမှာ ရှိပါတယ်။ သတင်းအပြည့်အစုံကို အောက်ပါ ဓါတ်ပုံလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၅) ရက်မနက်အစော မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ အက်ရှ်ဗေးလ်မြို့မှာ မေရိကန်သမ္မတရွေးကောက်ပွဲမဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၅၊ ၂၀၂၄)
ဒီကနေ့ နိုဝင်ဘာလ (၅) ရက်မနက်အစော မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ အက်ရှ်ဗေးလ်မြို့မှာ မေရိကန်သမ္မတရွေးကောက်ပွဲမဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၅၊ ၂၀၂၄)
၂၁:၂၅ ၅.၁၁.၂၀၂၄

ရွေးကောက်ပွဲရလဒ် အငြင်းပွားနိုင်ခြေ ပြင်ဆင်မှု

မနက်ဖြန် အင်္ဂါနေ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်ကို ရွေးချယ်ဖို့ ရွေးကောက်ပွဲ ကျင်းပပါပြီ။ ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump တို့ဟာ မဲ အပြတ်အသတ်နဲ့ အနိုင်ရမဲ့အနေအထားမှာ မရှိတာကြောင့် ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သတ်ပြီး တရားတဘောင် အငြင်းပွားစရာတွေ ရှိလာမယ်ဆိုရင် ရင်ဆိုင်ဖို့ နှစ်ပါတီစလုံးက အဖွဲ့တွေက အဆင်သင့် ပြင်ထားကြပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲရလဒ် အငြင်းပွားနိုင်ခြေ ပြင်ဆင်မှု
please wait

No media source currently available

0:00 0:03:02 0:00


၂၁:၃၀ ၅.၁၁.၂၀၂၄

၂၁:၄၇ ၅.၁၁.၂၀၂၄

ရွေးကောက်ပွဲကို ပြည်ပက နှောက်ယှက်မယ့် အန္တရာယ် အမေရိကန်ထောက်လှမ်းရေး သတိပေး

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အမေရိကန်ပြည်သူတွေအကြား ရွေးကောက်ပွဲကို အကြောင်းပြုပြီး သွေးကွဲအောင်၊ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးတဲ့ ပြည်ပက လှုံဆော်တဲ့ လုပ်ရပ်တွေကို သတိထားဖို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို အောက်ပါ ဓါတ်ပုံလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG