ရွေးကောက်ပွဲအနိုင်ရ Donald Trump က သူ့အစိုးရအဖွဲ့အတွင်း ပါဝင်မယ့်သူတွေကို ရွေးချယ်နေတာမှာ အိမ်ဖြူတော် ပြောခွင့်ရသူအဖြစ် အသက် ၂၇ နှစ်အရွယ် Karoline Leavitt ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး အိမ်ဖြူတော်ပြောခွင့်ရသူ ဖြစ်လာမှာပါ။
Donald Trump အနိုင်ရခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က သူ့ကို ထောက်ခံသူတွေ ပျော်ရွှင်နေကြပါတယ်။ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ Trump သမ္မတ သက်တမ်းအတွင်း ဖက်ဒရယ်ဥပဒေအရ လွှမ်းမိုးပယ်ဖျက်လာနိုင်တဲ့ မူဝါဒကို ကာကွယ်နိုင်အောင် ပြည်နယ်လွှတ်တော် အထူး အစည်းအဝေး ကျင်းပဖို့ ပြောနေပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့နဲ့ ရင်းနှီးတဲ့ မဟာမိတ်တဦးကို အမေရိကန် ထောက်လှမ်းရေးဌာနကို ဦးဆောင်ဖို့ ရွေးချယ် အဆိုပြုထားပါတယ်။ ထရမ့်သမ္မတ သက်တမ်း ဇန်နဝါရီမှာစတင်တဲ့အခါ သူအဆိုပြုထားသူဟာ ထောက်လှမ်းရေးအေဂျင်စီတွေကို ကြီးကြပ်နိုင်ပါ့မလားဆိုတဲ့အကြောင်း ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့အချိန်ကနေ ဇန်နဝါရီမှာ သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်အထိ ရွေးကောက်ခံသမ္မတနဲ့ သူ့အဖွဲ့က ဘာတွေပြင်ဆင်ရပါလဲ၊ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့က ဘယ်လိုပူးပေါင်းဆောင်ရွက်ပေးနေရလဲဆိုတာတွေကို ဗွီအိုအေပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် နေရာ ၂၁၈ နေရာ အနိုင်ရလိုက်ပြီဖြစ်တဲ့အတွက် အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ပါ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
သမ္မတ Joe Biden နဲ့ Donald Trump အကြား အရေးကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ပြည်တွင်းရေး ကိစ္စတွေအပြင် ယူကရိန်း စစ်ပွဲ အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ အိမ်ဖြူတော်အရာရှိတွေ ပြောဆိုထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ဟာ ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ကတိ အတိုင်း သန်းနဲ့ချီတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေးအတွက် အရင် သူသမ္မတလက်ထက်က ယာယီ လူဝင်မှုကြီးကြပ်ရေးအကြီးအကဲဖြစ်ခဲ့ဖူးတဲ့ Tom Homan ကို တာဝန်ပေးဖို့ ရွေးချယ်လိုက်ပါတယ်။
တက်စလာ (Tesla) ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အနိုင်ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တာကြောင့် လာမယ့် သမ္မတသစ်လက်ထက် လျှပ်စစ်ကား လုပ်ငန်းရဲ့ အနာဂတ်ကို ဘယ်လို လွှမ်းမိုးသွားမလဲဆိုတာကို လျှပ်စစ်ကားလုပ်ငန်းလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
အမေရိကန်အစိုးရအဖွဲ့အတွင်း လူသစ်ခန့်အပ်မှုတွေမှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပြီး အထက်လွှတ်တော်ရဲ့ အတည်ပြုချက်မလိုဘဲ သမ္မတရဲ့ သဘောနဲ့ခန့်ထားခွင့်ရဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ရီပတ်ဘလစ်ကန် ပါတီဝင်အမတ်တွေကို ဖိအားပေးနေပါတယ်။
ရီပတ်ဘလစ်ကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တဲ့ Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့်သူ့အစိုးရအဖွဲ့မှာပါဖို့ ကမ်းလှမ်းမှာ မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်