သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ စစ်ရေးပူးပေါင်းမှု နောက်ဆုတ်ဖို့မရှိ (ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး)


Russia Iran
Russia Iran

ရုရှားရဲ့ အီရန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ပထဝီနိုင်ငံရေး ဖိအားပေးမှုတွေကြောင့် နောက်ဆုတ်သွားမှာ မဟုတ်ဖူးလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က စနေနေ့မှာ ပြောပါတယ်။ ရုရှားကို မောင်းသူမဲ့ယာဉ် ရောင်းချမှု ရပ်ပစ်ဖို့ အမေရိကန်ရဲ့ ပြောဆိုချက်တွေနောက်ပိုင်း အခုလို ပြောကြားလိုက်တာပါ။

ရုရှားန့ အီရန်ပူးပေါင်းဆောင်ရွက်မှုတွေမှာ အပြောင်းအလဲ ဘာမှ မရှိပဲ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီး ကိုယ်ပိုင်လွတ်လပ်မှုရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ အတွက် အမေရိကန်နဲ့ သူ့ဘက်သားတွေ ပြောတာနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ကြောင်း ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ရုရှားအစိုးရ RIA သတင်းမှာ ဖေါ်ပြထားတာပါ။

ယူကရိန်းကို တိုက်နေတဲ့ စစ်ပွဲမှာ ရုရှားတပ်တွေ သုံးနေတဲ့ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့ဒရုန်းယာဉ်တွေကို ရုရှားကို မရောင်းချဖို့ အမေရိကန်က ဖိအားပေးနေကြောင်း ဒီလအစောပိုင်းမှာပဲ Financial Times သတင်းစာကြီးက အီရန်အရာရှိတဦးနဲ့ ဒီကိစ္စ ဆွေးနွေးပြောဆိုမှုကို သိထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး ဖေါ်ပြထားတာပါ။

ရုရှားတပ်တွေက မနှစ်ကစပြီး ယူကရိန်းနိုင်ငံထဲကို တိုက်ခိုက်ရာမှာ အီရန်လုပ် Shahed ဒရုန်းတွေကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ သူတို့ ပျံသန်းဖို့ လေယာဉ်ပြေးလမ်းမလိုပဲ ဝင်တိုက်မိတာနဲ့ ပေါက်ကွဲစေတဲ့ အတွက် သူတို့ကို အသေခံ Kamikaze ဒရုန်းလက်နက် လို့ခေါ်ကြတာပါ။

အီရန်က ယူကရိန်းကို ရုရှားဝင်မသိမ်းခင် ၂၀၂၂ ဖေဖေါ်ဝါရီမှာ ရုရှားကို ရောင်းချခဲ့တယ်လို့ ပြောပါတယ်။ ရုရှားအစိုးရကတော့ သူတို့ရဲ့ ကျူးကျော်စစ်မှာ အီရန်ဒရုန်းတွေ မသုံးကြောင်း ပြောနေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူအရာရှိတဦးကတော့ အီရန်ဟာ ရုရှားကို ၂၀၂၂ သြဂုတ်လကစပြီး ဒရုန်းယာဉ် ရာပေါင်းများစွာ ပေးပို့ခဲ့တယ်လို့ ဇွန်လထဲမှာပဲ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG