သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC ဖမ်းဝရမ်းထုတ်ထားတဲ့ သမ္မတ Putin BRICS ထိပ်သီးပွဲမှာ ဗီဒီယိုနဲ့ ပါဝင်


SAFRICA-DIPLOMACY-POLITICS-BRICS
SAFRICA-DIPLOMACY-POLITICS-BRICS

အင်္ဂလိပ်အက္ခရာ BRICS (ဘရစ်စ်) လို့ အတိုသိကြတဲ့ ၅ နိုင်ငံ ထိပ်သီး အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတပူတင် မတက်ရောက်ပေမဲ့ တရုတ်သမ္မတ Xi Jinping နဲ့ တခြား နိုင်ငံ ခေါင်းဆောင်တွေဟာ သုံးရက်ကြာအစည်းအဝေးကို အင်္ဂါနေ့က တောင်အာဖရိက မှာ စလိုက်ကြပါတယ်။

ဘရစ်အဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိက ၅ နိုင်ငံ ပါဝင်ကြတာပါ။ ဘရာဇီးသမ္မတ လူးဝစ္စ အီနာစီယို လူလာ ဒါ ဆီလ်ဗား (Luiz Inácio Lula da Silva) ၊ အိန္ဒိယ ဝန်ကြီးချုပ် နာရိန္ဒါ မိုဒီ၊ တရုတ်သမ္မတ Xi Jinping နဲ့ တောင်အာဖရိကသမ္မတ ဆီရီးလ် ရာမာဖိုးစ (Cyril Ramaphosa) တို့လည်း တက်ရောက်နေကြပါတယ်။ COVID 19 ကပ်ဘေးပြီးကတည်းက ဒါဟာ လူပုဂ္ဂိုလ်တွေ တက်ရောက်တွေ့ဆုံကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှား သမ္မတပူတင်ကတော့ ဗွီဒီယိုကနေပဲ ပါဝင်မှာပါ။

ယူကရိန်းက ကလေးတွေကို ရုရှားခေါ်သွားတဲ့အမှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက မတ်လမှာ သမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ဘရစ်စ် အုပ်စုကို ၂၀၀၉ မှာ ၄ နိုင်ငံနဲ့စခဲ့တာဖြစ်ပြီး ၂၀၁၀ မှာ တောင်အာဖရိက ပါဝင်လာခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ ၁၀ ယောက်မှာ ၄ ယောက်က ဒီ ၅ နိုင်ငံမှာ နေထိုင်နေကြပြီး ကမ္ဘာ့စီးပွါးရေးထုတ်လုပ်မှုရဲ့ ၃၀ ရာနှုန်းကို ထုတ်လုပ်နေကြပါတယ်။ တောင်အာဖရိက တာဝန်ရှိသူတွေရဲ့အပြောအရ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ယူအေအီး နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ဒီအုပ်စုဝင်ဖြစ်ဖို့ လျှောက်ထားကြပါတယ်။ ယခု ထိပ်သီး အစည်းအဝေးကိုလည်း ဆော်ဒီ နိုင်ငံခြား‌ရေးဝန်ကြီးမင်းသားကြီး ဖိုင်ဆယ် ဘင် ဖာဟန် (Faisal bin Farhan) နဲ့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ (Ebrahim Raisi) တို့လည်း တက်ရောက်ကြပါတယ်။

ဘရစ်အဖွဲ့ဝင်သစ်တွေ လက်ခံဖို့အတွက် မူလ ၅ နိုင်ငံက စံနှုန်းတွေသတ်မှတ်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG