သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ရေရှည်ခံမယ့်အပစ်ရပ်ရေး သဘောတူဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က NATO ဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံဖြေကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (နိုဝင်ဘာ ၁၃၊ ၂၀၂၄)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က NATO ဌာနချုပ်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံဖြေကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (နိုဝင်ဘာ ၁၃၊ ၂၀၂၄)

ဂါဇာမှာရှိနေသူတွေထံ အကူအညီတွေပို့‌ပေးနိုင်ရေးအတွက် စစ်မှန်ပြီး ကာလရှည်ကြာတည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးလိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Belgium နိုင်ငံ၊ Brussels မြို့မှာ ဒီကနေ့သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဂါဇာက နေရာဒေသအတော်များများမှာ တကယ် စစ်မှန်ပြီး ကာလရှည်ကြာတည်တံ့မယ့် အပစ် ရပ်စဲရေး ရှိလာတာကို ကျနော်တို့ မြင်ရဖို့ လိုပါတယ်။ ယာယီပစ်ခတ်မှု ရပ်စဲတယ်ဆိုတဲ့ နေရာမှာ လည်း တိုက်ပွဲတိုင်းကို ဆိုလိုတာပါ။ ဒါမှလည်း အကူအညီတွေဟာ လိုအပ်သူတွေထံ တိုက်ရိုက် ရောက်နိုင်မှာ ဖြစ်ပါတယ်” - လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

စာနာမှုဆိုင်ရာပြဿနာတွေပြေလည်ရေးအတွက် အစ္စရေးဘက်ကလည်း လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဒါ့အပြင် သူတို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်လည်း ပြည့်မှီပြီးဖြစ်လို့ အခုချိန်ဟာ အပစ်ရပ်ဖို့အချိန်အခါကောင်းဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ အစောပိုင်းတုန်းကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့တောင်ပိုင်းမှာ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဘေရွတ်မြို့တောင်ပိုင်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ခွာပေးကြဖို့ အစ္စရေးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုနဲ့နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် လူ ၁၅ ဦးလည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG