၂ နှစ်အကြာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုအတိုင်းအတာနဲ့ တိုင်းပြည်ရဲ့ ရှေ့အလားအလာတွေကို မြန်မာ့အရေး အနီးကပ်သုံးသပ်သူတွေဖြစ်ကြတဲ့ ဦးရဲထွန်း၊ ဦးဖေသန်း၊ ဦးအောင်သူငြိမ်းတို့နဲ့ စစ်အာဏာသိမ်း အထူးအစီအစဉ်အဖြစ် ဦးကျော်ဇံသာ ဆွေးနွေးထားတဲ့ အပိုင်း (၂) ကို ရှုစား နားဆင်နိုင်ကြပါပြီ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှု ခံစားနေရသူတွေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသူတွေအတွက် လူအား ငွေအားနဲ့ ကူညီပေးနေကြတဲ့ မြန်မာတွေနိုင်ငံစုံမှာရှိပါတယ်။ ဒီမိုကရေစီရေးရန်ပုံငွေရှာပေးနေကြသူတချို့အကြောင်း မစုမြတ်မွန်ကလူမှုရှုခင်းအစီအစဉ်မှာတင်ပြထားပါတယ်။
မြန်မာ အပေါ် အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်အာဏာသိမ်း ၂နှစ်ပြည့်ချိန်မှာ ပိုပြီး တိုးလာနေပေမဲ့ မြန်မာ စစ်တပ်ကတော့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့် တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲကန့်ကွက်မှုနဲ့ နိုင်ငံတကာ ရှုတ်ချသံတွေကျယ်လောင်ပေမဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက်က နိုင်ငံတကာရဲ့ လက်ရှိကိုင်တွယ်ပုံနဲ့ မလုံလောက်သေးပါဘူး။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
နောက် ၆ လ သက်တမ်းတိုးပြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ်ခန့်ကာ၊ စီးပွားဆိုင်ရာဝန်ကြီးကိုလည်း ဒုဝန်ကြီးချုပ်အဆင့် တင်ပေးတဲ့ စစ်ကောင်စီက၊ စစ်အုပ်ချုပ်ရေးပါ ဒေသတချို့မှာ တိုးချလာရာမှာ၊ ဘယ်လို သက်ရောက်လာနိုင်ပါလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြပေးထားပါတယ်။
အရှိန်အဟုန်ကြီးမားတဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ CDM တပ်မတော်သားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ CDM ဗိုလ်ကြီးဖြစ်တဲ့ ကိုညီသုတကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်း ၂ နှစ် ကာလ တိုင်းပြည်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်ရေးမှာ ထိုးစစ်တွေကိုပါ NUG ဆောင်ရွက်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ NUG က တိုင်းပြည်အနာဂတ်အတွက် အခြေခံမူတွေ ချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။ ကိုသားညွန့်ဦး သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့် စစ်ကောင်စီ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်ချ၊ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် တိုင်းပြည် မတည်ငြိမ်မှု ပိုဆိုးမယ်လို့ ကန် သတိပေး၊ အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု ကမ္ဘာ့အနိမ့်ဆုံးထဲရောက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးအဆင့်အပါအဝင် နိုင်ငံခြားရေးဝန်ထမ်း ရာဂဏန်း အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုထဲပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာက နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီကို ထိုးနှက်မှုတရပ် ဖြစ်စေခဲ့တယ်လို့ CDM လုပ်ထားတဲ့ သံအရာရှိတွေက အာဏာသိမ်း၂ နှစ်ပြည့်ကာလမှာ ပြောဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာယူခွင့် ၆ လ သက်တမ်းတိုးထားချိန်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ထက် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ သံအမတ်ကြီးအဆင့်အပါအဝင် သံရုံးအရာရှိတချို့နဲ့ နိုင်ငံခြားရေးဝန်ထမ်းရာဂဏန်း CDM လှုပ်ရှားမှုထဲပါဝင်လာခဲ့ကြတာက နိုင်ငံတကာဆက်ဆံရေးမှာ စစ်ကောင်စီကို ထိုးနှက်မှုဖြစ်စေခဲ့တယ်လို့ CDM သံအရာရှိတွေက ပြောလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က အာဏာသိမ်း(၂)နှစ်ပြည့် အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။