မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြဖို့ပဲ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးကျောင်း SAIS ရဲ့ အရှေ့တောင် အာရှဌာနက ပါမောက္ခ Dr. Karl Jackson ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူထု စုစည်း လှုပ်ရှားမှုက အရင်နဲ့မတူသလို မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား ပုံသဏ္ဍာန်ကလည်း ၁၉၈၈ မတိုင်ခင်ကနဲ့ မတူဘဲ ပြောင်းလဲနေပြီလို့ လေ့လာသုံးသပ်သူ Dr. Bridget Welsh က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ကူညီဖို့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးသင့်တယ်လို့ မြင်တဲ့အကြောင်း Stimson Center က တရုတ်ဌာန ဒါရိုက်တာ Ms. Yun Sun က ဗွီအိုအေ ကို ပြောပါတယ်။ ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းအကြား တရုတ်နိုင်ငံ ကြားဝင် စေ့စပ်ဆောင်ရွက်နိုင်ခြေ အလားအလာနဲ့ပတ်သက်ပြီး ဝါရှင်တန် ဒီစီ အခြေစိုက် သုတေသနလေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Stimson Center က တရုတ်ဌာန ဒါရိုက်တာ Ms. Yun Sun ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲတပ်ဖွဲ့က အမှုဖွင့် စွဲချက်တင်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ စွဲဆိုချက်နဲ့ ဥပဒေအရ စစ်တပ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အနည်းဆုံး ဖေဖော်ဝါရီ လလယ်အထိ ဆက်ပြီး ဖမ်းဆီးထားနိုင်မှာ ဖြစ်ပါတယ်။
ကိုဗစ်တိုက်ဖျက်ရေးအတွက် ကင်ညာနိုင်ငံကို ဂျပန်က ပေးပို့တဲ့ စက်ရုပ်တွေအကြောင်း မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
လျှပ်စစ် အင်ဂျင်တပ် ရေပေါ် နင်း စက်ဘီးတစ်မျိုးကို နယူးဇီလန်မှာ တီထွင်ပြီး စမ်းသပ်စီးနင်းနေပါပြီ။VoAသတင်းထောက်Michelle Quinnသတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်
ကာကွယ်ဆေးတွေ အချိန်မှီ မရတာကြောင့် EU ဥရောပ သမဂ္ဂက AstraZeneca ဆေးကုမ္ပဏီကြီးကို သတိပေးစကားတွေ ပြောလိုက်ပါတယ်။ စပိန်နိုင်ငံမှာတော့ ရောဂါပိုး ကူးစက်သူတွေ တိုးပွားနေသလို ကာကွယ်ဆေးဆိုင်ရာ အရှုပ်အထွေးတွေလည်း ဖြစ်ပေါ်နေ ပါတယ်။ Alfonso Beato ဘာစီလိုနာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။
ရုရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Alexei Navalny လွှတ်ပေးရေး တောင်းဆိုသူတွေကို ထောင်နဲ့ချီ ဖမ်းဆီးခဲ့တာကြောင့် ရုရှားအစိုးရအပေါ် နိုင်ငံတကာက တိုးပြီး ဝေဖန်နေကြပါတယ်။ Charles Maynes မော်စကိုမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်
အမေရိကန်လွှတ်တော် အဆောက်အအုံ အကာအကွယ်ပေးဖို့ National Guard လို့ခေါ်တဲ့ ပြည်နယ်တွေက အရန် လုံခြုံရေး တပ်ဖွဲ့ ဝင် အနည်းဆုံး ၂၅,၀၀၀ ကို သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီးချိန်အထိ စေလွှတ်ချထားပါတယ်။ ပြည်နယ် လုံခြုံရေးအရံတပ်ဖွဲ့အကြောင်း Daria Dieguts က သတင်းပေးပို့ထား တာကို ကိုရဲမင်းထွန်းက ပြောပြပါလိမ့်မယ်။
ကမ္ဘောဒီးယားနိုင်ငံကို တသွေးတသံ တမိန့် စနစ်နဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၄၀ နီးပါးကြာမြင့်ချိန်မှာတော့ ဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးကနေ အနားယူရေး မဟာဗျူဟာ ချမှတ်လာပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်က တီထွင်သူတွေက သုံးဖက်မြင် 3 D ပရင်တာ နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့ရှေးဟောင်းရုပ်တုတွေကို ပုံဖော်ထုတ်လုပ်နေပါတယ်။ ဗီအိုအေ သတင်းထောက် Julie Taboh သတင်းပေး ပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ ။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် အဖြစ်အပျက်ကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း ကမ္ဘာ့ ခေါင်းဆောင်တွေကပြောပါတယ်။ ဒီအဖြစ်အပျက်အပေါ်ကမ္ဘာတစ်ဝှမ်းကတုန့်ပြန်ပြောကြားတာတွေကို Henry Ridgwell လန်ဒန်ကနေ စုစည်း သတင်းပေးပို့ထားပါတယ်။ ကိုရဲမင်းထွန်းက ပြောပြမှာပါ။
အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာမွတ်စလင် လူနည်းစုနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တင်ပြ တောင်းဆိုထားတာဖြစ်ပြီး EU ဥရောပသမဂ္ဂနဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) တို့ကနေ ဦးဆောင်တင်သွင်းခဲ့ပါတယ်။
ကပ်ရောဂါအောက်မှာ ခရစ်စမတ်ပွဲတော်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆင်နွှဲနိုင်ဖို့အရေး အမေရိကန် ပြည်သူတွေနည်းလမ်းရှာကြံလာကြရ ပါတယ်။ ကပ်ရောဂါ ရှိနေသေးပေမယ့်လည်း ဒီနှစ်ခရစ်စမတ် ပွဲတော်ဆင်နွှဲဖို့အတွက် ပြည်သူတွေစိတ်တက်ကြွနေတဲ့အကြောင်း Veronica Balderas Iglesias သတင်း ပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ
အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaက ပြောပါတယ်။
အာဖဂန်အမျိုးသမီးတွေအတွက် အာဖဂန်အမျိုးသမီးတွေကိုယ်တိုင်သီးသန့် စီစဉ်ထုတ်လွှင့်ပေးနေတဲ့ရေဒီယိုအသံလွှင့်ဌာနတစ်ခုကိုနယ်စည်း မခြား သတင်းထောက်များအဖွဲ့က ပရိသတ်အပေါ် ဩဇာ သက်ရောက်မှုဆု ကို ၂၀၂၀ ခုနှစ်အတွက် ချီးမြှင့်လိုက်ပါတယ်။ Kandahar ပြည်နယ် ကနေ Azizullah Popal သတင်းပေးပို့ထားတာကိုကိုရဲမင်းထွန်း ပြောပြမှာပါ
ဒေသခံ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ခုကတော့ တောဆင်ရိုင်းကြီးတွေကို မောင်းထုတ်နိုင်တဲ့ ကိရိယာတွေကို Botswana နိုင်ငံက လယ်သမားတွေကို တီထွင်ပေးထားပါတယ်။ VOA သတင်းထောက် Mqondisi Dube သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။
Joe Biden က သူ့အစိုးရသစ်မှာ တာဝန်ထမ်းမယ့် ထိပ်တန်း အစိုးရအဖွဲ့ဝင်တွေ ထုတ်ပြန်ထားတဲ့အထဲ သူ့ရဲ့ အနီးကပ် အကြံပေး ဖြစ်သူ ဒုတိယ နိုင်ငံခြား ရေးဝန်ကြီးဟောင်း Antony Blinken ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထား ခံရပါတယ်။ Antony Blinken အကြောင်း ကိုရဲမင်းထွန်းက ပြောပြမှာပါ
ရွေးကောက်ခံ သမ္မတ Joe Biden ထုတ်ပြန်ကြေညာခဲ့တဲ့ ထိပ်တန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ စာရင်းမှာ သူ့ရဲ့ အနီးကပ် အကြံပေး ဖြစ်သူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Antony Blinken လည်း ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်