ဥရောပတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅ သန်းကျော်သွားပြီ ဖြစ်လို့ COVID 19 ဒဏ် အဆိုးရွားဆုံးခံစားနေရတဲ့ နေရာ ဖြစ်လာနေပါတယ်။ အသွားအလာတွေ လျှော့ချကန့်သတ် Lockdown လုပ်မယ်ဆိုရင်တော့ အခြေအနေကို ပြန်ပြီးထိန်းချုပ်နိုင်လိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေပါတယ်။ကိုရဲမင်းထွန်းက ပြောပြမှာပါ
Georgia ပြည်နယ်မှာ ဆန္ဒမဲတွေကို လူကိုယ်တိုင် လက်နဲ့ တစ်မဲချင်းစီ ပြန်လည် ရေတွက်ပြီးတဲ့နောက် ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ်တာဝန် ရှိသူတွေက Joe Biden အနိုင်ရကြောင်း အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ကတော့ အရှုံးကို လက်ခံ မယ့်ပုံ မပြသေးတဲ့အကြောင်း ကိုရဲမင်းထွန်းက ပြောပြမှာပါ
သမ္မတ ထရမ့် အစိုးရက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပိတ်ဆို့တားဆီး နေတာကြောင့် ကပ်ရောဂါ တိုက်ဖျက်ရေး သူ့ရဲ့ အစီအစဉ်တွေ သီတင်းပတ်ချီ လနဲ့ချီ နှောင့်နှေးနိုင်တယ်လို့ Joe Biden က ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးပွဲမှာ သတိ ပေးလိုက်ပါတယ်။Patsy Widakuswara သတင်းပေးပို့ထားတာကိုကိုရဲမင်းထွန်း က ပြောပြမှာပါ
Joe Biden လက်ထက်မှာ နိုင်ငံတစ်ဝှမ်း အနိမ့်ဆုံး လစာတိုးမြင့်လာဖို့အရေးမျှော်လင့်ချက်တွေထွက်ပေါ်လာနေပါတယ်။ အနိမ့်ဆုံးလစာ မြင့်တက်လာတာကြောင့် တွေ့လာရမယ့် အကောင်းအဆိုးတွေအကြောင်း Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ရင်ဆိုင်နေရတဲ့ ကာလမှာ လူတွေ ပုံမှန် ခရီးသွားလာ လည်ပတ်မှုတွေ မလုပ်နိုင်ကြတော့သလို၊ ကိုယ်ပိုင် မော်တော်ဘုတ်နဲ့ ရေပြင်ပေါ်မှာ လျှောက်လည်ရတာက ဒီကာလမှာ ရွေးချယ်စရာလမ်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို တသီးတသန့် လျှောက်လည်တာကကော COVID ဘေးရန်က လွတ်မလား။ ကိုရဲမင်းထွန်းက ပြောပြပါမယ်။
Twitter နဲ့ Facebook တို့က အသုံးပြုသူတွေရဲ့ အေကာင့်တွေကို ပိတ်ပစ်တာနဲ့ စာတမ်းထိုးပြီး သတိပေးတာတွေပိုပြီးလုပ်လာတာကြောင့်တချို့ အမေရိကန်ွကွန်ဆားဗေးတစ်တွေကလူမှုမီဒီယာစာမျက်နှာတခုဖြစ်တဲ့ Parler ကို ပြောင်းသုံးလာကြပါတယ်။ Parler ကဆင်ဆာ ဖြတ်တောက်တာတွေမလုပ်ဘူးလို့ ပြောထားပါတယ်။ ကိုရဲမင်းထွန်းက ပြောပြပါမယ်။
ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန်စီးပွားရေးဆိုးမွေကို ရွေးကောက်ပွဲမှာအနိုင်ရတယ်လို့သတ်မှတ်ခံထားရသူ Joe Biden ခံယူရတော့မှာပါ။ Joe Biden မှာကြီးမားတဲ့စီးပွားရေး အစီအစဉ်တွေရှိနေပေမယ့်လည်းအကောင်အထည်ဖော်ဖို့ကိစ္စမှာတော့သဘောထားကွဲပြားနေတဲ့ကွန်ဂရက်ကနေသဘောတူဖို့ခက်ခဲနိုင်ပါတယ်။ ရဲမင်းထွန်းပြောပြမှာပါ။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အင်အား ချိန်ခွင်လျှာဘယ်ဘက်ကို အသာစီးရသွားမလဲဆိုတာကိုသိရဖို့က အကြိတ်အနယ် ပြိုင် နေရတဲ့အထက်လွှတ်တော်အမတ် နေရာ ၃- ၄ နေရာအပေါ် မူတည်နေပါတယ်။ တိတိကျကျ အဖြေသိရဖို့ကတော့ ရှေ့နှစ်ထဲအထိ ရောက် သွားနိုင်တဲ့အကြောင်း Katherine Gypson သတင်း ပေးပို့ထား တာကို ကိုရဲမင်းထွန်း တင်ပြပါ့မယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပန်ဆဲလ်ဗေးနီးယား ပြည်နယ်ဟာ အရေးကြီးတဲ့ ပြည်နယ်တခု ဖြစ်လာပါတယ်။ သမ္မတ Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတ လောင်း Joe Biden တို့ရဲ့ မဲတွေကို ရေတွက်ရာမှာ နောက်ဆုံးမှာ သိရနိုင်တဲ့ ပြည်နယ်တွေထဲက တခုလည်း ဖြစ်နေပါတယ်။ Esha Saria ရဲ့ သတင်းလွှာကို ကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်။
ဝါရှင်တန်ဒီစီမြို့တော်က အများပြည်သူနဲ့ သက်ဆိုင်တဲ့ အနုပညာပြပွဲတစ်ခုက ထူးခြားသလို စိတ်ပူဆွေးစရာလည်း ဖြစ်ပါတယ်။ ပြပွဲကို “အမေရိကမှာ ဒါတွေဘယ်လိုများဖြစ်ခဲ့ပါလိမ့်” လို့ နံမည်ပေးထားပါတယ်။ Maxim Moskalkov သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း ပြောပြပါလိမ့်မယ်။
နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲအပြီးတက်လာမယ့် အမေရိကန် သမ္မတ အလုပ်လုပ်နိုင်ဖို့ အမေရိကန်အထက်လွှတ်တော် ရွေးကောက်ပွဲ အဖြေတွေအပေါ်မှာလည်း မူတည်နေပါတယ်။ အမေရိကန်နိုင်ငံရေးမှာအရေးကြီး တဲ့ Iowa ပြည်နယ်လေးက အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအကြောင်း Kane Farabaugh သတင်းပေးပို့ထားပါတယ်။ကိုရဲမင်းထွန်းက ပြောပြမှာပါ။
ရုရှား အတိုက်အခံ ခေါင်းဆောင် Alexey Navalny ဆိုက်ဘေးရီးယားမှာ မဲဆွယ် စည်းရုံးရေးဆင်းနေတုန်း အဆိပ်ခတ်ခံခဲ့ရလို့ အသက်အန္တရယ်နဲ့ ရင်ဆိုင်ခဲ့ရတာ အခု ၂ လတင်းတင်း ပြည့်ခဲ့ပါပြီ။ ဂျာမနီမှာ ဆေးကုရင်း ပြန်ပြီး နာလံထူလာချိန်မှာတော့ နိုင်ငံရေးတာဝန်တွေရှိနေတဲ့ အမိမြေ ရုရှားကိုပဲ ပြန်မယ်လို့ပြောပါတယ်။
မြောက်ကိုရီးယားတို့ ပြသခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် သစ်တွေကြောင့် အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်အပေါ် ဖိအားတွေ ဖြစ်လာစေလိမ့်မယ်လို့ လေ့လာသူတွေကပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ ဒုံးကျည်ရန်ကိုကာကွယ်ဖို့ အမေရိကန်တွေအတွက် ပိုပြီး ခက်ခဲလာစေမှာ ဖြစ်သလိုစရိတ်စကလည်း ပိုများလာနိုင်ပါတယ်
ကိုရိုနာဗိုင်းရပ် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ဥရောပက ဒါဇင်နဲ့ချီတဲ့ မြို့ကြီးတွေမှာ အသွားအလာ ပိတ်ပင် lockdown ချလိုက်ပြီ ဖြစ်ပါတယ်။ ဆေးရုံတွေ လူနာတွေနဲ့ ပြည့်ကျပ်လာချိန်မှာပဲ ဆောင်းရာသီကလည်း ဝင်လာတော့မှာမို့ မနိုင်မနင်း ဖြစ်လာမလားဆိုပြီး စိုးရိမ် စိတ်တွေ ထွက်ပေါ်နေပါတယ်။
အငြင်းပွားနေတဲ့ Nagorno Karabakh ဒေသနဲ့ ပတ်သက်ပြီး အဇာဘိုင်ဂျန်နဲ့ အာမေးနီယားနိုင်ငံအကြား စက်တင်ဘာလ နောက်ဆုံးပတ်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။ တိုက်ပွဲအရှိန် မြှင့်တက်နေချိန်မှာပဲ တူရကီတို့က အဇာဘိုင်ဂျန်အပေါ် ထောက်ခံမှုတွေ ပေးနေတာနဲ့ ပတ်သက် လို့ နိုင်ငံတကာက ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လတ်တလော အခြေအနေက အမျိုးသား လုံခြုံရေး အကျပ်အတည်း ကျ ရောက်နိုင်တဲ့ အလားအလာ ထွက်ပေါ် လာသလို လာမယ့် သမ္မတ ရွေးကောက်ပွဲ အခြေအနေမှာ မရေမရာမှုတွေလည်း တိုးလာခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့တာကို ကိုရဲမင်းထွန်းပြောပြမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သမ္မတ ဒေါ်နယ် ထရမ့်ကို ကြိုတင် ပြင်ဆင်ပြီး စောင့်ရှောက်မှုပေးနိုင်အောင် အိမ်ဖြူတော်ကနေ ဝါရှင်တန်မြို့အနားက Walter Reed ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ်မကုန်ခင် ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂ EU နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု မရဘူးဆိုရင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် မှုတွေ ဖြစ်ပြီး အစားအသောက် ပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဗြိတိန်နဲ့ EU အကြားဆက်ဆံရေး က လည်း ဆိုးသထက် ဆိုးလာနေတဲ့အကြောင်း ရဲမင်းထွန်းက တင်ပြထားပါတယ်
ရာဇဝတ်ပြစ်မှုကြီးတွေကို စုံစမ်းစစ်ဆေးရာမှာသက်သေအဖြစ်အသုံးပြုနိုင်တဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံတွေကိုလူမှုမီဒီယာကုမ္ပဏီကြီးတွေက ဖြုတ်ချပစ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ပြောပါတယ်။ Facebook YouTube နဲ့ Twitter တို့ကဉာဏ်ရည်တု နည်းပညာသုံးပြီး စိတ်အနှောက်အယှက်ဖြစ်စရာ တွေကို ဖြုတ်ချပစ်နေတာပါ။
ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ အစ္စရေးလ် တစ်နိုင်ငံလုံး ၃ ပတ်ကြာအသွားအလာပိတ်ပင်တားမြစ်ချက် Lockdown ချထားလိုက်ပါပြီ။ လူ ၅ ထောင်လောက် နေ့စဉ် ရောဂါ ကူးစက်ခံနေရပြီး ဆေးရုံတွေမှာ COVID လူနာ လက်ခံဖို့ အခန်း မရှိတော့ဘူးလို့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အခုလိုကန့်သတ်ခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်