၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်အခြေခံတဲ့ ဖွဲ့စည်းပုံပေါ်လာရေးဟာ အဓိကနိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသာညီညွတ်ရေး အစိုးရတခုဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဘက်က ပြောဆိုလိုက်ချိန်မှာပဲ တိုင်းရင်းသား အဖွဲ့အစည်းတချို့က သူတို့ရဲ့လိုလားချက်တွေနဲအတူ ရပ်တည်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိလာပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ ပဋိညာဉ်စာတမ်းပါ မူအတိုင်းရပ်တည်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့ CRPH ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ တွေ့ဆုံညှိနှိုင်းချင်တဲ့အကြောင်း ပါတီအသီးသီးကို မနေ့ကပေးပို့ထားတာပါ။ ဒီပေါ်မှာ သဘောထားကွဲပြားနေကြပြီး ပါတီအများစုက မတက်ရောက်ဘူးလို့ တုံ့ပြန်ထားသလို၊ တက်ရောက်မယ့်ပါတီတချို့လည်း ရှိနေပါတယ်။
NLD ပါတီရုံးချုပ်ကို ညအချိန် လူတစုက ဝင်ရောက် ဖောက်ထွင်းခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ ရဲအာဏာပိုင်တွေဘက်က တုံ့ပြန်ကိုင်တွယ်မှုအပေါ် NLD ပါတီဘက်က ကျေနပ်အားရမှု မတွေ့ရပါဘူး။
ဆန္ဒပြ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရှေ့နေကွန်ရက်တွေနဲ့ ကျောင်းသားသမဂ္ဂတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ထောင်သောင်းချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေလည်း ပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာတဲ့အကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ထောင်သောင်းချီတဲ့ ကျောင်းဆရာ၊ ဆရာမတွေလည်း ပါဝင်လာကြပါတယ်။ ရန်ကုန်မြို့က သီတင်း ၂ ပတ်ကျော်ကြာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာတဲ့အကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။
အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေရာမှာ တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းမှာပါ ရိုက်ခတ်မှုတွေ ကြုံနေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ၊ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ ကိုဇော်ထက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ၊ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။
ရန်ကုန် NLD ရုံးကို ဝင်စီးတဲ့ မြင်ကွင်း။ ~~~ ရနျကုနျ NLD ရုံးကို ဝငျစီးတဲ့ မွငျကှငျး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ထိန်းထားနိုင်အောင် တက်ကြွလှုပ်ရှားသူတွေ ကြိုးပမ်းနေကြပါတယ်။ အလုပ်မဆင်းဘဲ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝန်ကြတဲ့ ဝန်ထမ်းတွေကို အကူအညီပေးဖို့လည်း ပြင်ဆင်နေကြတာပါ။
မြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ နိုင်ငံတကာလေယာဉ်တွေကို ထိန်းကြောင်းပေးတဲ့လုပ်ငန်းက တာဝန်ရှိအများစုဟာ အလုပ်မဆင်းဘဲ အထွေထွေသပိတ် လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာလို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။
ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်အရပ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ကို အင်္ဂါနေ့ညမှာ ရဲတွေက သော့ဖျက်ပြီး ဝင်စီးခဲ့တဲ့တယ်လို့ NLD ဗဟိုသုတေသနဌာန အတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ဗွီအိုအေ ကိုပြောပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့ ပြန့်နှံ့လာနေတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ အဓိက ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့က လူငယ်တွေကတော့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပါဝင်လာကြတာလို့ ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုစည်းတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့ ပျံ့နှံ့လာနေတဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာနေတာ တွေ့ရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ အဓိက ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့က အချက်အချာနေရာ တချို့က လူငယ်တွေကတော့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပါဝင်လာကြတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးပြောဆိုလိုက်တဲ့အပေါ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုလိုက်ကြပါတယ်။
စစ်အာဏာသိမ်းအစိုးရက ဒီရက်ပိုင်းဖြစ်ပေါ်နေတဲ့ လူမှုကွန်ရက်ပေါ်က အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ Facebook ကိုပိတ်ထားပေမဲ့ VPN လို့ခေါ်တဲ့ ကျော်ကြည့်လို့ရတဲ့ software တွေ မြန်မာလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေက စစ်ရှောင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး အစီအစဉ်တွေမှာပါ ရိုက်ခတ်လာမှာကို အကူအညီပေးနေသူတွေ စိုးရိမ်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်