မြန်မာနိုင်ငံမှာ နိုဝင်ဘာလထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အစိုးရကြား နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝန်းက စိုးရိမ်တဲ့သဘောထားတွေ ပြောဆိုခဲ့ကြတဲ့အပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းနဲ့ အကဲခတ်တွေရဲ့ အမြင်ကို ပြောပြပါမယ်
ကိုဗစ်ကပ်ရောဂါကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဒီလိုလေကြောင်းကနေ ပြန်ခေါ်ရာမှာ ရောဂါကူးစက်မှုတွေမဖြစ်အောင်လည်း စီစဉ်ရတယ်လို့ ကယ်ဆယ်ရေး လေယာဉ်တွေမောင်းနှင်ပေးနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းက လေယာဉ်မှူးကြီး ဦးအောင်ပိုကပြောပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှုတွေ ကြုံရနိုင်တာကြောင့် လက်ရှိရေးဆွဲနေတွဲ အမျိုးသားမြေယာ ဥပဒေသစ်ကို ရပ်ဆိုင်းထားဖို့ တောင်သူလယ်သမား ကိုယ်စားပြု အရပ်ဘက် အဖွဲ့တွေက တိုက်တွန်းလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။
တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ တိုးမြှင့်ဆောင်ရွက်နေသလို၊ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေ ရှိနေတဲ့အကြောင်း တင်ပြပေးမှာပါ။
မလေးရှားနိုင်ငံကနေ ပြည်တွင်းပြန်လာချင်တဲ့ မြန်မာနိုင်ငံသား အယောက် ၁၅,၀၀၀ ကျော်ရှိနေပြီး သူတို့အတွက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ ထပ်တိုးတော့မှာပါ။
မြန်မာနိုင်ငံက အထည်အလိပ်နဲ့ အထည်ချုပ်ကဏ္ဍက လိုအပ်ချက်ရှိနေတဲ့ လုပ်သားတွေကို EU က ဒီနှစ် ၂၀၂၁ ခုနှစ်မှာ မြန်မာကျပ်ငွေ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ ယူရိုငွေ ၅,၀၀၀,၀၀၀ ထပ်မံထောက်ပံ့သွားမှာဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်နဲ့ မြန်မာဘက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ လွယ်ဂျယ်နဲ့ နယ်စပ်ကြားမှာ တရုတ်နိုင်ငံက သံခြံစည်းရိုး ကာရံရာမှာ တချို့နေရာတွေမှာ ၂ နိုင်ငံကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာဘက်က ကန့်ကွက်ခဲ့တာပါ။
အမေရိကန်၊ ဟိုနိုလူလူအခြေစိုက် အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာလေ့လာမှုစင်တာ APCSS ရဲ့ အွန်လိုင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းတက်ခဲ့ပြီး နှစ် နိုင်ငံ ဆက်ဆံရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကာလ စာသင်နှစ် ၁ နှစ်လုံးနီးပါ ကျောင်းတွေ ပိတ်ထားရတာကြောင့် ပညာရေးမှာ ထိခိုက်မယ့် အခြေအနေတွေကို အစိုးရက မကြာခင် ဦးစားပေး ဖြေရှင်းရလိမ့်မယ်လို့ ပညာရေးလုပ်ငန်းက ကျွမ်းကျင်သူတွေ ခန့်မှန်းနေပါတယ်။
တရုတ်နိုင်ငံ၊ ယူနန် တယ်ဟုန်ပြည်နယ်ခွဲ၊ ရွှေလီ၊ ကျယ်ဂေါင်နဲ့ မန်စီ မြို့ကနေ ပြည်တွင်း ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာက ၂ နိုင်ငံ နယ်စပ်မှာ စောင့်ကြည့်စစ်ဆေးတဲ့ အစီအစဉ်တွေ တိုးမြှင့်လိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာကြောင့် မြန်မာနိုင်ငံသားတွေကြား သတိထားကြဖို့ မြန်မာသံရုံး တာဝန်ရှိသူတွေ ပြင်ဆင်နေတဲ့အကြောင်း တင်ဆက်ပေးမှာပါ၊
တရုတ်နိုင်ငံ ပေကျင်းမြို့တဝိုက်မြို့တွေနဲ့၊ မြောက်ပိုင်းမြို့နယ်တွေမှာ ငါးလအတွင်း ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန်တက်လာပြီး တခြားပြည်နယ်တွေလည်း သွားလာကန့်သတ်မှုတွေ အထိုက်အလျောက်ရှိလာလို့ တရုတ်ပြည်တွင်းကို ရာသီပေါ်သီးနှံတွေတင်ပို့နေတဲ့ မြန်မာပြည်မြောက်ပိုင်း သီးနှံဈေးကွက်မှာပါ ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။
အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောပေါ်မှာပါတဲ့ မြန်မာသင်္ဘောသားတွေအတွက် မြန်မာအစိုးရဘက်က ကနဦး စုံစမ်းမှုတွေနဲ့အတူ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေ စလုပ်နေတဲ့အကြောင်း ပြောပြပေးမှာပါ။
မြန်မာ-အိန္ဒိယ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းကပိတ်ထားခဲ့ရတာကြောင့် မှောင်ခိုအရောင်းအဝယ်ကလွဲလို့ ရပ်ဆိုင်းနေတဲ့အတွက် တိုင်းအစိုးရနဲ့မကြာခင် ဆွေးနွေးသွားမယ်လို့ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌဦးလှမောင်က ပြောပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတချို့ကိုပါ ပျံ့နှံ့ကူးစက်နေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုတွေနဲ့အတူ သတိပေးချက်တွေလည်း ထုတ်ပြန်နေကြပါတယ်။
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံက ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတို့ ဆွေးနွေးနေပြီး ဇန်နဝါရီလဆန်းပိုင်းမှာ ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်နိုင်ငံပေကျင်းမြို့တော်၊ မြန်မာသံရုံးက ပြောလိုက်ပါတယ်။
ဇန်နဝါရီ ပထမပတ်ထဲ လာရောက်မယ့် အစီအစဉ်အတွက် အသေးစိတ်ကိုတော့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းနေတုန်းပဲလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဗွီအိုအေကို အတည်ပြုပါတယ်။
တပ်မတော်ရေတပ်ဖွဲ့စည်းတာ ၇၃ နှစ်ပြည့်တဲ့ ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်တိုင်း သန်လျင်မြို့နယ် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့အတူ ရုရှား နဲ့ အိန္ဒိယ နိုင်ငံဆိုင်ရာ သံအရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ မြန်မာနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ တရုတ်ဘက်က ခြံစည်းရိုး အခိုင်အမာကာရံနေပြီး တချို့နေရာတွေမှာ နယ်စပ်အမှတ်အသား ကျောက်တိုင်ကိုကျော်ပြီး ကာရံနေလို့ မြန်မာအုပ်ချုပ်ရေးဘက်က ကန့်ကွက်တဲ့ကိစ္စတွေ ဖြစ်နေပါတယ်။
မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်တွေကို ကမ္ဘာ့တခြားနိုင်ငံတွေအထိ တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံက စတင်ခြေလှမ်းနေတာမှာ အောင်မြင်မှုတွေရနေကြောင်း ကုန်သည်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်ကို ကိုဇော်ထက် က တင်ပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်