NLD အစိုးရ သာသာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ သူရဦးအောင်ကိုဟာ မနေ့ညပိုင်းကတည်းက အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိနေပြီလို့သိရပါတယ်။
သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းမာရေးကောင်းမွန်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကျန်းမာပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း(KBZ Tai) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျကို စစ်ကောင်စီ လုံခြုံရေးအာဏာပိုင်တွေက မနေ့ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုကို လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ အပြီးသတ်အမိန့်ချမှတ်ဖွယ်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီး အားနည်းနေတဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မြန်မာ့အရေးဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို အာဆီယံအသင်းကြီးရဲ့ အဓိကကျတဲ့ နိုင်ငံတွေမတတ်ရောက်သလို၊ ဆွေးနွေးပွဲကနေ ခိုင်ခိုင်မာမာရလဒ်လည်း ထွက်မလာခဲ့ပါဘူး။
ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ကြိုဆိုလိုက်ပြီး၊ စစ်ကောင်စီအနေနဲ့ မြန်မာ့အရပ်သာေးတွအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အရေးအကျပ်အတည်းကိုဖြေရှင်းဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အခု ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်ဖွယ်ရှိတယ်လို့ သံတမန်သတင်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
စကော့တလန်၊ Lockerbie မြို့က ဝေဟင်မှာ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန် ခရီးသည်တင် လေယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်ပေးသူအဖြစ် မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ဦးကို ကွပ်မျက်စီရင်မှုမလုပ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုဆန္ဒပြနေကြသလိုပဲ၊ သူတို့ရဲ့ မိသားစုဝင်တချို့ကလည်း သူတို့ကို ကွပ်မျက်မှုမလုပ်နိုင်အောင် ကူညီကြဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
“မီးလောင်တဲ့နောက်မှာ လက်နက်ကြီးတလုံး -သမ ဦးစီးရုံးအတွင်း ကျရောက်ပေါက်ကွဲတယ်။ ၉ နာရီ ၁၅ နောက်ပိုင်းမှာ အပစ်အခတ် ကြားရတယ်။ ၁၀ နာရီ ၄၅ လောက်အထိ ၁ နာရီကျော်ကျော် ၁ နာရီခွဲလောက်ကြာတယ်။ အမျိုးသမီး ၁ ဦး ကျဉ်ထိမှန်ပြီးသေဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရတယ်။” (ဒေသခံ)
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို လွှဲပြောင်းပေးပို့တဲ့ လစာဝင်ငွေတွေကို တခြားသူတွေကို ရောင်းချတာ၊ ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖေါက်ကားတာတွေ ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီ ဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကို မနေ့က ဗုဒ္ဓဟူးနေ့ ညပိုင်းက ရန်ကုန်မြို့နေအိမ်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု အပြင် နိုင်ငံရေးပုဒ်မ နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးမှာ ကြေညာချက်တွေထုတ်ပြန်တာမျိုး သံတမန်ရေးအရ တိုးတိုးတိတ်တိတ်ဖိအားပေးတာမျိုးတွေထက်၊ ထိရောက်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းတောင်းဆိုပါတယ်။
မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာတရားရုံး - အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှု အပေါ် တရားရုံးက ဆက်လက်ကြားနာဖို့ ဆုံးဖြတ်တဲ့ အပေါ် ဥပဒေကြောင်းအရ ဆက်လက်ခုခံချေပ သွားမယ်လို့ စစ်ကောင်စီဘက်ကပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့ကြတဲ့ နိုင်ငံ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် တချို့နဲ့ ဒေါ်ခင်စိုးဝင်းက စကားဝိုင်းဖွဲ့ ဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်