ဇူလိုင် ၁၆၊ ၂၀၂၀ - ကလေးစစ်သား သုံးခွင့်မပြုတဲ့စာချုပ်ကို ကုလသမဂ္ဂက အတည်ပြုပြီး (၁၈) နှစ်ကြာတော့မှ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုးပါတယ်။
ဇူလိုင် ၉၊ ၂၀၂၀ - ကျောက်မျက်ရတနာထွက်တဲ့ နယ်မြေတွေကို ချုပ်ကိုင်လိုတဲ့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ တပ်မတော်က စစ်ဆင်ရေးတွေ လုပ်နေပုံကို ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဇူလိုင် ၂၊ ၂၀၂၀ - ရွေးကောက်ပွဲနည်းနဲ့ အစိုးရတွေတက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ်ဆိုပမေဲ့ စစ်တပ်က ြခေကုပ်ယူထားတဲ့ စီးပါွးရေးလုပ်ငန်းတွေကတော့ အြပောင်းအလဲ မရှိသေးပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းတွေကို အရေးယူဖို့ ကုလသမဂ္ဂက အဆိုပြုထားတဲ့အြကောင်း ဦးအောင်ခင်ကသုံးသပ်ပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထာ
ဇွန် ၂၅၊ ၂၀၂၀ - စစ်တပ်ဟာ NLD အရပ်သားအစိုးရ ထမ်းရကွ်နေရတဲ့ ဝန်ထုတ်ဝန်ပိုးကြီးလို ဖြစ်နြေကောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ဇွန် ၁၈၊ ၂၀၂၀ - ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့ လက်အောက်ခံမဟုတ်ပဲ သီးခြားလတွ်လပ်တဲ့ အခငွ့်ထူးခံ စစ်တပ်စီးပါွးရေး လုပ်ငန်းတေအြွကောင်း ဦးအောင်ခင်က ရေးသားပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဇွန် ၁၁၊ ၂၀၂၀ - မြန်မာ့တပ်မတော်ဟာ မြန်မာအစိုးရလက်အောက်ခံ မဟုတ်ဘဲ၊ သီးခြားလွတ်လပ်စွာ တည်ရှိနေတဲ့ အဖွဲ့အစည်းဖြစ်လို့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ကျူးလွန်နေတာလို့ ကုလသမဂ္ဂစုံစမ်းရေးမစ်ရှင်က ယူဆပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
ဇွန် ၄၊ ၂၀၂၀ - နိုင်ငံတိုင်းမှာ အစိုးရမူဝါဒရေးရာ အကြံပေးအဖွဲ့ ရှိသလို လွတ်လပ်တဲ့ တသီးပုဂ္ဂလ အကြံပေး သုတေသနအဖွဲ့တွေလည်း ရှိပါတယ်။ မူဝါဒလေ့လာရေး အကြံပေးအဖွဲ့ Think Tank အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တာကို ကမ္ဘာမှာ အသိအမှတ်ပြုတာ ကြာပါပြီ။ ဒါကြောင့် မြန်မာပြည်က မူဝါဒလေ့လာရေးအဖွဲ့တွေအကြောင်း ဦးအောင်ခင်က ရေးသား
မေ ၂၈၊ ၂၀၂၀ - မြန်မာလူငယ်တွေအပေါ် လူမှုကွန်ယက်မီဒီယာက ဘယ်လို အကျိုးသက်ရောက်မှု ရှိနေသလဲ ဆိုတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
မေ ၂၁၊ ၂၀၂၀ - မြန်မာနိုင်ငံက မြို့ရွာတိုင်းလိုလိုမှာ ကလေးတွေကို အိမ်အကူ အလုပ်သမားအဖြစ် ခိုင်းစေနေတာ ရှိပါတယ်။ ဒါပေမဲ့ အိမ်အကူ ကလေးလုပ်သားနဲ့ဆိုင်တဲ့ ဥပဒေ မရှိသေးတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ ရှိနေရတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
မေ ၁၄၊ ၂၀၂၀ - ရှမ်းပြည်နယ်မှာ အိမ်ထောင်စု(၉)စုရှိရင် (၁)စုက ဘိန်းစိုက်ကြပါတယ်။ ဘိန်းကိုချည်း သက်သက်စိုက်ပျိုးတဲ့ အိမ်ထောင်စုတော့ မရှိသလောက် ရှားပါးပါတယ်။ စီးပွားရေး လိုအပ်ချက်အရ ဆင်းရဲတောင်သူတွေ ဘိန်းစိုက်ကြတာဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မေ ၀၇၊ ၂၀၂၀ - မြန်မာ့စီးပွားရေးမှာ မူးယစ်ဆေးလုပ်ငန်းလည်း ပါဝင်တာပါ။ တရားဝင်လုပ်ငန်း မဟုတ်ပေမယ့်၊ တိုင်းပြည်အသားတင် ကုန်ထုတ်လုပ်မှုရဲ့ (၁)% ကျော်ကျော်ရှိတဲ့ လုပ်ငန်းဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဧပြီ ၃၀၊ ၂၀၂၀ - ရှမ်းနဲ့ ကချင်ပြည်နယ်မှာ ဘိန်းအစားထိုးဖို့ ရည်ရွယ်တဲ့ ရာဘာနဲ့ ပြောင်းဖူးပင်တွေကို တရုတ္ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်ပြီး စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ ဒေသခံတောင်သူတွေ ပိုဆင်းရဲလာပြီး ဘိန်းအထွက်နှုန်းလည်း တိုးပွားလာကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်
ဧပြီ ၂၃၊ ၂၀၂၀ - ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေရဲ့ တစ်ရှုးငှက်ပျော စိုက်ခင်းတွေ တိုးပွားနေတဲ့အတွက် စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲပြီး ဒေသခံတွေကို အန္တရာယ် မဖြစ်စေဖို့ အမျိုးသားလွှတ်တော်က ပြည်ထောင်စုအစိုးရကို ဒီဇင်ဘာလတုန်းက တိုက်တွန်းခဲ့ရပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကသုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်
ဧပြီ ၁၆၊ ၂၀၂၀ - တရုတ် ပိုးခါးပတ်လမ်းကြောင်း အစီအစဉ်အရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဧပြီ ၀၉၊ ၂၀၂၀ - တရုတ်ပြည်မှာ အရင်းရှင်စီးပွားရေးစနစ် အကြပ်အတည်း ဖြစ်နေတာကို ထွက်ပေါက်ရအောင် ခေတ်သစ် ပိုးခါးပတ်လမ်းကြောင်း တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း ဦးအောင်ခင်က ရးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
ဧပြီ ၂၊ ၂၀၂၀ - တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ အကောင်ထည် ဖေါ်လာရင်ကော အရင်အတိုင်း ဖြစ်လေမလားဆိုပြီး စိုးရိမ်မှုတွေ ရှိကြတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မတ် ၂၆၊ ၂၀၂၀ - တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ မြှင့်တင်ရေးအတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့ အဆင်ပြေရေးဟာ အလွန်အရေးကြီးတယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
မတ် ၁၉၊ ၂၀၂၀ - တရုတ်ကွန်မြူနစ် တော်လှန်ရေးကို နိုင်ငံခြားတင်ပို့တဲ့နေရာမှာ ခေါင်းဆောင် မော်စီတုန်းဟာ နာမည်ကြီးပါတယ်။ မော်စီတုန်း အမွေကို ဆက်ခံတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်ကတော့ တရုတ်ရဲ့ဖွံ့ဖြိုးရေး ပုံစံကို နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထား
မတ် ၁၂၊ ၂၀၂၀ - တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတက ဝင်ငွေကို တိုင်းသူပြည်သားအတွက် အကျိုးရှိအောင်သုံးနိုင်မှ နိုင်ငံ တိုးတက်ဖွံ့ဖြိုးနိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
မတ် ၅၊ ၂၀၂၀ - တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပြည်သူပြည်သားမှား စွမ်းအားရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုမှာ စွမ်းအားရှိလာအောင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို အရင်းအနှီး အများကြီး စိုက်ထုတ်ဖို့ လိုအပ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်