သမ္မတထုတ်ပြန်တဲ့ ၂၀၁၆ အောက်တိုဘာ ၇ နေ့စွဲပါ အုပ်ချုပ်ရေးအမိန့် အရ - ၂၀၀၈ Tom Latos မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှုအက်ဥပဒေပါ ဘဏ္ဍာရေးနှင့် တားဆီး ပိတ်ပင်မှုများကို ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် OFAC က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ စီးပွားရေး ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
Nootana လို့ခေါ်တဲ့ အနုပညာရှင်အုပ်စုရဲ့ကျေးဇူးကြောင့် ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ အိန္ဒိယဂီတနဲ့အကဟာ ၂၁ ရာစုခံစားမှုနဲ့ဆုံစည်းမိနေပြီးဆိုတဲ့အကြောင်း ဒီအဖွဲ့က အနုပညာရှင်တချို့နဲ့ တွေ့ဆုံခဲ့တဲ့ VOA သတင်းထောက် June Soh ပေးပို့ထားကို ဦးကျော်ဇံသာ ပြောပြထားပါတယ်။
အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှု Iraq နဲ့ Kurd စစ်မြေပြင် တပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရုန်းထွက်ပြီး Mosul ဒေသက မောင်းထုတ်ဖို့ ဆင်နွှဲလာမဲ့ တိုက်ပွဲကြီးအတွက် အစွန်းရောက် IS တပ်ဖွဲ့တွေဟာ ရှေးခေတ်ဟောင်း သုံး ခံစစ်ဗျူဟာ တရပ်ကို ပြန်လည်အသုံးပြု လာကြပါတယ်။
အမေရိကန်ပြည်ထောင်စုက နျူကလီးယားစစ် ဟန့်တားရေးအတွက်လုပ်နေတာ ဆိုတဲ့ နျူကလီးယား လက်နက်အစီအစဉ် ကိုအဆင့်မြှင့်တင်ရေးအတွက် လာမယ့် ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁၀၈ ဘီလျံ တန် စီမံကိန်း ချမှတ်ထားပါတယ်။
စက်တင်ဘာ ၂၉၊ ၂၀၁၆ - မြန်မာနိုင်ငံမှာ မိန်းကလေးငယ် နှစ်ဦး အိမ်ကျွန်အဖြစ် ခိုင်းစေနှိပ်စက်ခံနေရတဲ့ကိစ္စကို တာဝန်သိ မီဒီယာသမားတဦးက ဖော်ထုတ်လွတ်မြောက်စေခဲ့တာနဲ့ ပတ်သက်ပြီး အဆိုပါသတင်းသမား ကိုဆွေဝင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဥရောပတလွှား အရှိန်တက်လာနေတဲ့ ပြောင်းရွှေ့ဝင်ရောက်မှုဆန့်ကျင်ရေး စိတ်ဓါတ်ဟာ အခုနောက်ဆုံး ပြင်သစ်အမျိုးသားရေးဝါဒီတွေဆီ ကူးစက်နေပါတယ်။
၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ်ကျအောင် ဗြိတိန်နဲ့ပြင်သစ်တို့ ဝင်ရောက်စွက်ဖက်ခဲ့တဲ့ ကိစ္စကို ဗြိတိန်ပါလီမန်အဖွဲ့တခုက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ ပြုတ်ကျသွားပြီးနောက် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိခဲ့တဲ့အတွက် တိုင်းပြည် ဖရိုဖရဲ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဦးကျော်ဇံသာက တင်ပြထားပါတယ်။
၂၀၁၁ ခုနှစ် အရပ်သားအစိုးရဖွဲ့စည်းနိုင်ခဲ့တာကို ဒီမိုကရေစီ စတင်ပြီလို့ လူအတော်များများက ထင်ကြပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ထဲမှာ ၈၀% ဟာ စစ်တပ်အငြိမ်းစားတွေ ဖြစ်နေတယ်ဆိုတာ လူအတော်များများ မသိကြပါဘူး။ တကယ်တော့ စစ်အုပ်ချုပ်ရေးပဲ ဖြစ်နေဆဲပါ။
"ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျမတို့ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ဝမ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။"
ကျမတို့ကို ကူညီခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေကိုသာမက ကွန်ဂရက် လွှတ်တော်၊ NGO အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သမ္မတ အိုဘားမားကိုလည်း ....
ဆီးရီးယားက IS အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ၊ အမျိုးသမီး အကြမ်းဖက် ကလပ်စည်း တခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှဒေသမှာ သြဇာလွှမ်းမိုးမှုမဏ္ဍိုင် ထူထောင်ချင်ကြတာဟာ အမေရိကန်တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဂျပန်နဲ့ရုရှားတို့ဟာလည်း ကုန်သွယ်ရေး၊ သံတမန်ရေး၊ စစ်ရေး စတဲ့နည်းလမ်းတွေနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတာပါ။ VOA သတင်းထောက် Bill Ide ရဲ့သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
စက်တင်ဘာ ၇၊ ၂၀၁၆ - တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
စက်တင်ဘာ ၀၁၊ ၂၀၁၆ - (၂၁) ရာစုပင်လုံညီလာခံ ကို မတက်ဖြစ်ပေမယ့် တိုင်းပြည်အတွက်အမှန်တကယ် အကျိုးဖြစ်ထွန်းမယ့် သဘာတူညီချက် ပေါ်ထွက်လာရင်တော့ ရခိုင့်တပ်မတော် AA က ကြိုဆိုမယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရှေ့သီတင်းပတ်အစောပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဟာ အဓိကအကြောင်းအရာ တရပ်ဖြစ်ပါတယ်။ ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ်အကြို သုံးသပ်မှုတွေအကြောင်း Steve Herman ရဲ့သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။
သြဂုတ် ၂၄၊ ၂၀၁၆ - လူတိုင်းမျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ရလဒ်တွေကော ပေါ်ထွက်လာနိုင်ပါ့မလား ၊ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ ဆိုတာ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ အမျျိုးသားလွှတ်တော် ဒု-ဥက္ကဌ ဦးအေးသာအောင်နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါသည်။
အမေရိကန် ရီပတ်ဗလစ်ကန် သမ္မတလောင်း Donald Trump က တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ မူဆလင် စစ်သားတယောက်ရဲ့ မိသားစုနဲ့ ပြဿနာတက်လို့ မီဒီယာတွေမှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ ဒီအထဲကတစ်ဦးရဲ့အကြောင်း VOA Pentagon သတင်းထောက် Carla Babb ရဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
သြဂုတ် ၁၈၊ ၂၀၁၆ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတခေါက် တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံတာတမံ စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ရလဒ်ကောင်း ပေါ်ထွက်လာလိမ့်မယ်လို့ တရုတ်တို့ဘက်က မျှော်လင့်နေကြပါတယ်။
သြဂုတ် ၁၀၊ ၂၀၁၆ - (၂၁) ရာစု ပင်လုံညီလာခံကနေ ပြည်ထောင်စုပြဿနာ ပြေလည်နိုင်တဲ့အဖြေ ပေါ်ထွက်လာနိုင်သလား ဆိုတာကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
သြဂုတ်လ ၀၃၊ ၂၀၁၆ - NLD အစိုးရရဲ့ ရရှိထားတဲ့ စွမ်းဆောင်မှုတွေ (၅) နှစ်တာအတွင်း အောင်မြင်နိုင်မှုအလားအလာတွေကို ဒီရက်ပိုင်းအတွင်း မြန်မာပြည်လည်ရောက်ရှိလာတဲ့ ပါမောက္ခ Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်