ဇန်နဝါရီ ၁၉၊ ၂၀၂၀ - Xi Jingpin ရဲ့ခရီးစဉ်အတွင်းမှာ ဒီကိစ္စပြေလည်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မယ် မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့အကြီးအကဲဟောင်း Priscilla Clapp က ဆိုပါတယ်။
တရုတ်အစိုးရဟာ မြန်မာပြည်တွင်းစစ်မှာ အသွားနှစ်ဘက်ရှိတဲ့ဒါးလို ကျင့်သုံးတာကြောင် ဒီကိစ္စပြေလည်ရေးအတွက် သမ္မတ Xi Jinping ရဲ့ခရီးစဉ်မှာ ထိထိရောက်ရောက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့အကြီးအကဲဟောင်း Priscilla Clapp က ပြောပါတယ်။ ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇန်နဝါရီ ၀၈၊ ၂၀၂၀ - တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇန်နဝါရီ ၀၁၊ ၂၀၂၀ - ရခိုင်ပဋိပက္ခ ပြေလည်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးသင့်သူတွေက ဘယ်သူတွေလဲ ဆိုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ခေတ်ပြောင်းကာလမြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်တာတွေရှိပေမယ့် လူတွေရဲ့အကျင့်စရိုက်ကတော့ နှစ်ပေါင်းများစွာဖျက်ဆီးခံထားခဲ့ရတဲ့အတိုင်း ပျက်စီးနေဆဲပဲလို့ စာရေးဆရာချစ်ဦးညိုက ဆိုပါတယ်။ အသိစိတ်ဓာတ်တွေပြုပြင်ဖို့ ပညာရေးစနစ်က အခရာကျတယ်လို့လည်းပြောပါတယ်။ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းထားပါတယ်။
စာရေးဆရာ ချစ်ဦးကို ဦးကျော်ဇံသာတွေ့ဆုံမေးမြန်းထားတဲ့ မေးမြန်းခန်းအပြည့်အစုံကို ဒီဇင်ဘာလ ၂၈ရက်နေ့ညထုတ်လွှင့်မယ့် ဗွီအိုအေတီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဒီဇင်ဘာ ၂၂၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၆ ကနေ ၂၀၂၁ အထိ စီမံကိန်း သေချာလုပ်ဆောင်နေတာမှာ လွှတ်တော်က ပံ့ပိုးမှုတွေနဲ့ အကောင်အထည်ဖော်နေတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်
မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၆ ကနေ ၂၀၂၁ အထိ စီမံကိန်းသေချာခ လုပ်ဆောင်နေတာမှာ လွှတ်တော်က ပံ့ပိုးမှုတွေနဲ့ အကောင်အထည်ဖော်နေတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောပါတယ်။ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဇင်ဘာ ၁၈၊ ၂၀၁၉ - လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အာဖရိကတိုက် Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့ကိစ္စကို ICJ က ဘယ်လိုဆုံးဖြတ်လာနိုင်ပါသလဲ...
မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုကို စွဲချက်တင်ထားသူ ဂမ်ဘီယာအစိုးရနဲ့ ခုခံချေပသူ မြန်မာနိုင်ငံတို့ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နောက်ဆုံး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့အမှုအတွက် နှစ်ဘက် တကြော့ပြန် လျှောက်ထားချက်တွေကို ဒီကနေ့ ပေးကြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှု ICJ နိုင်ငံတကာတရားရုံးမှာ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ဆက်လက် ကြားနာပါတယ်။ ဂမ်ဘီယာဘက်က အပြီးသတ်လျှောက်လဲချက်နဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက်တယ်ဆိုပြီး ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ချေပ လျှောက်ထားခဲ့ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဟန့်တားဖို့ မြန်မာနိုင်ငံ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မနေ့ကလျှောက်ထားခဲ့ပြီးတဲ့နောက် ဒီကနေ့ မြန်မာဘက်က ပြန်လည်ချေပပါတယ်။ ICJ တရားရုံးမှာသတင်းယူနေတဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
ဒီဇင်ဘာ ၁၁၊ ၂၀၁၉ - ICJ မှာ တရားစွဲဆိုတဲ့အတွက်ကော သေကြေနစ်နာခဲ့ရသူတွေ ဒုက္ခသည် တွေအတွက် တရားမျှတမှု (Justice) ကို ဖော်ဆောင်နိုင်မယ့် အလားအလာရှိပါသလား။ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Daivd Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက ဒီနေ့ စတင်လက်ခံကြားနာပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ တရားရုံးက ဒီနေ့ စတင်ကြားနာပါတယ်။ ကြားနာပွဲကိုရောက်နေတဲ့ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံကြားနာဖို့ ပထမအကျော့ နုတ်အားဖြင့် ကြားနာပွဲတွေ မနက်ဖြန် စတင်ကျင်းပတော့မှာပါ။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ က လက်ခံကြားနာဖို့ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ Reichler ကပြောကြားလိုက်ပါတယ်။
မြန်မာအရေးသုံးသပ်ချက်မှာ နိုင်ငံတကာ တက္ကသိုလ် အတော်များများမှာ နိုင်ငံတကာ ဥပဒေအပါအဝင်၊ ဥပဒေဘာသာရပ်တွေကို ပို့ချခဲ့ဘူးတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်