ဇူလိုင် ၈၊ ၂၀၂၀ - တရုတ်ရဲ့ မဟာဗျူဟာက ဘာလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေအရေး နဲ့ တရုတ်မဟာဗျူဟာ ဘယ်လို ဆက်စပ်နေသလဲဆိုတာကို သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦၤးရဲထွန်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
တရုတ်အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဌာန်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံကြီးတွေရဲ့ တုံ့ပြန်မှုနဲ့ ဟောင်ကောင်အရေး ဒေသတွင်း ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲဆိုတာ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်တွေကို တင်ပြထားပါတယ်။
ဇူလိုင် ၁၊ ၂၀၂၀ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်အချိန် ဘယ်ကာလအထိ ရှေ့ဆုံးတန်းက ရှိနေနိုင်မှာလဲ။ အလားတူစွာပဲ ခေါင်းဆောင်ဖြစ်တဲ့ လူပုဂ္ဂိလ်တဦးတည်းအပေါ် မှီခိုအားထားနေရတာထက် ပါတီဝင်ထုရဲ့သဘောထားကို ထင်ဟပ်တဲ့ ပါတီတွင်းဒီမိုကရေစီ ရှင်သန်သော အဖွဲ့အစည်းတရပ် ဖြစ်လာနိုင်မယ့် အလားအလာကော
အမေရိကန် နိုင်ငံရဲ့ Covid-19 ကပ်ရောဂါ ကိုင်တွယ်မှုအခြေအနေ နဲ့ နိုင်ငံရေး၊ စီးပွားရေး နောက်ဆုံးအခြေအနေတွေကို ဗီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကျနော် ငြိမ်းချမ်းက ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန် နိုင်ငံရဲ့ COVID-19 ကပ်ရောဂါ ကိုင်တွယ်မှုအခြေအနေ နဲ့ နိုင်ငံရေး စီးပွားရေး နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကိုငြိမ်းချမ်းက ဆွေးနွေးတင်ပြထားပါတယ်။
"သမ္မတ Trump ကတော့ များများစစ်ရင် များများတွေ့မယ် အမေရိကန်ပြည်ထောင်စုဟာ အကောင်းဆုံးနဲ့ အများဆုံးစစ်နိုင်တဲ့ တိုင်းပြည်မို့ သူတို့မှာ ကူးစက်မှုတွေ အများဆုံးတွေ့နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် လျှော့စစ်ပါဆိုတဲ့ကိစ္စကို သူ့လက်အောက် ကျန်းမာရေးအရာရှိကို ညွှန်ကြားမထားတာ တွေ့ရပါတယ်။" (ဦးကျော်ဇံသာ )
COVID-19 စစ်ဆေးမှု ကွဲလွဲချက်နဲ့ အမေရိကန်နိုင်ငံရေး သုံးသပ်ချက်
ဇွန် ၂၄၊ ၂၀၂၀ - ကရင်ပြည်နယ်မှာ တရုတ်တို့တည်ဆောက်နေတဲ့ စီးပွါးရေးမြို့သစ်တွေကြောင့် ဒေသဖွံ့ဖြိုးရေးဖြစ်ထွန်းမယ့် အလားအလာဟာ ဒေသတွင်းအဏာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် မူတည်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာအောင်ခင်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
အမေရိကန် တရားရုံးချုပ်က Deferred Action plan for Childhood Arrivals (DACA) လို့ ခေါ်တဲ့ ကလေးဘဝတုန်းက အမေရိကန် ကို မိဘတွေ နဲ့ အတူ စာရွက်စာတမ်းမရှိပဲရောက်လာတဲ့ ကလေးတွေကို အမေရိကန် မှာနေထိုင် အလုပ်လုပ်ခွင့်ပေးတဲ့ အစီအစဉ် ကို ထရမ့် အစိုးရက ရပ်ဆိုင်းခဲ့တာဟာ တရားဥပဒေ နဲ့ မညီဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတအမိန့် တရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက်မှာ အမေရိကန် အထက်လွှတ်တော် ရီပါဗလစ်ကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကို ကိုငြိမ်းချမ်းကမေးမြန်းထားပါတယ်။
အင်္ဂါနေ့တုန်းကလည်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတအမိန့် တရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် အထက်လွှတ်တော် ရီပါဗလစ်ကန်အမတ်တွေ ဦးဆောင်ရေးဆွဲတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
ဇွန် ၁၇၊ ၂၀၂၀ - မြန်မာနိုင်ငံမှာ “ကုလား” ဆိုတဲ့ အခေါ်အဝေါ်ဟာ ခွဲခြားနှိမ့်ချတဲ့ သဘောဖြစ်လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ အခေါ်ခံရသူတချို့က ပြောလာကြပါတယ်။ ဒီစကားလုံးဟာ ဘယ်အချိန်က ဘယ်လိုအဓိပ္ပါယ်နဲ့ စတင်ပေါ်ပေါက်ခဲ့တာလဲ။
အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသားတဦးဖြစ်တဲ့ George Floyd ရဲကဖမ်းဆီးစဉ်အတွင်း သေဆုံးတာနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ တရားမျှတမှုရရှိရေး ဆန္ဒပြပွဲတွေ ကြိုးကြားဆိုသလို ဆက်ပြီး ဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ နောက်ထပ်လူမည်း အမျိုးသားတစ်ဦး ရဲ ပစ်သတ်တာခံခဲ့ရတာကြောင့် ဆန္ဒပြပွဲတွေ ထပ်ဖြစ်ပြီး စားသောက်ဆိုင်တစ်ဆိုင်လည်း မီးရှို့ခံခဲ့ရတယ်။ အခုလို နောက်ဆုံးအခြေအနေတွေ နဲ့ ပတ်သက်ပြီး ဗီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ ကို မသိဂီ ၤထိုက်က မေးမြန်းထားပါတယ်။
George Floyd သေဆုံးသွားရပြီးတဲ့နောက် Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် လို့ ကြွေးကြော်ပြီး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့ပေါ်ပေါက်ခဲ့ရပါတယ်။ အမေရိကန် သမ္မတထရမ့်အစိုးရဟာ ဒီလှုပ်ရှားမှုအပေါ် ဘယ်လိုတုံ့ပြန်နေသလဲ၊ ဒီလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။
လူမည်းအမျိုးသား George Floyd ရဲလက်ထဲမှာ သေဆုံးသွားရပြီးတဲ့နောက် Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် လို့ ကြွေးကြော်ပြီး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကိုအယ်ဒီတာ ဦးကျော်ဇံသာကို ငြိမ်းချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် တရားရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြားနားပွဲက လူထုဆန္ဒပြပွဲတွေကထွက်ပေါ်လာတဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုအတွက် တရားမျှတမှု ရရေး တောင်းဆိုချက် ဘယ်လောက်ထိ ထင်ဟပ်သလဲ။ ဦးကျော်ဇံသာကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် တရားရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြားနားပွဲက လူထုဆန္ဒပြပွဲတွေကထွက်ပေါ်လာတဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုအတွက် တရားမျှတမှု ရရေးတောင်းဆိုချက်တွေ ပြည့်ဝဖို့ ဘယ်လောက်ထိ ထင်ဟပ်စေသလဲ။
အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသား George Floyd ရဲဖမ်းဆီးခံထားရစဉ် လူဖြူရဲကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲလှုပ်ရှားမှု နောက်ဆုံး အခြေအနေ ဂယက်ရိုက်ခတ်မှုတွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မစုမြတ်မွန် မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်