တရုတ် တပ်မတော်ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ကံပိုင်တည် ကတဆင့်လာတဲ့ လမ်းခရီးမှာတော့ လုံခြုံရေး ရှေ့ပြေးယာဉ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာရှိပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲပါတယ်။
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ သူ့ရဲ့ လက်တွဲဖက် ဗက်ဂနာကြေးစားတပ်ခေါင်းဆောင်တို့ကြား ပဋိပက္ခတွေဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ဆက်လက်ကူညီသွားဖို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ရုရှား အတွင်းပိုင်း ပဋိပက္ခဟာ ယူကရိန်းစစ်အပေါ်ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
နိုင်ငံတော်အပေါ် သစ္စာဖေါက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရုရှားသမ္မတ Vladimir Putin က ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။ ယူကရိန်းစစ်မှာ ရုရှားဘက်က ဝင်တိုက်ပေးတဲ့ Wagner အုပ်စုက မော်စကိုအထိ ချီတက်မယ်လို့ ခြိမ်းခြောက်ထားစဉ်မှာ Putin က ခုလိုပြောလိုက်တာပါ။ ကိုအောင်အောင် တင်ပြပေးထားပါတယ်
ပြည်သူလူထု အများစုရဲ့မျက်နှာကို မထောက်ဘဲ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး ဆောင်ရွက်တာမျိုးဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း အဆိုတော် ချမ်းချမ်းက ပြောပါတယ်။ အီတလီနိုင်ငံ ပဒိုဗာမြို့မှာ နေထိုင်တဲ့ အဆိုတော် ချမ်းချမ်းရဲ့ ဘဝတစိတ်တပိုင်းအကြောင်း ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
မြန်မာပြည်က ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရသူတွေ စိတ်ဓါတ်မကျဖို့နဲ့ တတ်နိုင်သမျှ ဒုက္ခကင်းဝေးရဖို့ ဆောင်ရွက်နေကြောင်း လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့သူတွေက ပြောပါတယ်။ ကိုအောင်အောင် ရိုက်ကူး စုစည်း တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ နိုင်ငံတော် လျှို့ဝှက်မှတ်တမ်းတွေကို သူ့နေအိမ်မှာ သိမ်းဆည်းခဲ့တာနဲ့ ပတ်သတ်လို့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး တရားစွဲတာကို ရင်ဆိုင်ရတော့မှာပါ။ သမ္မတဟောင်းအပေါ် စွဲချက်တင်တာနဲ့ ပတ်သတ်လို့ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ရေမြေခြားမှ ရုပ်ပုံလွှာအစီအစဥ်မှာ အီတလီနိုင်ငံကို သွားခဲ့တဲ့ ကိုအောင်အောင်က ကျောင်းတက်ဖို့ အီတလီမှာ ရောက်နေကြသူတွေ၊ နှစ်ကာလအတော်ကြာကတည်းက အခြေချနေထိုင်နေသူတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့နေ့စဥ် နေထိုင်မှု ဘဝအခြေအနေကို မေးမြန်းခဲ့ပါတယ်။ အီတလီခရီးစဥ်အကြောင်း ကိုအောင်အောင်က ရိုက်ကူး တင်ပြထားပါတယ်။
အမေရိကန်နဲ့ တရုတ်ဟာ စင်္ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲအတွင်း တဖက်နဲ့တဖက် အပြန်အလှန် အပြစ်ဖို့ ခဲ့ကြပါတယ်။ ထိုင်ဝမ်ရေလက်ကြားအရေးနဲ့ ပတ်သတ်ပြီး သီးခြားစီ ကျင်းပတဲ့ အခမ်းအနားတွေမှာ ၂ နိုင်ငံ ခေါင်းဆောင်တွေ တင်းတင်းမာမာ စွပ်စွဲခဲ့ကြတာပါ။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
NATO အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ဆွီဒင်နိုင်ငံ အတွက် ရည်ရွယ်ပြီး အမေရိကသမ္မတ Joe Biden က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
NATO အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ဆွီဒင်နိုင်ငံ အတွက် ရည်ရွယ်ပြီး အမေရိကသမ္မတ Joe Biden က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အမေရိကန်အစိုးရ ငွေချေးယူနိုင်တဲ့ပမာဏ တိုးမြှင့်ဖို့နဲ့ ပတ်သတ်ပြိး မဲခွဲအတည်ပြုနိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက်ရလိမ့်မယ်ဆိုပြီး ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်အောက်လွှတ်တော် ခေါင်းဆောင်တွေအကောင်းမြင် မျှော်လင့်နေကြပါတယ်။ အဓိကပါတီကြီး ၂ ရပ်ကြား ဘာတွေ သဘောထားကွဲလွဲနေခဲ့ကြတာလဲဆိုတာ ကိုအောင်အောင်တင်ပြထားပါတယ်။
ဒီနှစ်နွေရာသီမှာ ခရီးသွားတွေ ပြန်များလာမယ်လို့ အမေရိကန် ခရီးသွားလာရေးနဲ့ ပတ်သတ်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ဒါပေမဲ့လည်း ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် ဟိုတုန်းကလို မကြာခဏ ခရီးသွားဖို့တော့ သိပ်မလွယ်လှဘူးလို့ ခရီးသွားတွေက ပြောပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
မြန်မာနွယ်ဖွားတွေ တူရကီနိုင်ငံမှာ ကျောင်းတက်ဖို့ ဘာကြောင့် ရွေးချယ်ရတာလဲ၊ တူရကီနိုင်ငံမှာရေရှည်အခြေချနေထိုင်သူတွေရဲ့ အလုပ်အကိုင်အခြေအနေကရော ဘယ်လိုရှိပါသလဲ။ တူရကီနိုင်ငံက မြို့တချို့ကိုသွားရောက်ခဲ့တဲ့ ကိုအောင်အောင်က သူ့အတွေ့အကြုံတချို့ကို ရိုက်ကူးတင်ပြထားပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မဟာဘွဲ့ရခဲ့တဲ့ ကရင်နီကျောင်းသူ အီမယ်က ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လို အခက်အခဲမဆို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မဟာဘွဲ့ရခဲ့တဲ့ ကရင်နီကျောင်းသူ အီမယ်က ပြောပါတယ်။ ကရင်နီပြည်ကနေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ မိဘတွေက ကရင်နီဒုက္ခသည် စခန်းမှာ အီမယ်ကို မွေးခဲ့တာပါ။ ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခိုလှုံခွင့် လျှောက်ထားသူတွေအပေါ် တားမြစ်ပိတ်ပင်ကန့်သတ်တာတွေ မရှိဘူးဆိုပြီး အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးက ငြင်းဆိုပါတယ်။ ဒါပေမယ့်လည်း ခိုလှုံခွင့်လျှောက်ထားရာမှာ ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက် ဖို့လိုကြောင်း သူက အလေးအနက် ပြောဆိုပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အဆိုပြုတဲ့ အစိုးရအသုံးစားရိတ် လျာထားငွေဟာ အမေရိကန်အနေနဲ့ တရုတ်နဲ့ ယှဥ်ပြိုင်ရာမှာ အဓိက ကျတဲ့ ကဏ္ဍမှာရှိနေတဲ့ အကြောင်း အမေရိကန်အထက်လွှတ်တော်မှာ အင်္ဂါနေ့ကကျင်းပတဲ့ ကြားနာပွဲအတွင်း အစိုးရထိပ်တန်း အရာရှိတွေက တင်ပြခဲ့ကြပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump ဟာ မနေ့က နယူးယောက်တရားရုံးကို လူကိုယ်တိုင်ရောက်လာပြီး စီးပွားရေးမှတ်တမ်းတွေ လိမ်လည်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်အပါအဝင် စွဲချက် ၃၄ ခု အပေါ် အပြစ်မရှိကြောင်း ငြင်းဆိုသွားပါတယ်။ VOA သတင်းထောက် Mike O’Sullivan သတင်းပေးပို့ထားတာကို ကိုအောင်အောင် ပြောပြပါလိမ့်မယ်။
လိင်သရုပ်ဆောင် အမျိုးသမီးတဦးကို ၂၀၁၆ ခုနှစ်က နှုတ်ပိတ်ခ ငွေပေးခဲ့တယ်ဆိုပြီး ရာဇဝတ်မှုနဲ့ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေရတဲ့ ဒေါ်နယ်ထရမ့်ဟာ ဒီကနေ့အင်္ဂါနေ့ သူ့ကို တရားဝင်စွဲချက်တင်မယ့် နယူးယောက်မြို့တရားရုံးကို လူကိုယ်တိုင် သွားရောက်နိုင်ပါတယ်။ဒီအမှုအလားအလာနဲ့ ပတ်သတ်ပြီး ကိုအောင်အောင် ဆက်ပြီး ပြောပြပေးပါ့မယ်။
အမေရိကန် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအတွက် ရည်ရွယ်ပြီး STEM နည်းပညာဆိုင်ရာပြပွဲ ဝါရှင်တန်ဒီစီဧရိယာမှာ ကျင်းပရာမှာ 360ed ကုမ္ပဏီထူထောင်သူ မလှလှဝင်းလည်း နည်းပညာဆိုင်ရာ အပ်ပလီကေးရှင်းကို လာရောက်မိတ်ဆက်ပြသပါတယ်။ STEM နည်းပညာပြပွဲအကြောင်း ကိုအောင်အောင် ရိုက်ကူး သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်