ရိုးသားမှုနဲ့ ကြိုးစားအားထုတ်မှုကသာ ဘဝမှာ တိုးတက်တဲ့အခြေအနေတွေကို ဖန်တီးပေးစေမှာဖြစ်တယ်လို့ သင်္ဘောသား ဆက်သွယ်ရေးအရာရှိ R.O ဘဝကနေ ကုမ္ပဏီမှာ အကြီးအကဲတဦးဖြစ်လာတဲ့ ဦးငြိမ်းတိုးက ပြောပါတယ်။ အနှစ် ၃၀ ကျော် စင်္ကာပူမှာ အခြေချနေထိုင်နေတဲ့ ဦးငြိမ်းတိုးအကြောင်း ကိုအောင်အောင် စီစဉ်တင်ဆက်ထားပါတယ်။
အမေရိကန်အနေနဲ့ ဒီမိုကရေစီရေး ထိပ်သီး ညီလာခံတရပ် ဒုတိယအကြိမ်ကျင်းပဖို့ ဆောင်ရွက်နေချိန်မှာပဲ ရုရှားသမ္မတ Putin က ဘဲလားရုစ်မှာ ဗျူဟာမြောက်နျူကလီးယားထိပ်ဖူးတပ်လက်နက်တွေ ချထားမယ်လို့ ကြေညာပါတယ်။ ရုရှားဟာ ယူကရိန်းသဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်အောင် ဘာလက်နက်တွေသုံးနေတာလဲဆိုတာကိုအောင်အောင်တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကြောင်းသွားရာတလျှောက် ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဖက်ဒရယ် အေဂျင်စီတွေအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပတ်သတ်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို အကောင်အထည်ဖေါ်ဖို့ အမေရိကန်သမ္မတ Joe Biden က ညွှန်ကြားခဲ့ပြီး အမိန့်ကြေညာချက်တစောင်ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
မြင်းဆွဲနှင်းလျှောစီးပြိုင်ပွဲကို ကိုလိုရာဒိုပြည်နယ်မှာ ကျင်းပလာတာ နှစ်ပေါင်း ၇၀ ကျော်ပါပြီ။ ပြေးလွှားနေတဲ့ မြင်းပေါ်ကနေ ပြုတ်မကျအောင် မြင်းစီးသူဘက်က သတိထားရသလို မြင်းကိုကြိုးနဲ့ဆွဲ နှင်းလျှောစီးလိုက်သူကလည်း အခက်အခဲအတားအဆီးတွေ၊ချိတ်ဆွဲထားတဲ့ကွင်းတွေကို ဖြုတ်ယူရပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဖလော်ရီဒါတောင်ပိုင်းစွန်းနားက Everglades ရေလွှမ်းသဘာဝဥယျာဉ်ထိန်းသိမ်းဖို့ အကြီးစားပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရကရော ဖလော်ရီဒါပြည်နယ်ကပါ ဒီဥယျာဉ်ပြင်ဆင်ဖို့ ရန်ပုံငွေတွေ မကြုံဖူးလောက်အောင် ချမှတ်ပေးထားပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်အောင်ကတင်ပြထားပါတယ်။
စင်္ကာပူရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ လျှောက်ထားတာမှာ အဆင်မပြေမှုတွေ ကြုံနေရကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့ ကြားခံလူတချို့ကို ငွေကြေးတစုံတရာပေးပြီး အလွယ်တကူ လျှောက်ထားနိုင်တာကိုတော့ အများစုက မေးခွန်းထုတ်နေကြပါတယ်။
ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက အပြည့်အဝထောက်ခံထားပေမယ့် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီထဲမှာ သဘောထားကွဲပြားသူတချို့ရှိလာပါတယ်။ ကမ္ဘာ့အင်အားချိန်ခွင်လျှာညှိရာမှာ တခြားအလေးထားရမယ့်ကိစ္စတွေလည်း ရှိလာတာကြောင့် နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲတာတွေ ရှိလာနိုင်တဲ့အကြောင်း ကိုအောင်အောင် တင်ပြပေးထားပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် ကလေးငယ်တွေ အရေပြားရောဂါတွေဖြစ်နေကြပါတယ်။ အရေပြားပေါ်မှာ အရည်ကြည်အဖုလေးတွေထွက်နေကြတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
အမေရိကန်က Silicon Valley Bank ပြိုလဲသွားတာကြောင့် ဒီဘဏ်ကငွေတွေ အလုအယက်ထုတ်ယူနေကြသူတွေအနေနဲ့ မစိုးရိမ်ဖို့နဲ့ အပ်နှံထားတဲ့ငွေတွေ ပြန်ရဖို့ ဆောင်ရွက်ပေးမယ်လို့ အမေရိကန်အစိုးရက ကြားဝင်အာမခံပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စီးပွားရေးပညာရှင်ရဲ့ သဘောထားကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။
ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်ပါကြောင်းပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းစကား ပါးလိုက်ပါတယ်။ ယူကရိန်းက Bakmut မြို့နဲ့ တခြားဒေသတွေကို ရုရှားဘက်က အပြင်းအထန် တိုက်ခိုက်နေချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးက ဘာတီကန်ကနေ ခုလို ပြောလိုက်တာပါ။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖိနပ်တိုက်လုပ်ငန်းဟာ တွင်ကျယ်လေ့ရှိပေမယ့် ခုအခါမှာတော့ အကြပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ ရေရှည်မှာတော့ ပုံမှန် ပြန်လည်ပတ်နိုင်ဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာပါ။ ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြပေးထားပါတယ်။
Donbas ဒေသက Novgorodske ဆိုတဲ့ စက်ရုံမြို့လေးကို လွန်ခဲ့တဲ့နှစ်ပိုင်းတုန်းက ပုံမှန်ပြန်လည်ပတ်ဖို့ မြို့ခံတွေကသူတို့မြို့ကို New York လို့ နာမည်ပေးလိုက်ပြီး ခရီးသွားတွေကို စွဲဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် ခုအခါစစ်ပွဲတွေကြောင့် သူတို့ရည်ရွယ်ချက်လည်း ပျက်ပြယ်ခဲ့ပါတယ်။ ကိုအောင်အောင်တင်ပြပေးပါမယ်။
ယူကရိန်းအရှေ့ဘက်က Bakhmut မြို့ကို ရုရှားတွေလက်ထဲကနေ ယူကရိန်းက ပြန်ရဖို့ကြိုးစားနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေ ဆက်နေဖို့ ခက်ခဲလာပါတယ်။ ယူကရိန်းဘက်ကတော့ နိုင်ငံတကာရဲ့ ထောက်ခံမှုဆက်ရနေဖို့ သံတမန်ရေးအရ ကြိုးပမ်းနေတဲ့တချိန်ထဲမှာ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။ ကိုအောင်အောင် တင်ပြပေးပါလိမ့်မယ်
ကိုဗစ်ကပ်ရောဂါကာလကတည်းက အစားအစာ ဝယ်ဖို့ အပိုဆောင်းထောက်ပံ့ကြေးပေးလာတာကို အမေရိကန်အစိုးရက ထောက်ပံ့ကြေးပမာဏ လျှော့ချလိုက်ပါတယ်။ အမေရိကန် သန်း ၃၀ လောက်ဟာ ဒီထောက်ပံ့ကြေးနဲ့ ရပ်တည်နေကြတာပါ။ ကိုအောင်အောင် တင်ပြပေးပါလိမ့်မယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မတ်လ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ဝင်ရောက်ခဲ့တဲ့ ကုန်းရွာထဲက နေအိမ် စုစုပေါင်း ၆၀၀ ကျော် မီးရှို့ခံခဲ့ရသလို အရပ်သား ၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ယူကရိန်းကို F16 ဂျက်တိုက်လေယာဉ်တွေ ပို့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက ပြောထားပေမယ့်လည်း ကွန်ဂရက်စ် လွှတ်တော်အမတ်တချို့ကတော့ အစိုးရသဘောထား ပြောင်းလဲသွားအောင် တွန်းအားပေးဖို့ စီစဉ်နေပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူမျိုးစုဒေသတွေမှာ စစ်ကောင်စီက အကြမ်းဖက်နှိမ်နိင်းနေတာတွေနဲ့ ပတ်သတ်ပြီး ရပ်တန့်အောင် အမေရိကန်အစိုးရအနေနဲ့ ဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် လူမျိုးစုတွေက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ကွန်ပြူတာနဲ့ ဘွဲ့ရခဲ့ပေမယ့် စက်ပြင်လုပ်ငန်းကို ဝါသနာအရလုပ်ကိုင်ရင်း ကားပြင်ဆိုင် ဖွင့်ဖြစ်လာတာလို့ ကိုမင်းဂေါင်ထွန်းက ပြောပါတယ်။ မေရီလန်းပြည်နယ် ဘော်တီမိုးဧရိယာမှာဖွင့်လှစ်ထားတဲ့ မင်း ကားပြင်လုပ်ငန်းအကြောင်း ကိုအောင်အောင် စီစဉ်ရိုက်ကူးတင်ပြထားပါတယ်။
အခု ဒီမှာ ဖားကန့်မှာဆိုရင် ဆန်ဆိုရင်လည်း တစ်သိန်းဖြစ်နေပြီ။ ဆန်ကြမ်းနော် ဆန်ကြမ်း။ ရိုးရိုးဆန်ကြမ်း။ အဲဒါ တစ်သိန်းပေါက်နေပြီ။ ဓါတ်ဆီဆို ဟို တစ်လီတာမဟုတ်ဘဲနဲ့ ပုလင်းလေ အဲဒီ တစ်ပုလင်းဆို ၈၀၀၀- ၁၀၀၀၀ ဖြစ်သွားတယ်။ အရင်ကတော့ တစ်ပုလင်းကိုဆို ၃ထောင်ပေါ့။ ဆန် ဝယ်ချင်ပေမယ့်လည်း ဆန်ဝယ်လို့ မရဘူး။
နောက်ထပ်ကြည့်ရှုရန်