Donald Trump အနိုင်ရခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က သူ့ကို ထောက်ခံသူတွေ ပျော်ရွှင်နေကြပါတယ်။ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ Trump သမ္မတ သက်တမ်းအတွင်း ဖက်ဒရယ်ဥပဒေအရ လွှမ်းမိုးပယ်ဖျက်လာနိုင်တဲ့ မူဝါဒကို ကာကွယ်နိုင်အောင် ပြည်နယ်လွှတ်တော် အထူး အစည်းအဝေး ကျင်းပဖို့ ပြောနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတဟောင်း Donald Trump အနိုင်ရခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က သူ့ကို ထောက်ခံသူတွေ အောင်ပွဲခံခဲ့ကြပါတယ်။
၄၇ ယောက်မြောက် အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိက ပထမ ဆိုတဲ့ မူဝါဒကနေ မဟာမိတ်အာရှနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မှာပါလဲ။ အထူးသဖြင့် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီး နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမဲ့အကြောင်း ပြောနေတာပါ။
ရှေ့သီတင်းပတ် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရေစီစံတန်ဖိုးတွေကို လေးစားလိုက်နာပြီး ပါဝင်မဲထည့်ကြဖို့ ရွှေ့ပြောင်းအခြေချလာပြီး အမေရိကန်နိုင်ငံသား ဖြစ်လာတဲ့ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ရောက် မြန်မာနွယ်ဖွားအချို့က တိုက်တွန်းကြပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
နေသာတဲ့နေ့ တေးရုပ်ရှင် ဖန်တီးထုတ်လုပ်ဖို့ ကာလအတော်ကြာ အချက်အလက်တွေ စုဆောင်းပြီး မြန်မာပြည်အရေးအတွက် အနုပညာနဲ့ အထောက်အကူပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့လည်း တေးရုပ်ရှင် ဖန်တီးသူ ဒါရိုက်တာ မင်းသက်ဝင်းက ပြောပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းကျင်းပတော့မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေထဲ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို ကြိုတင်မဲပေးခဲ့တာနဲ့ ပတ်သတ်ပြီး မင်နီဆိုးတားပြည်နယ် စိန့်ပေါ်လ်မြို့က Trump ထောက်ခံသူ ဦးနေထူးကို ကိုအောင်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က Milton ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်ခဲ့ရာ ဒေသကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ ဒေသခံတွေ လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျံဝက်ကျော် ချမှတ်ပေးမယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ခြေမဲ့ သိန်းနဲ့ ချီရှိနေပြီး တော်တော်များများဟာ အများပြည်သူသွားလာရာနေရာတွေမှာ နေထိုင်ကြတာပါ။ အခုအခါမှာ တနိုင်ငံလုံးက အဲဒီအိမ်ခြေမဲ့တွေကို ဖယ်ရှား ဖို့ အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်ပါပြီ။ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
အစ္စရေးကို ဟာမတ်စ်စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတာ ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ဆိုရင် ၁ နှစ်ပြည့်ပါပြီ။ ဒီလို တနှစ်တာကာလအတွင်း စစ်ပွဲတွေကြောင့် အစ္စရေးရောက် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပေမဲ့လည်း တချို့ကတော့ အစ္စရေးနိုင်ငံမှာ ဆက်ပြီး အခြေချ နေထိုင်နေကြပါတယ်။ ဘာကြောင့် ပြည်တော် မပြန်နိုင်တာပါလဲ။
အမေရိကန်သမ္မတ Jimmy Carter ဟာ သမ္မတတာဝန်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်းမှာ လူထုအကျိုးပြုလုပ်ငန်းတွေကို အချိန်ကာလ အကြာဆုံး စေတနာ့ဝန်ထမ်း လိုက်လံလုပ်ကိုင်သူတဦး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး၊ ဒေသခံ အဖွဲ့အစည်းတွေနဲ့လည်း အတူ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်ကာလမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာလူထုအတွက် ဆက်လက်ကိုယ်စားပြုနိုင်ရေး နယူးယောက်မြို့မှာ ထောက်ခံဆန္ဒထုတ်ဖေါ်ကြပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ အိုဟိုင်းယိုးပြည်နယ် Springfield မြို့ရောက် ဟေတီနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတွေ ဘယ်လို အကြပ်အတည်းတွေ ရင်ဆိုင်နေရပါလဲ။ Donald trump နဲ့ JD Vance တို့က ဘာတွေ ပြောလိုက်လို့ပါလဲ။ သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်နေကြောင်း မီဒီယာနဲ့လူပုဂ္ဂိုလ်တချို့က အကြောင်းမဲ့ပြစ်တင်နေတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးနဲ့ ပတ်သတ်ပြီး ဝင်ရောက်စွက်ဖက်နေကြောင်း တချို့က အကြောင်းမဲ့ အပြစ်တင်နေတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရက ပြောဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်လို့ ဝါရှင်တန်ဒီစီက မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ကိုအောင်အောင် တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ မြန်မာစပါးအုံးမြွေတွေကို ဘာကြောင့် နှစ်စဥ် သုတ်သင်ရှင်းလင်းနေတာပါလဲ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းဆရာ ဆရာမတွေအတွက် အစိုးရက ဘယ်လို အထူးအစီအစဥ်တွေနဲ့ ထောက်ပံ့ပေးထားပါလဲ။ သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ ကိုအောင်အောင် တင်ပြထားပါတယ်။
မြန်မာနွေဦးတော်လှန်ရေးမှာ စစ်ကောင်စီအသာရအောင် တရုတ်နိုင်ငံက အားပေးအားမြှောက်ပြုနေတယ်လို့ တိုင်ဝမ်ရောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကပြောပါတယ်။ တိုင်ဝမ်ရောက်မြန်မာတွေရဲ့ မြန်မာ့အရေးတရုတ်ရဲ့ အခန်းကဏ္ဍအပေါ်အမြင်သဘောထားနဲ့ မြန်မာ့အရေးလှုပ်ရှားမှုတို့ကို ထိုင်ပေမြို့ကနေ ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းမှာ လာရောက်ခိုလှုံနေထိုင်သူ ကျောင်းသူ ကျောင်းသားတွေ ပညာရေးအတွက် နှစ်ပေါင်း ၂၀ ကျော် အခက်အခဲတွေကြားမှာပဲ အားထုတ်လုံးပမ်းခဲ့ကြတယ်လို့ ကျောင်းအုပ်ချုပ်သူတွေက ပြောပါတယ်။ ခုအခါ သွေးသစ်ကျောင်းဆင်း ကျောင်းသားတွေဟာ နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်တွေမှာ တက်ရောက်ပညာသင်ကြားနေပြီ ဖြစ်ပါတယ်။
ဒုသမ္မတ Kamala Harris ဒီမိုကရက် သမ္မတလောင်း ဖြစ်လာတာကြောင့် အမျိုးသမီးတွေ လူနည်းစုဝင်တွေ လူငယ် အများအပြား လာမယ့်ရွေးကောက်ပွဲမှာ မဲပေးလိမ့်မယ်လို့ မဲဆန္ဒရှင်တွေက သုံးသပ်ပါတယ်။ အထူးသဖြင့် မဲဆွယ်စည်းရုံးကြရာမှာ နာကျင်ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ရှောင်ရှားဖို့ လိုကြောင်းလည်း ထောက်ပြပါတယ်။
မြန်မာနိုင်ငံက လိုအပ်သူတွေဆီ အစားအစာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ရန်ပုံငွေစျေးရောင်းတာဖြစ်ကြောင်း ဝါရှင်တန်ဒီစီ မက်ထရိုအေရီယာမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
အင်ဒီယားနားပြည်နယ်က မြန်မာအမေရိကန်အင်စတီကျု (BACI) အဖွဲ့ဝင်တွေဟာ မြန်မာအမေရိကန်လ အထိမ်းအမှတ်ဆင်နွှဲတဲ့အနေနဲ့ မြို့တော်ဝါရှင်တန်ဒီစီကို လေ့လာရေးခရီး လာရောက်ပြီး နိုင်ငံခြားရေးဌာန၊ ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ရိုက်ကူးမေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်