တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်နေကြောင်း မီဒီယာနဲ့လူပုဂ္ဂိုလ်တချို့ကအကြောင်းမဲ့ပြစ်တင်နေတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲတဲ့ လုပ်ရပ်မှန်သမျှနဲ့ ပြည်ပအင်အားစုတွေက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးကို ဆန့်ကျင်ကြောင်းလည်း တရုတ်သံရုံး Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။တရုတ်-မြန်မာဆက်ဆံရေးကို ဘယ်လိုလုပ်ရပ်မျိုးတွေက သွေးကွဲစေတာပါလဲ။ ဘယ်လို လုပ်ရပ်မျိုးတွေကို မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်နိုင်ပါမလဲ။ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့က ဆန္ဒပြ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ကိုအောင်အောင် တွေ့ဆုံမေးမြန်းထားပါတယ်။
Forum