လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဒုသမ္မတ Kamala Harris ဒီမိုကရက် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာပါလား။ ဘယ်လို ကိုယ်စားလှယ်လောင်းမျိုးကို မဲဆန္ဒရှင်တွေက လိုလားနေတာပါလဲ။ မြန်မာအမေရိကန်တွေရဲ့ သဘောထားကို သိရဖို့ ချီကာဂိုမြို့က မဇွန်ဇွန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားမှု အပြီး ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာံမှာ ဆွေးနွေးချက်တွေ၊ လုပ်ကြံဖို့ ကြိုးစားမှုကြောင့် ညီလာခံနဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း Donald Trump အပေါ် ထောက်ခံမှုနဲ့ သက်ရောက်မှုအခြေအနေ သုံးသပ်ချက်တွေကို ကိုအောင်အောင် စုစည်းတင်ပထားပါတယ်။
အမေရိကန်သမ္မတ Joe Biden က အမေရိကန်တွေ စည်းလုံး ညီညွတ်ကြဖို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေကနေ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လုပ်ကြံဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ Biden က သူ့ရဲ့ Oval ရုံးခန်းကနေ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။
၂၀၂၄ နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ ပတမအကြိမ် စကားစစ်ထိုးပွဲကို ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ဇွန်လ ၂၇ ရက်နေ့ကျရင် ကျင်းပမှာပါ။
ရာစုနှစ်ဝက်ကျော်ကြာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေထဲ မွန်လူမျိုးတွေလည်း ပါဝင်ပါတယ်။
ဂါဇာက ဒုက္ခသည်စခန်းကို အစ္စရေးတို့ ဝင်ရောက် စီးနင်းပြီးနောက် ဓါးစာခံ ၄ ယောက်ကို ဒီသီတင်းပတ်ကုန်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၇၄ ယောက်ထက် မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ဟာမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတဲ့ခါ လက်နက်ချရင် မသတ်ဘူးဆိုတဲ့ မူဝါဒနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ရဲ့ ဥက္ကဌလည်းဖြစ် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကျော်က ပြောပါတယ်။
အာရှနွယ်ဖွား အမေရိကန်တွေကို ဂုဏ်ပြုတဲ့ မေလမှာ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ အေးရှန်း အမေရိကန်တွေရဲ့ ယဥ်ကျေးမှုပွဲကို မေလ ၂၂ ရက်နေ့က Rockville မြို့က မောင့်ဂိုမာရီကောလိပ်မှာ ကျင်းပပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တခြား လက်နက်ကိုင်အင်အားစုတွေနဲ့ ပေါင်းစည်းပြီး ပထမဆုံး ပြန်လည်တိုက်ခိုက်တဲ့ BGF နယ်ခြားစောင့်တပ်ကတော့ ကရင်နီပြည်လို့လည်းခေါ်တဲ့ ကယားပြည်နယ်က နယ်ခြားစောင့် တပ် အမှတ် ၁၀၀၄ နဲ့ ၁၀၀၅ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာမယ့် ရီပတ်ဘလစ်ကန် သမ္မတဟောင်း Donald Trump တို့ဟာ စကားစစ်ထိုးပွဲ ၂ ကြိမ်မှာ ပါဝင်စကားစစ်ထိုးဖို့ သဘောတူထားပါတယ်။ ဒီစကားစစ်ထိုးပွဲအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကတော့ အပြန်အလှန် လေးစားမှုနဲ့ ပြောဆိုကြဖို့ပါ။
အမေရိကန်ပြည်ထောင်စုမှာ အထူးသဖြင့် လူနည်းစုတွေကို အကာအကွယ်ပေးဖို့ အထူးအရေးကြီးတာကြောင့် အာရှနွယ်ဖွားတွေကို အန္တရာယ်ပြုတိုက်ခိုက်တာတွေကို ကာကွယ်နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။
ကရင်နီပြည်လို့ ခေါ်ကြတဲ့ ကယားပြည်နယ်အတွင်း သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ကရင်နီ မဟာမိတ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီ တာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန် တက္ကသိုလ်တွေမှာ ပါလက်စတိုင်းထောက်ခံသူတွေအခိုင်အမာခြေကုပ်ယူဆန္ဒပြတာတွေကို ရဲတပ်ဖွဲ့က ဖြိုခွဲနှိမ်နင်းခဲ့ပေမယ့်လည်းဆန္ဒပြသူတွေကတော့သူတို့ရဲ့ရပ်တည်ချက်ကိုဆက်လက် ဆုပ်ကိုင်ထားဆဲပါ။ ဆန္ဒပြပွဲတွေဆက်ဖြစ်နေဦးမယ်ဆိုရင် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွေအပေါ် ရိုက်ခတ်လာနိုင်တယ်လို့သုံးသပ်သူတွေက ထောက်ပြပါတယ်။
အမေရိကန်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သတ်တဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ အကျဥ်းထောင်ထဲက Book Club ၊ လာအိုလူမျိုး အမေရိကန်ထီဆုကြီးပေါက်သူအကြောင်း ကိုအောင်အောင် တင်ဆက်ပေးထားပါတယ်။
စနေနေ့ညက အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းထောက်များအသင်း ညစာစားပွဲမှာ အမေရိကန် သမ္မတ Joe Biden အရွှန်းဖေါက်ပြောကြားတာကို ညစာစားပွဲတက်ရောက်သူ အများအပြားက သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ နိုင်ငံရေး ယှဥ်ပြိုင်ဘက် Donald Trump ကတော့ ဘိုင်ဒန်ရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ထိုးနှက်ဝေဖန်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပတဲ့ နှစ်သစ်ကူးသင်္ကြန်အတက်နေ့ စီတန်းလှည့်လှည်ပွဲတွေမှာတော့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်က ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်ခြား အဓိကကျတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း KNU၊ PDF နဲ့ ပူးပေါင်းတပ်တွေက ကြေညာခဲ့ပြီး မြဝတီမြို့ရဲ့ အုပ်ချုပ်ရေး အနာဂတ်ကို ဘယ်လို ပုံဖေါ်မလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပြီး အခုအထိ ရေရေရာရာ မရှိသေးပါဘူး။
မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန် ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် ငါးမိနစ်အတွင်း တုံ့ပြန်ဖို့ ထိုင်းစစ်တပ်ကို ညွှန်ကြားထားတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ဒီနေ့ မဲဆောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြ၀တီမြို့က စစ်ကောင်စီတပ် ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားတဲ့သတင်းနဲ့ ထိုင်းဘက်ကို ခိုဝင်ဖို့ လာနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ထိုင်းနိုင်ငံဘက်မှာ လုံခြုံရေးကို အထူးတင်းကြပ်ပြီး အသင့်အနေအထား နေရာယူထားပါတယ်။
မြ၀တီမြို့က စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ အသံတွေကို ထိုင်းနိုင်ငံဘက်က ကြားနေပါတယ်။ နယ်စပ် ချစ်ကြည်ရေးတံတားနေရာတချို့ကိုလည်း ထိုင်းဘက်က ဖြတ်သန်းခွင့် မပေးတော့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်