“ဒီဒေသတွေမှာက အခုထိ လက်နက်ကိုင်တိုက်ပွဲတွေက ဖြစ်နေသေးတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရမှ သို့တည်းမဟုတ် လုံးဝကို ငြိမ်းချမ်းသွားမှသာလျှင် ဒါတွေက ပိုပြီးတော့ အောင်အောင်မြင်မြင်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်” - ဦးရဲထွန်း
"ဒီအိုဘားမားရဲ့ foreign policy မအောင်မြင်ဘူးဆိုတာ ပြသချင်တဲ့ သဘောနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို သူတို့က ပိုပြီးတော့ ယုတ်လျော့အောင် အဲ့လိုလုပ်တယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်ဘူးဆိုပြီးတော့ ပြောတဲ့စကားက...."
သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ထပ်ပြီး အရွေးခံမယ် မခံဘူးဆိုတာ ပြည်သူ့ဆန္ဒကိုကြည့်ပြီး ဆုံးဖြတ်မယ်လို့ လက်ရှိသွားနေတဲ့ ဥရောပခရီးစဉ်အတွင်း ပြောလိုက်တဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
"ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ ပြီးသွားလို့ရှိရင်လည်း ဒီရဲ့ result က - ဒီရဲ့ အနိုင်အရှုံးသည် လွှတ်တော် မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ထိခိုက်မှု မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီဟာ အသာစီးရနေတဲ့ပါတီပဲ၊” (ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ သတင်းစာရှင်းလင်းပွဲ)
"ထူးခြားတဲ့ Sign ၊ ထူးခြားတဲ့ Signal လှုပ်ရှားမှု Movement တွေဖြစ်လာတဲ့ အခါကျရင် အချိန်နဲ့တပြေးညီပေါ့ Early Warning ပေ့ါ။ Early Warning ဆိုတာက ကျနော်တို့ ထောက်လှမ်းရေး သတင်းအချက်အလက်၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်တဲ့ ကွန်ရက်ရှိတယ်"
"မြန်မာနိုင်ငံကိုလည်း Crown ကို ပေးပြီးတော့မှ ကမ္ဘာတဝှမ်းမှာ မြန်မာမယ်တယောက်က Crown ခိုးပြီးပြေးပါတယ်ဆိုပြီး ပြောတာကတော့ မြန်မာနိုင်ငံ အပုပ်ချတာနဲ့ အတူတူပါပဲ။ အဲ့လို မြန်မာနိုင်ငံကို စော်ကားတဲ့အတွက် မြန်မာနိုင်ငံ ဂုဏ်သိက္ခာကို ထိတဲ့အတွက် သူတို့အနေနဲ့ တောင်းပန်သင့်ပါတယ်"
မြန်မာနိုင်ငံက စီးပွါးရေး အချက်အချာကျတဲ့ ရန်ကုန်မြို့ကိုတိုးချဲ့ဖို့ စီမံကိန်းသစ် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပေမယ့် အကုန်အကျများ လွန်းတယ်လို့ ဝေဖန်ခဲ့ကြသူတွေ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ ဆိုတဲ့ သံသယ အမြင်နဲ့ ကြည့်သူတွေလည်းရှိနေပါတယ်။
"အခုအထိ စိုက်ပျိုးချေးငွေ မရသေးဘူး။ ၁၀၅ ခေါ် ပုံစံ ၇ ရှိတဲ့လူပဲ ထုတ်ပေးမယ်၊ မရတဲ့လူ ထုတ်မပေးဘူးဆိုပြီးတော့ အခုအချိန်အထိ လက်ထဲကို မရသေးဘူးပေါ့နော်။ တောင်သူဘ၀ က နိုင်ငံတော်က လုံလုံလောက်လောက် မထုတ်ပေးတဲ့အတွက်၊ အပြင်မှာယူရတဲ့အတွက် ကြွေးရှင်များလာတာပေါ့"
"အဲတော့ အပစ်အခတ်က ရပ်စဲပေါင်းလည်းများပြီ၊ ကျိုးပေါက်ပြီးတော့ ပြန်တိုက်ပေါင်းလည်း များပြီ။ ဒါဆိုလို့ရှိရင် ကျနော်တို့ ဘာလိုနေသလဲဆိုတော့ ဥပဒေကြောင်းအရ ခိုင်မာတဲ့ သဘောတူညီမှုတွေ ရဖို့ လိုနေတယ်" - ကိုမင်းကိုနိုင်
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံးနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေကြား သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ လေးနှစ်စီမံကိန်းထဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ မူးယစ်ဆေးဝါးအရေးကိစ္စတွေ ပါဝင်ခဲ့ပါတယ်။
"ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ၂၆နှစ်ပြည့်ခဲ့ပြီ ဆိုတဲ့အချိန် ကျနော်တို့ ပြန်ကြည့်လိုက်တော့ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ရောက်ပြီလား အောင်ပြီလား လို့ မေးတဲ့အချိန်မှာ ကျနော်တို့ မရောက်သေးပါဘူး မပြည့်မီသေးပါဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေတုန်း ဆိုတာကို သုံးသပ်မိပါတယ်။"
မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ဝယ်ယူခဲ့ကြပါတယ်
"ဘာသာရေးရဲ့ လွတ်လပ်ခွင့်ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားပြီးသားပဲ။ တကယ့်တကယ်တမ်းတော့ မြန်မာပြည်မှာ မပြောလောက်တဲ့ လူနည်းစု အထူးသဖြင့် အစွန်းရောက်တဲ့ လူနည်းစုရဲ့ လုပ်ဆောင်မှုကြောင့် ဘာသာရေးအသွင်ဆောင်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်"
အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အချိုးကျ ကိုယ်စားပြု စနစ် PR ကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာလည်း NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးရေး အဆိုတင်သွင်းလာတဲ့အပေါ် ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
"တိုင်းနဲ့ပြည်နယ် ၁၄ ခုကနေပြီးတော့ သူတို့ရရှိထားတဲ့ လက်မှတ်စာရင်းတွေကို ပို့ပါတယ်။ ပို့တော့ ကျနော်တို့ ပေါင်းကြည့်တဲ့အခါမှာ ၃၃ သိန်းပေါ့လေ ၃ ဒဿမ ၃ သန်းလောက် ကျနော်တို့ ရရှိနေပါပြီ။ ဒါကို ကျနော်တို့ပြန်ကြည့်လိုက်ရင် အခြေအနေ ကောင်းပါတယ်လို့ ပြောရတာပေါ့ခင်ဗျ။"
"ရှေ့ကိုသွားတဲ့လမ်းက မြန်မလား၊ နှေးမလား အနှောင့်အယှက် ရှိမလား၊ မရှိဘူးလား ဆိုတာတော့ ပါဝင်ပတ်သက်တဲ့သူတွေအားလုံး အမြင်ကျယ်ကျယ် လုပ်တဲ့အပေါ်မှာ မူတည်တာပေါ့လေ။ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာတော့ ကျနော်တို့ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိဘူး။" - ဦးရဲထွဋ်
“ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်။ ကျနော်တော့ အသေးစိတ်မသိဘူး။ သို့သော် လူပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ငွေကြေးခဝါချမှုနဲ့ ပတ်သက်လာလို့ရှိရင်တော့ ဒါ ကျနော်တို့က ငွေကြေးခဝါချမှုနဲ့ပတ်သက်တဲ့ ဥပဒေနဲ့အညီ အရေးယူခံရမှာပေါ့။” (ဦးရဲထွဋ်-ပြန်ကြားရေး ဒု-ဝန်ကြီး)
ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ မွတ်ဆလင်ဘာသာဝင်တွေအနက် သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို ၁၉၈၂ ခုနှစ် တည်ဆဲ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးစတင်ဆောင်ရွက်နေပြီး မကြာခင် တခြားမြို့တွေမှာလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဗွီအိုအေကို ပြောပါတယ်။
ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမယ့် ပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှုဖို့ အားခဲသူတွေလည်း ရန်ကုန် ၊ မန္တလေး နဲ့ နယ် မြို့တွေ မှာ ဒုနဲ့ဒေး ရှိနေကြတယ်လို့ ဘောလုံး ဝါသနာရှင် အသိုင်းအဝိုင်း က ပြောဆိုပါတယ်။
"အမှန်တော့ ဒီ PR ဆိုတာ သူတို့ပြောရင် တိုင်းရင်းသား ဘာဖြစ်တယ်၊ ညာဖြစ်တယ် တိုင်းရင်းသားကို ဦးစားပေးတယ်တို့ ဘာတို့ပြောတယ်။ အမှန်က တိုင်းရင်းသား ပါတီငယ်လေးတွေအတွက် ဒါကပိုပြီးတော့ ဆုံးရှုံးမှု များတယ်လေ"
နောက်ထပ်ကြည့်ရှုရန်