မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”
"ဒေသခံတွေနဲ့ ပြဿနာ တစုံတရာ မရှိပါဘူး။ အခုဖြစ်တဲ့ ပြဿနာသည် ဒီဒေသခံ မဟုတ်ဘူးလို့ ယူဆတယ်။ ကားတွေနဲ့၊ ဒုတ်တွေ၊ ဓားတွေနဲ့ စီတန်းပြီးတော့မှ စစ်တပ်ချီတက်သလိုမျိုး ချီတက်ပြီးတော့ ရောက်လာပါတယ်။ မျက်နှာမှာလည်း နဖူးစည်းတွေ ပါတယ်"
“မြန်မာနိုင်ငံမှာ လုပ်ကိုင်စရာတွေ အများကြီးရှိပါတယ်။ လူတွေ သူတို့နေထိုင်လိုတဲ့ ဘဝကို ရရှိဖို့အတွက် သိပ်ကို မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ သောက်သုံးရေသန့်တွေ မရဘူးဆိုရင် ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ဒီလို သောက်သုံးရေသန့်တွေ ရရှိဖို့ ကျမတို့ ဒီကို လာပြီးတော့ ကူညီရတာ သိပ်ကို ဝမ်းသာပါတယ်"
နှစ်ပါင်း ၄၀ နီးပါးအတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဂျပန်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ လာရောက်နိုင်ခဲ့လို့ ဝမ်းသာကြောင်းနဲ့ အမေရိကန် အပါအဝင် အနောက်ဥရောပ နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေပြူလုပ်ထားချိန် မှာလည်း ဂျပန် မြန်မာ ဆက်ဆံရေးကောင်းခဲ့တယ်လို့ ဂျပန် ဝန်ကြီးချုပ်ကပြောပါတယ်။
မြန်မာအစိုးရနဲ့ ABSDF တို့ကြား ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။
မဟာစင် ဆိုင်ကလုန်းလွတ်ရာ ရှောင်သူတို့ မုန်တိုင်းအလွန် နေရပ်ပြန်ကြရာမှာလည်း စစ်ကားတွေနဲ့ ကူညီ ပြန်ပို့ပေးနေပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်ကမ်းခြေ Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့် အကွာ ကမ်းခြေကိုဖြတ်ကျော်ပြီးတော့ ကုန်းတွင်း ဝင်သွားပြီလို့ မိုးလေဝသ ပညာရှင်တွေကပြောပါတယ်။
“၂၅ ယောက်ဖမ်းပါတယ်ခင်ဗျ။ ၈ ယောက်ကို ပြန်လွှတ်ပေးလိုက်တော့ ၁၇ ယောက် ကျန်ပါတယ်ခင်ဗျ။ သူတို့ကိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲပဲ ရှိပါသေး တယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျူးလွန်တဲ့ သူကိုတော့ ပြစ်မှုကြောင်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်"
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က ပါတီ ၁၈ ခုနဲ့တွေ့ဆုံစဉ် တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရေစီ ပုံဖော်ရေးကို စောင့်ကြည့်တဲ့နေရာမှာ၊ လူမှုဘဝအဆင့်မြှင့်တင်ရေးတွေ မှာ ပြည်သူတွေ ဘာပြောချင်တယ်ဆိုတာကို မီဒီယာတွေက ကိုယ်စားပြု လာကြောင်း- ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။
"ဘယ်သူနဲ့မှလည်း ရန်ငြိုးမရှိပါဘူး။ ကိုယ့်ဗုဒ္ဓဘာသာ ကိုယ်လုပ်၊ အဖိုးကြီးကလည်း သူ့ မူဆလင်အလုပ်ကို သူ့ဟာသူ လုပ်ဆိုတော့။ အကုန်လုံးလိုက်လျောပေးတယ် ကိုယ်တွေကို။ သားတွေ ရှင်ပြု၊ ပဉ္ဇင်းခံ၊ ပဉ္ဇင်းခံတာတောင်မှ နှစ်ခါရှိသွားပါပြီ"
“နာကျင်ဒဏ်ရာရတာတို့ ဘာတို့တော့ မကြားဘူး။ ဆိုင်တချို့နဲ့ အိမ်တချို့ပေါ့ နည်းနည်းပါးပါး ထိခိုက်သွားတယ်။ အခု လောလောလတ်လတ်ကတော့ ကိုရင်လေးတပါးကို မူဆလင်အမျိုးသမီးတဦးက ဆိုင်ကယ်နဲ့ ဝင်ချိတ်မိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မကျေမနပ် ဖြစ်ကြတာပေါ့လေ”
“အခု နောက်ဆုံးအခြေအနေမှာ ဒဏ်ရာရတာ ၄ ယောက်၊ အခု ဒဏ်ရာရတဲ့သူတွေကို ဆေးဝါးကုသနေပါတယ်။”
“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ နောက်လမှာလည်း ရောင်းဦးမှာပေါ့လေ။"
ဆူပူအကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြသူ တရာကျော်ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်က နေရပ်ဆီ ချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
"လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ပြဿနာကြောင့် အခုဆိုရင် မနေ့က အအေးခန်းစက်ရုံတွေဟာ တချို့ ပိတ်ပြီ။ အလုပ်သမားတွေကို တချို့ နားခိုင်း လိုက်တယ်ပေါ့နော်။ တစ်လခွဲ နှစ်လလောက် မီးအပြည့်အစုံ ပြန်မရမချင်း သူတို့ နားမယ်လို့ ပြောတယ်"
"မီးအားမြှင့်စက်ကနေ မီးလောင်တဲ့ဟာ ဘယ်သူ့မှာ တာဝန်ရှိမလဲဆိုရင် ဒီမှာ စောင့်တဲ့သူမှာ တာဝန်ရှိပါတယ်။ စောင့်တဲ့သူရဲ့ တာဝန်ဖြစ်တဲ့ အတွက် စောင့်တဲ့သူကို ဒီမှာ မီးပျက်လို့ရှိရင် ဘာလုပ်မလဲလို့ မေးတဲ့ အခါကျတော့ မီးစက်အပိုတလုံး ရှေ့မှာထားတယ်"
"ဖြစ်သင့်တာကတော့ ကာလရှည် ချေးပေးမယ်ဆိုရင် အတိုးနှုန်း သက်သာစွာနဲ့ ချေးပေး မယ်ဆိုရင် ကျမတို့ လယ်သမားတွေအတွက် အသက်ရှု အများကြီး ချောင်နိုင်ပါတယ်"
ဧပြီလဆန်းမှာ သမ္မတဦးသိန်းစိန်က တရုတ်ပြည်ခရီးစဉ်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်ကို လလယ်ပိုင်းမှာ သွားပါလိမ့်မယ်။
ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှု ထိပါးတဲ့လုပ်ရပ်မှန်သမျ မြို့ပြ အင်အားသုံး တားဆီးနှိမ်နှင်းသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ။
နောက်ထပ်ကြည့်ရှုရန်