သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း ရှောင်သူတို့ မူလနေရာပြန်


ဆိုင်ကလုန်း မဟာစင်အန္တရာယ်ကို ရှောင်သည့် ဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေ နေရပ်ပြန်နိုင်အောင် စစ်တပ်က ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးစဉ်။ (မေ၊ ၁၇၊ ၂၀၁၃။)
ဆိုင်ကလုန်း မဟာစင်အန္တရာယ်ကို ရှောင်သည့် ဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေ နေရပ်ပြန်နိုင်အောင် စစ်တပ်က ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးစဉ်။ (မေ၊ ၁၇၊ ၂၀၁၃။)
ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ မနေ့က မြန်မာနိုင်ငံထဲကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမဟာစင် မြန်မာပြည်ထဲကို ရောက်မလာခင် ဘေး လွတ်ရာ ရွှေ့ပြောင်းပေးခဲ့တဲ့ ဒုက္ခသည်တွေကို အခု နေရပ် ပြန်ပို့နေပြီ ဖြစ် ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဟာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်လာရင် လူ ၆ သန်းလောက် ဘေးအန္တရာယ်ရှိနိုင်တဲ့အတွက် ဒေသခံအချို့ဟာ မုန်တိုင်း နဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရာကနေ ဒီကနေ့မှာ သူတို့ နေရပ်တွေ ပြန် လာကြပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူ ဦးဝင်းမြိုင်က ပြော ပါတယ်။

“ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာ နေတဲ့ ဒုက္ခသည်တွေကတော့ သူတို့နေရာသူတို့ ပြန်ကြမှာပေါ့။ အဲဒီလို ပြန်တဲ့အခါလည်း ပို့တုန်းကလိုပဲ တပ်မတော်သားတွေက သူတို့ကားတွေနဲ့ပဲ ပြန်လိုက်ပို့ပါမယ်။ စခန်းမှာ ရှိတဲ့ သူတွေကတော့ တချို့လည်း ကျနော်တို့က ဆောက်ပြီးတဲ့ တဲတန်းလျား ပေါ် တစ်ခါတည်း တင်တာလည်း ရှိပါတယ်။ တချို့တွေကလည်း ရွာတွေ ကနေ ရွှေ့ပေးတာရှိတယ်။ ဒုက္ခသည်စခန်းတွေကနေ ရွှေ့တာရှိတယ်။ ရွာကရွှေ့တဲ့အဖွဲ့တွေကတော့ သူ့ရွာတွေသူ ပြန်ကြတာပေါ့။ ကျနော်တို့ ဌာနဆိုင်ရာ အဖွဲ့တွေကပဲ အကုန်ပြန်ရွှေ့ပေးပါတယ် ခင်ဗျ။ ဒုက္ခသည် စခန်းတွေကလည်း ရွှေ့နေပြီ။ သူတို့ကိုလည်း တပ်က အဖွဲ့တွေက ရွှေ့ပေး တယ်။ နောက် ပြီးတဲ့ တဲတန်းလျားကြီးပေါ်မှာလည်း ဆန့်သလောက်တော့ ပြန် တင်ထားပေးပြီးပါပြီ။”

နေရပ်ပြန်လာပြီဖြစ်တဲ့ မုန်တိုင်းရှောင် ဒေသခံတွေဟာ မုန်တိုင်း အန္တရာယ် မရှိတော့တဲ့အတွက် ဝမ်းသာပျော်ရွှင်ပြီးတော့ ဒီကနေ့မှာပဲ သူတို့ရဲ့ မူလ နေ ထိုင်ခဲ့တဲ့ အိမ်ယာတွေကို ပြန်လည်ရောက်ရှိပြီလို့လည်း ဘူးသီးတောင်ဒေသခံ ဦးသန်းလှိုင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေကလည်း သူတို့ရဲ့နေရပ်တွေက ပြန်လည်ရွှေ့ပြောင်းခဲ့ကြပေမဲ့လည်း မကြာခင်မှာ မိုးကျတော့မှာဖြစ်လို့ သူတို့ ရဲ့ ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိဘူးလို့လည်း ဒုက္ခသည် စခန်းနေထိုင်သူတွေက ပြောပါတယ်။

“တဲထဲပဲ နေရတာ။ ကိုယ့်တဲထဲကိုယ်ပဲ နေရတာ။ တော်တော်တော့ နေရေး ထိုင်ရေး အခက်အခဲ ရှိနေတယ်။ စားဖို့သောက်ဖို့လည်း အခက်အခဲ ရှိတယ်။ မိုးရွာရင်လည်း မိုးစိုခံရတယ်၊ နေပူရင်လည်း နေပူပဲခံနေရတယ်။ အဲလိုပဲ နေ ရတာ။”

မိုးကျလာတော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေရဲ့ လုံခြုံရေး အတွက် ကိုလည်း ရခိုင်ပြည်နယ် အစိုးရက အလေးထား ဆောင်ရွက်နေပြီးတော့ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို အမြန်ဆုံး ခိုင်ခန့်အောင် ပြုပြင်ရေးတွေကို လည်း ဆောင်ရွက်နေပြီလို့ ဦးဝင်းမြိုင်က ပြောပါတယ်။

“ကျနော်တို့က မုန်တိုင်းရှိတယ်ဆိုလို့ ဆောက်လက်စတွေ နားထားခဲ့တာပါ။ ဒီနေ့ကစပြီး ပြန်ပြီး ဆောက်နေပါပြီ။ မိုးမကျခင် အကုန်လုံးကို တဲတန်းလျားပေါ် တင်ပေးမှာပါ။ ရိက္ခာကတော့ အပြည့်အစုံ ပေးထားပါတယ် ခင်ဗျာ။ မုန်တိုင်းခိုဖို့ လာတဲ့သူကိုလည်း ပေးပါတယ်။ ဒုက္ခသည်စခန်းကိုလည်း ပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျန်းမာရေးအဖွဲ့ သုံးဖွဲ့ လှည့် ပြီးတော့ စောင့်ရှောက်နေပါတယ်။”

မြန်မာ အစိုးရ အပါအဝင် ကုလသမဂ္ဂကပါ မဟာစင် မုန်တိုင်းကျရောက်လာရင် လူပေါင်းများစွာ အသက်အန္တရာယ် မရှိအောင်ဆိုတဲ့ အစီအမံတွေနဲ့ ဘေး လွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပြီးတော့ နှစ်ပေါင်း ၄၀ အတွင်း မှာ မြန်မာအစိုးရအနေနဲ့ မုန်တိုင်းအန္တရာယ် ကာကွယ်ပေးရေး အစီအမံတွေ ပြု လုပ်ပေးတဲ့အပေါ်မှာ မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိ အမှတ်ပြုမှုတွေလည်း ရရှိခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG