ဆန္ဒပြပွဲတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေမှုကြောင့် လက်နက်မဲ့ ပြည်သူတွေ နေ့စဉ် သေဆုံးနေတာကို အမြန်ဆုံး အကာအကွယ်ပေးရေး ကုလအနေနဲ့ ဘယ်နည်းလမ်းနဲ့ မဆို အသုံးပြုဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုင်လိုင်းတွေ လုံခြုံရေး တိုးမြှင့်ဖို့ပြီးခဲ့တဲလကုန်ပိုင်းမှာပဲ မြန်မာစစ်အာဏာပိုင်တွေကို ပြောဆိုလိုက်ကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ တွေ့ရပါတယ်
အင်တာနက်အသုံးပြုမှု အဝင်အထွက်စောင့်ကြည့်မှုတွေပါတဲ့ တရုတ်နိုင်ငံရဲ့ နည်းလမ်းကို ကမ္ဘောဒီယားနိင်ငံက ဒီအပတ်ထဲ စတင်အသုံးပြုနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လျက်ရှိတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။
Covid-19 ရောဂါကူးစက်မှုတွေ လျော့နည်းအောင် ကြိုးပမ်းနေရတဲ့ တူရကီနိုင်ငံ Istanbul မြို့တော်ကြီးရဲ့ ညကောင်းကင်ကို မီးဆိုင်းပညာရှင် အယောက် ၅၀ ကနေ အလင်းရောင်နဲ့ ဖျော်ဖြေပွဲတွေ ကျင်းပနေပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Dorian Jones က သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူတွေရဲ့ နေထိုင်မှု ပုံစံတွေလိုက်ပါ ပြောင်းလဲလာရတာမှာ အင်ဒိုနီးရှားနိုင်ငံမှာတော့ ရုပ်ရှင်ကြိုက်သူတွေ အတွက် အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေ ကြည့်ရှုနိုင်မယ့် နေရာတွေ စီစဉ်လာကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်မြတ်သူက ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ ဘယ်ပါတီက လွှမ်းမိုးမလဲဆိုတာ အဖြေပေးမယ့် ဂျော်ဂျီယာပြည်နယ်က ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးမယ့်သူတွေ၊ မဲမပေးမယ့် မြန်မာ တိုင်းရင်းသား နွယ်ဖွားတွေလည်းရှိနေကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် တိုကျိုမြို့ကစားသောက်ဆိုင်ပိုင်ရှင်တွေဟာ သူတို့ရဲ့မီးဖိုချောင်သုံးပစ္စည်းတွေကို ရသမျှဈေးနဲ့ပဲ ပြန်လည် ရောင်းချနေကြပါတယ်။ တခြားတဖတ်မှာလည်း ဒီမီးဖိုချောင်သုံးပစ္စည်းတွေ ပြန်လည်ဝယ်ယူပြီး ပြုပြင်သန့်စင်တဲ့လုပ်ငန်းတွေ အလုပ်ဖြစ်လာနေတဲ့အကြောင်း ကိုအောင်မြတ်သူ ပြောပြပါလိမ့်မယ်။
ကိုရိုနာ ဗိုင်းရပ်စ် မျိုးဗီဇ ပြောင်းလဲမှုမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက်လာတဲ့သဘောတွေ့ရကြောင်း ဗြိတိန်နိုင်ငံ ရောက် မြန်မာသမားတော်တဦးက ဗွီအိုအေကိုပြောပါတယ်။
Covid-19 ကြောင့်ကမ္ဘာတဝှမ်း ခရစ်စမတ်ပွဲတော်တွေခါတိုင်းနှစ်တွေလို စည်စည်ကားကား ကျင်းပနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့်ကမ္ဘာတဝှမ်းက ခရစ်စမတ်ဘိုးဘိုးကြီးတွေ Estonia နိုင်ငံမှာ တွေ့ဆုံပြီး ခရစ္စမတ်ကာလကလေးငယ်တွေကို တွေ့ဆုံနိုင်အောင် စီစဉ်ခဲ့ကြပါတယ်။ ကိုအောင်မြတ်သူ တင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးဝန်ထမ်းတွေကို Covid-19 ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေးနေတဲ့ အထဲမှာ မြန်မာနွယ်ဖွားဆရာဝန်တွေလည်း ပါဝင်ပါတယ်။ ကိုယ်တိုင်အထိုးခံခဲ့တဲ့ အထွေထွေအထူးကုဆရာဝန် ဒေါက်တာစိုးပိုင်ကို ကာကွယ်ဆေးထိုးသင့်မထိုးသင့်နဲ့ပက်သက်လို့ ကိုအာင်မြတ်သူက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
COVID -19 ကပ်ရောဂါဆိုးက ကမ္ဘာ့ အဆင်းရဲဆုံး ၄၇ နိုင်ငံရဲ့ စီးပွားရေးကို နှစ်ပေါင်း (၃၀) အတွင်း အနိမ့်ဆုံးအနေအထားထိ ဆိုးဆိုးရွားရွား ရိုက်ခတ်သွားစေတယ်လို့ ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ UNCTAD ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း ဝန်ခံပြီး ဂျိုးဘိုင်ဒန်ကို အသိအမှတ်ပြု တာဝန်လွဲှပြောင်းဖို့ သမ္မတ Trump ငြင်းဆန်နေမှုဟာCOVID-19 ကပ်ရောဂါဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းတွေမှာ အဟန့်အတားဖြစ်နေကြောင်း အမေရိကန် ထိပ်တန်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ပြီးခဲ့တဲ့ စနေနေ့ကပြောဆိုခဲ့တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် အနေနဲ့ သူ သမ္မတတာဝန်ထမ်းဆောင်တဲ့အခါမှာ ကြုံတွေ့ရမဲ့ စိန်ခေါ်မှုမှုတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ ဘရိုင်ယန်ပက်တန် က အခုလိုရေးသားထားပါတယ်။ ကိုအောင်မြတ်သူတင်ပြထားပါတယ်။
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ဒီမိုကရက် ဒုသမ္မတဟောင်း Joe Biden က ပြီးခဲ့တဲ့ စနေနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် သူထမ်းဆောင်မယ့် သမ္မတ သက်တမ်းကာလ ရင်ဆိုင်ရဖို့ ရှိနေတဲ့ သမိုင်းဝင် စိန်ခေါ်မှုတွေရှိပါတယ်။