မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုအောင်ဝင်းမော်ဟာ ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရရေး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်အားပေးနေသူပါ။ သူ့ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် တွေ့ဆုံမေးမြန်းထားပါတယ်။
ရက်မစေ့ဘဲ မွေးတဲ့ ကလေးတွေနဲ့ နာမကျန်းတဲ့ မွေးကင်းစကလေးတွေကို ချီပြီး ချော့သိပ်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရှိနေပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Long Beach မြို့က ဆေးရုံကို သွားရောက်ခဲ့တဲ့ Angelina Bagdasaryan ရဲ့ သတင်းကို မအိသန့်စင်က ပြောပြပါမယ်။
မြေကမ္ဘာပေါ်က သစ်ပင်နဲ့ သတ္တဝါမျိုးစိတ် ၁သန်းကျော် မျိုးတုန်းလုနီးပါး အခြေအနေရောက်နေကြောင်း ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က ဘုန်းကြီးကျောင်း တကျောင်းမှာတော့ နှိပ်စက်ခံရ၊ အကြောင်းအမျိုးမျိုးနဲ့ စွန့်ပစ်ခံထားရတဲ့ ကြက်တူရွေးတွေကို စောင့်ရှောက်ပေးနေပါတယ်။ Garuda ဂေဟာမှာ စွန့်ပစ်ခံငှက်တွေကို စောင့်ရှောက်ပေးနေတဲ့ အကြောင်း Maxim Moskalkov ရဲ့သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးရမယ့် ဥပဒေမူူကြမ်းကို ကန့်ကွက်ဆန္ဒပြတာတွေကနေ နိုင်ငံရေးအကျပ်အတည်းတွေရှိလာတဲ့တချိန်တည်းမှာ ဟောင်ကောင်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မှုတွေလည်း တိုးပွားလာနေပါတယ်။ VOA သတင်းထောက် Bill Gallo ရဲ့သတင်းလွှာကို မအိသန့်စင်ပြောပြထားပါတယ်။
အီဂျစ်၊ ဆူဒန်နဲ့ အယ်လ်ဂျီးရီးယားလို နိုင်ငံတွေက အစိုးရဆန္ဒပြပွဲတွေမှာ အမျိုးသမီးအများအပြား တက်ကြွလှုပ်ရှားစွာပါဝင်နေပေမယ့် အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်းရဲ့ အမြင်မှာတော့ အမျိုးသမီးတွေ ထုတ်ဖော်ဆန္ဒပြတာဟာ မသင့်တော်တဲ့အရာလို့ ယူဆကြပါတယ်။ Salem Solomon ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထပ်မံလိုအပ်တဲ့အချက်အလက်တွေနဲ့ ထွက်ဆိုချက်တွေ ပေးဖို့ Trump အစိုးရအဖွဲ့ ငြင်းဆိုထားတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံဥပဒေကို ချိုးဖေါက်တာဖြစ်တယ်လ
မကြာသေးခင်က အမေရိကန်ပြည်နယ်တချို့မှာ ကိုယ်ဝန်ဖျက်ချခွင့်ပိတ်ပင်တဲ့ ဥပဒေကြမ်းအသစ်တွေကို ချမှတ်လိုက်တာကြောင့် ဒီအပေါ်မှာ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ Jim Malone ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
“အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ထိပ်တိုက်ရင်ဆိုင်မှုက ပိုပြီး ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီး အမေရိကန်ပြည်ထောင်စုဟာ Constitutional Crisis လို့ ခေါ်တဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကျပ်အတည်းထဲရောက်နေပြီဖြစ်ကြောင်း အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အပြည်ပြည်ဆိုင်ရာသံရုံးတွေကို အများပြည်သူတွေ လည်ပတ်နိုင်တဲ့ Passport DC Around the World Embassy Tour အစီအစဉ်မှာ မြန်မာသံရုံးကလည်း ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပါတယ်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ VOA သံတမန်ရေးရာသတင်းထောက် Cindy Saine နိုင်ငံခြားရေးရုံးက သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပေးပါမယ်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်က ရွာလေးတခုမှာ အမေရိကန်ကျောင်းသားတစုရဲ့ အကူအညီနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဈေးနှုန်းချိုချို ဝယ်နိုင်အောင် ထုတ်ပေးတဲ့ စက်အကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ Period. End of Sentence ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ဟာ Oscar ရုပ်ရှင်ထူးချွန်ဆု ရရှိထားပါတယ်။
သန်းနဲ့ချီတဲ့ ဝီဂါ မူဆလင်တွေကို ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံဟာ ဘာသာတရားသက်ဝင်ယုံကြည်မှု ကွဲပြားသူတွေအပေါ် ဖိနှိပ်နေတယ်လို့ အမေရိကန်က ရှုတ်ချပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားဌာနဆိုင်ရာ VOA သတင်းထောက် Cindy Saine ပေးပို့တဲ့ သတင်းဆောင်းပါးကို မအိသန့်စင်က ပြောပြပေးပါမယ်။
၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း Donald Trump ရဲ့စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု ရှိ၊မရှိ ဆိုတာနဲ့ သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေအပေါ်စုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့က အောက်လွှတ်တော် အတိုက်အခံ ဒီမိုကရက်တွေက စတင်လိုက်ပါတယ်။ Patsy Widakuswara ရဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြပါမယ်။
ရေနံသယံဇာတကြွယ်ဝတဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးချွတ်ခြုံကျလုနီးပါးဖြစ်နေတာကြောင့် အတိုက်အခံဘက်က သမ္မတ Nicolas Maduro ပြုတ်ကျအောင်လုပ်နိုင်မယ်ဆိုရင်သမ္မတဟောင်း Hugo Chavez ချမှတ်ခဲ့တဲ့ ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်းပစ်ဖို့လွယ်ကူနိုင်ခြေရှိပါတယ်။Brian Padden ရဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
ဗင်နီဇွဲလား အတိုက်အခံတွေကိုတရားဝင်ထောက်ခံဖို့ ဥရောပသမဂ္ဂEU အပေါ်ဖိအားတွေ တိုးလာနေပါတယ်။EU အမတ် ၃ ဦးကိုသူ့အတိုက်အခံတွေနဲ့ ပူးပေါင်းကြံစည်တယ်ဆိုပြီးဗင်နီဇွဲလားအစိုးရက ပြည်ဝင်ခွင့်မပေးခဲ့တဲ့နောက်သမ္မတ Maduro အပေါ်EU ကဖိအားပေးဖို့ တိုက်တွန်းလာနေကြတာပါ။Henry Ridgwell ရဲ့သတင်းလွှာကို မအိသန့်စင်ကတင်ပြထားပါတယ်။
Texas ပြည်နယ် Lufkin မြို့မှာ ပေသုံးဆယ်လောက် သစ်ပင်အမြင့်ကနေ ပြန်မဆင်းတတ်ဘဲဖြစ်နေတဲ့ ကြောင်လေးတကောင်ကို ရဲအရာရှိနှစ်ယောက် ကယ်တင်ခဲ့ပါတယ်။ ရဲအရာရှိတယောက်ရဲ့ ကိုယ်မှာတတ်ထားတဲ့ ဗွီဒီယိုကင်မရာက မှတ်တမ်းတင်ထားတာပါ။ #voasocial #voaburmese
တရုတ်နိုင်ငံက မြို့တွေမှာ နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ မီးပုံးရောင်စုံတွေ ထွန်းထားကြပါပြီ။ ၂၂ နှစ်အတွင်း အခမ်းအနားဆုံး မီးထွန်းပွဲကျင်းပနိုင်တဲ့ မြို့က Jiayuguan မြို့ပါ။ တရုတ်ပြည်အနောက်တောင်ပိုင်း Sichuan ပြည်နယ်က ဒီဇိုင်နာပညာရှင်တွေရဲ့ အကူအညီနဲ့ ယွမ် ၄ သန်းလောက် အကုန်ကျခံထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး Pride ပွဲတော်ကို LGBT လိင်တူလိင်ကွဲချစ်ခင်စုံမက်သူတွေနဲ့ LGBT အသိုင်းအဝိုင်းက သူတွေရဲ့ အခွင့်အရေးကို ထောက်ခံသူ ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ AFP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်