Bernie Sanders ကိုထောက်ခံသူ မြန်မာပြည်ဖွား တဦး
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုအောင်ဝင်းမော်ဟာ ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရရေး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်အားပေးနေသူပါ။ သူ့ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် တွေ့ဆုံမေးမြန်းထားပါတယ်။