၂၀၁၈ ခုနှစ်ဟာ အမေရိကန်ပြည်ထောင်စုအတွက်တော့ အမျိုးသမီးတို့ရဲ့ နှစ်လို့ ဆိုရလောက်အောင် လွှတ်တော်မှာ စံချိန်တင်အောင် အမျိုးသမီးအမတ်တွေ ရွေးချယ်ခံခဲ့ရပါတယ်။ အမေရိကန်အမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားစရာတွေရှိခဲ့တဲ့ ၂၀၁၈ နိုင်ငံရေးလောကအကြောင်း Jesusemen Oni ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပါမယ်။
၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ ပွဲတော်တွေ၊ အောင်မြင်မှုတွေ၊ တီထွင်မှုတွေ နဲ့ ဂင်းနစ် ကမ္ဘာ့စံချိန် သစ်တွေ အကြောင်း မအိသန့်စင် နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်သူပုန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ မျှော်လင့်ချက်သစ်တွေ ထွက်ပေါ်နေပြီး အောင်မြင်ရင်တော့ အာဖဂန်ကမတည်ငြိမ်မှုတွေ အဆုံးသတ်နိုင်ခြေ ရှိပါတယ်။ ၂၀၁၈ ခုနှစ်တွင်း အာဖဂန်က အခြေအနေတွေနဲ့ပတ်သက်လို့ Ayesha Tanzeem သတင်းပေးပို့ထားတာကို မအိသန့်စင် တင်ပြထားပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်းနဲ့ရိုက်တာသတင်းသမား ၂ ယောက်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန်အောက်လွှတ်တော်က ကြာသပတေးနေ့တုန်းက ဆုံးဖြတ်လိုက်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့သူက အရီဇိုးနားပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သမ္မတ Trump က အတည်ပြုလိုက်ပါတယ်။ အလားတူပဲ William Barr ကို နိုင်ငံတော်ရှေ့နေချုပ် ခန့်အပ်ဖို့ ရွေးချယ်လိုက်ပါတယ်။Jeff Custer သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြပေးပါမယ်။
နယူးယောက်မြို့ Manhattan ရပ်ကွက်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ လွတ်လပ်ရေးသင်္ကေတ လစ်ဘာတီကျောက်ရုပ်ထုကြီးရှိရာ ကျွန်းမှာ စတုရန်းပေ ၂ သောင်း ၆ထောင်ရှိတဲ့ ပြတိုက်သစ်ကို တည်ဆောက်နေပြီး ၂၀၁၉ မှာ ဖွင့်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ VOA သတင်းထောက် Ramon Taylor ရဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာတရွာမှာ ထူးထူးခြားခြား အမည်ပေးတဲ့ ဓလေ့တခုရှိပါတယ်။ နာမည်တွေကို ငှက်တွေတေးဆိုသလို အမည်ပေးလေ့ရှိတဲ့ ဒီကျေးရွာတရွာအကြောင်း AFP သတင်းဆောင်းပါးကို မအိသန့်စင်က တင်ပြထားပါတယ်။
ရုရှားရဲ့ တစိတ်တပိုင်းဖြစ်တဲ့ တောင်ထူထပ်တဲ့ Caucasus မြောက်ပိုင်း၊ Dagestan ဒေသခံတွေက ကြိုးတန်းလမ်းလျှောက်ကျွမ်းကျင်ကြပါတယ်။ နှစ်နဲ့ချီတရွာနဲ့ တရွာကြား လမ်း မပေါက်ခဲ့ချိန် ကြိုးတန်းလျှောက်သွားခဲ့ရာက ကျွမ်းကျင်လာကြတာပါ။ Dagestan ကြိုးတန်းလမ်းလျှောက်သူတွေက ကမ္ဘာတဝှမ်းဆပ်ကပ်ပွဲတွေမှာ နာမည်ကျော်ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိန္ဒိယကျောင်းသူကျောင်းသားလေးတွေက ဂန္ဒီ လို ဝတ်ဆင်ပြီး ယောဂ ကျင့်ခဲ့ကြပါတယ်။ ဂန္ဒီ ဟာ ၁၈၆၉ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၁၉ ၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လုပ်ကြံခံခဲ့ရပါတယ်။
အာဂျင်တီးနားနိုင်ငံက ကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးကြီးကို ပင်လယ်ထဲ ပြန်လွှတ်နိုင်ဖို့ လူ ၃၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ကြိုးပမ်းခဲ့ပါတယ်။ ဒီရေနဲ့ အထိုက်အလျှောက် ထိန်းပြီး ၃၃ ပေလောက်ရှည်တဲ့ ဝေလငါးကြီးကို ဝန်ချီစက်နဲ့ မ ပြီးတဲ့နောက် သင်္ဘောတွေနဲ့လမ်းပြပြီး ပင်လယ်ထဲကို ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။
Micronesiaကျွန်းစုတွေထဲက Chuuk Lagoonရေပြင်ထဲကို ထိုးဆင်းသွားခဲ့တဲ့ Air Nuigini လေကြောင်းလိုင်းလေယာဉ်ပေါ်မှာလိုက်ပါလာသူတွေကို ရေတပ်သင်္ဘောသားတွေက ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လေယာဉ်ဆင်းချိန် ပြေးလမ်းကို သေချာမမြင်ရတဲ့အတွက် ရေပြင်ထဲကိုထိုးဆင်းသွားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းကို ၆ မီတာလောက်ထိ မြင့်တဲ့ ဆူနာမီရေလှိုင်း ရိုက်ခတ်သွားပါတယ်။ ၇.၅ မက်ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီးနောက် ဆူလာဝေဆီပြည်နယ်အလယ်ပိုင်း Palu နဲ့ Donggala မြို့တွေကို ဆူနာမီ ဝင်ခဲ့ပါတယ်။ အနည်းဆုံး ၈၄၄ ယောက် သေဆုံးပြီး ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ Huntington Beachမြို့ မှာ ၁၀ နှစ်မြောက်အဖြစ် ခွေးတွေရဲ့ ရေလှိုင်းစီး ပြိုင်ပွဲကို ကျင်းပပါတယ်။ ကမ္ဘာတဝှမ်းက ရေလှိုင်းစီးတတ်တဲ့ ခွေးတွေ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ ခွေးတွေရဲ့ ရေလှိုင်းစီးပြိုင်ပွဲ ကျင်းပလာခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း ခွေးပေါင်း အကောင် ၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
#voaburmese #voasocial
အသက်၂၄ နှစ်အရွယ်ပိုလန်နိုင်ငံသား Dawid Godziek က သူ့ရဲ့ တောင်တက်စက်ဘီးနဲ့ လေထဲမှာ လေးပတ်လှည့် စတန့်ထွင်စီးပြပြီး စံချိန်သစ်ချိုးလိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ၂၀၁၈ Audi Nines MTB ပြိုင်ပွဲမှာ အဲဒီလိုစီးပြနိုင်ဖို့အတွက် ၅ ကြိမ် ကြိုးစားခဲ့ရပြီးတဲ့နောက် အောင်မြင်သွားတာပါ။#voaburmese #voasocial
နတ်သုဒ္ဓါလို့တောင် တင်စားခေါ်ကြတဲ့ ဝိုင်ကို ထုတ်လုပ်ဖို့ Cyprus နိုင်ငံက စပျစ်ခြံတွေမှာ ရွှေရောင်၊ ကြက်သွေးရောင်သန်းတဲ့ စပျစ်သီးတွေနဲ့ ဝေဆာနေပါပြီ။ အချိုတည်းရတဲ့ ဝိုင် Commandaria ကို ထုတ်ခွင့်ပေးထားတဲ့ ရွာက ၁၄ ရွာပဲ ရှိပြီး နှစ်တိုင်းစက်တင်ဘာလမှာ နတ်သုဒ္ဓါဝိုင်ကို ထုတ်ပါတယ်။ #voaburmese #voasocial
ကော်လိုရားဒိုးပြည်နယ်၊ Aurora မြို့မှာ ဓားပြတိုက်ဖို့ ကြိုးစားတဲ့သူက မတော်တဆ သေနတ်လွတ်ကျသွားလို့ ဓားပြမတိုက်လိုက်ရဘဲ ထွက်ပြေးသွားရပါတယ်။ လျှပ်စစ် စီးကရက် E-Cig ရောင်းတဲ့ဆိုင်ကို စက်တင်ဘာလ ၂ ရက်နေ့ုတုန်းက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ဖို့ ကြိုးစားတာကို CCTV ကင်မရာတခုကနေ ရိုက်ကူးထားပြီး ဒီ ဓားပြတိုက်သူကို ရှာဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေကြပါတယ်။
အိုင်ယာလန်ကသြဇာကြီးတဲ့ကက်သလစ်ဘုရားကျောင်းတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက်ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကတောင်းပန်စကားဆိုခဲ့ပေမယ့်ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဝေဖန်နေကြပြီးပုပ်ရဟန်းမင်းကြီးကိုပါ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။Zlatica Hoke ပေးပို့တဲ့သတင်းကို မအိသန့်စင်ကပြောပြထားပါတယ်။
နယူးယောက်မြို့က အသက် ၉၅နှစ်အရွယ် ဖိုးဖိုးကြီးက ရေခဲပြင်စကိတ်စီးပြပါတယ်။ ယူကရိန်းခွဲထွက် ခရိုင်းမီးယားနယ်မှာတော့ ပေ ၉၀နီးပါး အမြင့် ကျောက်ကမ်းပါးပေါ်ကနေ ဒိုင်ဗင်ထိုးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်