Covid-19 ကြောင့် တက္ကသိုလ်စာမေးပွဲတွေ ရွှေ့ဆိုင်းဖို့ ကျောင်းသားသမဂ္ဂတွေ တောင်းဆိုခဲ့ကြပေမဲ့ ဒီနေ့စတဲ့ ရန်ကုန်တက္ကသိုလ်တွေက စာမေးပွဲတွေမှာတော့ လာရောက်ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားနေတာကြောင့် နေရပ်ပြန်နိုင်ဖို့အတွက် သံရုံးကို ဆက်သွယ်အကြောင်းကြားလာသူဦးရေ ၁,၆၀၀ ဝန်းကျင်လောက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုပ်ရှင်ရုံတွေနဲ့ မူကြိုကျောင်းတွေကို မတ်လ ၁၆ ရက်နေ့ကနေ ယာယီပတ်သိမ်း ထားဖို့ မြန်မာနိုင်ငံ စားသုံးသူများကာကွယ်ရေးအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကနေ ဒီနေ့ ညနေမှာပဲ ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။
ဗုဒ္ဓဂယာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်ကို မတ်လ ၂၂ ရက်နေ့မှာ အားလုံး ပြန်ခေါ်မှာဖြစ်တယ်လို့ ဗုဒ္ဓဂယာ ဘုရားဖူးကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်က ဗွီအိုအေကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ကုန်စည်ပို့ဆောင်နေတဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာပါ။ ဒီလိုဖွင့်ပေးခဲ့ပြီး သီတင်းနှစ်ပတ်ကျော် အကြာမှာပဲ ယွမ်ဈေးထိုးကျတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။
တရုတ်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံထဲကနေ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ဝန်းကျင်လောက် မြန်မာသံရုံးကို ဆက်သွယ်ခဲ့ကြပြီး အဲဒီထဲက အချို့ကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ မြန်မာသံရုံးက ပြောပါတယ်။
ဗစ်တိုးရီးယား အမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့ မှုခင်းရဲတပ်ဖွဲ့ အရာရှိ ၃ ဦးကို လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ဖို့ သမ္မတရဲ့ ခွင့်ပြုချက် ရပြီမို့ အခု မတ်လ ပထမပတ် အတွင်းမှာပဲ တရားစွဲဆိုမှုကို စတင်တော့မယ်လို့ ကလေးငယ်ဘက်က လိုက်ပါ ဆောင်ရွက်နေ သူတဲ့ ရှေ့နေတွေက ပြောပါတယ်။