စစ်ကောင်စီနဲ့ ဒေသခံ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေမှု ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ပြီး လူဦးရေ စာရင်းပြုစုတာတွေကို စတင်လုပ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို NUGနဲ့ တိုင်းရင်းသားအင်အားစုတွေလက်မခံသလို မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာကလည်း တညီတညာတည်းရပ်တည်လာတာပါ။ NUG ကို တရားဝင်အစိုးရအဖြစ် ကမ္ဘာကအသိမှတ်ပြုဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ တသားတည်း ဖြစ်ကြောင်းပြဖို့လိုပါတယ်။ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကတည်းက တရုတ်ဘက်က ပိတ်ထားတဲ့ မူဆယ်နယ်စပ်ဂိတ်အားလုံးကို ပြန်ဖွင့်ပေးတော့မှာဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ပြည်ပရေးရာရုံးက မြန်မာပြည်ဘက်ကို အကြောင်းကြားကြောင်း မူဆယ်ကုန်သည်အသင်း တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နိုင်ဖို့ ကုလအပါအဝင် အမေရိကန် နဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိနေချိန်မှာ ဒီလို ထောက်ပံ့ကူညီမှုတွေကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဘယ်လို အမိအရ အသုံးချနိုင်မလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာ့အရေးဖော်ပြချက်တွေပါတဲ့ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်၊ မြန်မာစစ်ကောင်စီကလည်း လာမယ့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေချိန်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွေအားလုံး အပြီးသတ်စစ်ဆေးအမိန့်ချချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ရောက်ရှိ..
တချိန်တည်းမှာပဲ အမှုတွေပြီးပြတ်သွားချိန်မှာ သူကို နေအိမ်အကျယ်ချုပ်ပြောင်းရွေ့ထားမယ်ဆိုပြီး သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုတွေအမိန့်ချပြီးရင် သူကို ဘယ်မှာထားမလဲ မသိဘူးလို့သာ တုန့်ပြန်ထားပါတယ်။
“ဘာမျှော်လင့်ထားလဲဆိုတာကတော့ အားလည်းမတင်းနိုင်တော့ဘူး။ ကျနော်တို့ဘက်ကလည်း တမ်းတနေပြီး အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအစ တော်တော်လေး ခက်ခဲလာတယ်။” (ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ခံတဦး)
ဒီနေ့မနက် အိုးဘိုထောင်မှာ ရှေ့နေဒေါ်ရွက်နုအောင်ကို ထောင်ဒဏ် ၁၅ နှစ်၊ HIV/AIDS ဝေဒနာရှင်တွေကိုကူညီပေးနေတဲ့ NAC ဂေဟာတာဝန်ခံ ကိုရာဇာကို ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၆ ဦးကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ၁၂ နှစ်စီနဲ့ သူတို့ရဲ့ယာဉ်မောင်းကို ၇ နှစ်အသီးသီးထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်နီးပါးကြာလာတဲ့အထိ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုံခြုံရေးအရ သင်္ကေတသဘောၤ ဆန္ဒပြမှုလေးတွေသာလုပ်နိုင်ပေမယ့် စစ်ကိုင်းတိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ အလျဉ်းသင့်သလို စစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းမှုတို့နဲ့ ကြုံတွေ့ရလို့ ပြည်သူအများစု စီးပွားရေးကျဆင်းပြီး ပြည်ပထွက်ခွာတာတွေ၊ နေရပ်စွန့်ခွာတာတွေအလုံးအရင်းဖြစ်နေပြီး ဒါဟာ မြန်မာနိုင်ငံရဲ့အနာဂတ် အရွေ့တွေ့ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
လူနေမှုကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် UK နိုင်ငံကအပင်စိုက်သူတွေဟာ ဒီနှစ်ခရစ္စမတ်သစ်ပင် ဝယ်ယူသူတွေအဆင်ပြေရေးအတွက် ဈေးနှုန်းလျှော့ချတဲ့ အစီအစဉ်တွေမိတ်ဆက်နေပါတယ်။ခရစ္စမတ်သစ်ပင်ဟာ ပုံမှန်အခြေအနေဖြစ်မှုတရပ်ကိုယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။ အလိမ္မာက က ပြောပြထားပါတယ်။
“ဆေးသွားဝယ်ရတာခက်ခဲတယ်။ လမ်းကြောင်း ရေလမ်းကြောင်းလည်း ခက်ခဲတယ်။ စစ်ရှောင်တွေကြားမှာ တချို့က ဝမ်းလျှောဝမ်းပျက်လည်း ဖြစ်တယ်။ ငှက်ဖျား၊ တုပ်ကွေးလိုမျိုးလည်းဖြစ်တယ်လေ။ အခု နှာစေး ချောင်းဆိုးဖြစ်လည်း အုပ်လိုက်စုလိုက်ဖြစ်တယ်လေ။ တောတောင်မှာနေရတာတော့ ငွေလည်းမရှိ၊ ဆေးဝယ်ရတာလည်း ခက်ခဲနေတယ်ပေါ့။”(ဒေသခံ)
ကရင်နီပြည်နယ်လို့ ခေါ်ကြတဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာစစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားပြီး အခုလက်ရှိတိုက်ပွဲတွေနည်းသွားပေမယ့် စစ်ဘေးရှောင်တွေကတော့ စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီးမရတာ ၁၂ ရက်ကြာပြီမို့ ဒေသခံတွေ အခက်တွေ့နေကြပါတယ်။ လျှပ်စစ်မီးနေရာမှာ အစားထိုးအသုံးပြုရတဲ့ ဓါတ်အားသွင်းတဲ့ပစ္စည်း အသုံးအဆောင်တွေနဲ့ မီးသွေး ဈေးနှုန်းတွေလည်းတက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် အီသီယိုပီးယားစက်မှုဇုန်က ကုမ္ပဏီတွေက ထွက်ခွာသွားလို့ ထောင်ပေါင်းများစွာ အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ voa သတင်းထောက် Henry Wilkins သတင်းပေးပို့ထားတာ အလိမ္မာက ပြောပြပေးထားပါတယ်။
ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထိပ်သီးအစည်းဝေးပွဲမှာပဋိပက္ခတွေဖြစ်နေတဲ့ ယူကရိန်း၊အာဖဂန်နဲ့ ယီမင်နိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေရဲ့လတ်တလောအတွေ့အကြုံတွေကိုယူပြီး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေဘယ်လိုပေးရမလဲဆိုတာအခြေအတင် ဆွေးနွေးကြပါတယ်။အလိမ္မာက ပြောပြထားပါတယ်။
တောင်အာဖရိကဒေသတွင်း အင်ဂျင်နီယာအသင်းတခုဟာ ပထမဆုံးအကြိမ် အာဖရိကတိုက်ရဲ့ အကြီးဆုံး ဆိုလာကားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Johannesburg မြို့ က နေ Cape Town မြို့ထိ အများပြည်သူသုံးလမ်းပေါ်မှာ ပြုလုပ်တာပါ။ Reuters သတင်းဆောင်းပါးကို အလိမ္မာ ပြောပြပေးပါမယ်။
“ဒီယင်းမာပင်ထဲမှာ သူတို့ လေယာဉ်လာရောက် တိုက်ခိုက်ခြင်းမရှိတာ တော်တော်လေးကြာပြီဆိုတော့ အခုက အမှတ်တမဲ့အလစ်အငိုက်တွေ ချောင်းပြီးတော့ လာရောက်တိုက်ခိုက်တယ်လို့ပဲ သုံးသပ်လို့ရတယ်။“ (ဒေသခံသံဃာတပါး)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ဒီနေ့မနက်ပိုင်းက မြန်မာစစ်တပ်နဲ့ဒေသခံ PDF လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ဒေသခံအမျိုးသမီးတဦး ကျည် ထိမှန်သေဆုံးခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြေအောက်ရထားဘူတာရဲ့ လူမသိသူမသိလျှို့ဝှက်နေရာတွေကို သွားရောက်လေ့လာနိုင်မယ့် ခရီးစဉ်သစ်ကို အောက်တိုဘာလဆန်းက စတင်ခဲ့ပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်